• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 24, 2013

Beijing မှာ လေရောင်းပြီ


လေထုညစ်ညမ်းသည့် ဘေဂျင်းတွင်

လသန်ဘူးငယ်များ ရောင်းချ

လေထုညစ်ညမ်းမှု ဆိုးရွားစွာ ကြုံတွေ့နေရသည့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် သန့်ရှင်းသောလေကို အ
ချိုရည်သံဘူးကဲ့သို့ ဘူးလေးများအတွင်း ထည့်သွင်းရောင်းချလျက်ရှိသည်။
တရုတ်နိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင်နှင့် စီပွားရေးစွန့်ဦးလုပ်ကိုင်တတ်သူ သန်းကြွယ်သူဌေး ချန်ဂွမ်
ဘိုင်းက လေသန့်ဘူး ရောင်းချသည့်လုပ်ငန်းကို စတင်လုပ်ကိုင်လိုက်ခြင်းဖြစ်သည်။

ချန်က နိုင်ငံအတွင်း လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းအား တာဝန်ရှိသူများ ပိုမိုအာရုံစိုက်ဖြေ
ရှင်းဆောင်ရွက်လာစေရန် ရည်ရွယ်လျက် လေသန့်ဘူးများရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်ပြလိုက်ခြင်း
လည်း ဖြစ်သည်။

အချိုရည်ဘူးအရွယ် လေသန့်ဘူးတစ်ဘူးကို တရုတ်ငွေ ၅ ယွမ် (ဒေါ်လာ ၈၀ ဆင့်) ဖြင့် ရောင်းချခြင်းဖြစ်
ပြီး အချိုရည်ဘူးကဲ့သို့ပင်ဖွင့်ဖောက်၍ အတွင်းမှလေသန့်ကို ရှူရှိုက်နိုင်မည်ဖြစ်သည်။ ချန်က၎င်း၏လေသန့်
ဘူးများကို ဘေဂျင်းမြို့တွင် မိတ်ဆက်ဝေငှခဲ့သည်။

“မြို့တော်ဝန်တွေ၊ နိုင်ငံအကြီးအကဲတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ပိုင်ရှင်တွေကို ကျွန်တော်ပြောချင်တယ်။
ဝင်ငွေတိုးဖို့အတွက်ချည်း လုပ်မနေကြပါနဲ့။
ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်ကိုထိခိုက်ခံပြီး၊ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို
စတေးပြီးတော့ အမြတ်အစွန်းကြီးကြီးရဖို့၊ ဝင်ငွေတိုးဖို့အတွက်သာ မလုပ်ကြပါနဲ့”
ဟု ချန်က ပြောကြားလိုက်သည်။

ချန်သည် တရုတ်နိုင်ငံတွင် စီးပွားရေးစွန့်ဦး လုပ်ကိုင်တတ်သည့် သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သာမက
ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူအဖြစ်လည်း လူသိများထင်ရှားသည်။

Source: LA Times planet.com.mm

Copy from http://satekuupuyar.blogspot.com/2013/02/blog-post_9350.html