• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 8, 2013

တကယ်မကောင်းပဲ ကောင်းချင်ယောင်ဆာင်နေတာဟာ မကောင်းတာကို ပိုပြီးဆိုးစေပါတယ်

 

မွန်ပြည်နယ် ကော့နုတ်ရွာ စာသင်တိုက်ကြီးမှ ပျောက်ဆုံးခဲ့သော ဆင်စွယ်ပန်းပုများ ဖြစ်သည်

အမှန်တကယ် ကောင်းမွန်ခြင်းမဟုတ်ဘဲ

ကောင်း ချင်ယောင်ဆောင်နေခြင်းသည်

လက်ရှိ ရှိနေသော အပျက်အစီးများကို 

သွယ်ဝိုက်သောနည်းဖြင့် ပိုမိုကြီးထွားစေနိုင်

March 03, 2013

တာဝန်ရှိသူ အချို့အနေဖြင့် မိမိတို့ တာဝန်ယူထားသည့်အပိုင်းတွင် အမှန်တကယ်ကောင်းမွန်ခြင်း မဟုတ်
ဘဲ ကောင်းချင်ယောင်ဆောင်နေခြင်းသည် လက်ရှိ ရှိနေသောအပျက်အစီးများကို သွယ်ဝိုက်သောနည်းဖြင့်
ပင် ပိုမိုကြီးထွားလာစေနိုင်ကြောင်း၊ အမျိုးသားအဏ္ဏဝါဥယျာဉ်အဖြစ်သတ်မှတ်ထားသည့် လန်ပိကျွန်းဒေ
သ,မှတက်ရောက်လာသောဒေသ,ခံတစ်ဦးက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excelတာဝါတွင် မတ် ၃ရက်က ကျင်း
ပ,ခဲ့ကြသော Vanishing Treasure of Myanmar (အမွေ) ဆွေးနွေးပွဲတွင် ပြောကြားသည်။

“လန်ပိကျွန်းမှာဆို ဆလုံလူဦးရေက သိပ်မရှိတော့ဘူး။ သူတို့က ဘဝပေါင်းများစွာ ဖြတ်သန်းလာပြီးမှ သူ
တို့ကို ငဲ့ကြည့်မယ့် လူက မရှိသလောက်ကိုဖြစ်နေတယ်။
အဲဒီတော့ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး က သိပ်ကို ကျပ်တည်း နေပါတယ်။
အဲဒါကို ဘယ်သူတွေက ဘာတွေလုပ်ပေးနိုင်မလဲ သိချင်ပါတယ်”
ဟု ယင်းက ဆိုပါသည်။

လက်ရှိအခြေအနေတွင် အချို့သောဆလုံလူမျိုးများသည် ငါးမိုင်းခွဲသည့် လုပ်ငန်းမျိုးကဲ့သို့ သဘာဝ,ပတ်
ဝန်းကျင်ကိုဖျက်ဆီး၍ စီးပွားရှာမည့်သူများ၏ စည်းရုံးမှုအောက်တွင် ရောက်ရှိနေပြီး ယင်းအခြေအနေကို
တားဆီးနိုင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ငါးမိုင်းခွဲမှုများကြောင့် သန္တာaကျာက်တန်းအများစုသည်လည်း
ပျက်စီးသွားသည့်အခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်း အဆိုပါဒေသ,ခံက ပြောပါသည်။

“အခြေခံတာဝန်ရှိနေတဲ့ မြို့နယ်က တာဝန်ရှိသူတွေက,လည်း သူတို့ဆီပတ်သက်လာမှာကြောက်လို့ သူ
တို့က ပျက်နေတဲ့နေရာ မပြဘူး။ ကောင်းတဲ့ နေရာပဲပြတယ်” 
ဟု ယင်းက ဆိုပါသည်။

ထို့ပြင် အမျိုးသားအဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် လန်ပိကျွန်းအနီးတစ်ဝိုက်ရှိ ဒေသ,များတွင်
တရားမဝင်သစ်ခိုးထုတ်လုပ်မှုများ၊ တောရိုင်းတိရစ္ဆာန်ခိုးထုတ်မှုများနှင့် ငါးမိုင်းခွဲမှုများကဲ့သို့ သဘာဝ,ပတ်
ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် ကိစ္စရပ်အများအပြားပေါ်ပေါက်နေပြီး အဆိုပါအခြေအနေများကို တားဆီး
နိုင်ရန် လိုအပ်ကြောင်း ယင်းက ပြောပါသည်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ တက်ရောက်လာသူ ကိုကျော်ထင် အောင်ကလည်း မိမိတို့ဒေသ,တွင် တရား
မဝင် သစ်ခိုးထုတ်မှုများကြောင့် လောပိတ,ရေအား လျှပ်စစ်စက်ရုံအတွက် ရေသိုလှောင်ရာဌာန ဖြစ်သော
မိုးဗြဲဆည်သည်လည်း တဖြည်းဖြည်းတိမ်ကောလာနေကြောင်း ဆိုပါသည်။

“နှစ် ၁ဝဝ သက်တမ်းရှိတဲ့ ထင်းရှူးပင်တွေဆို အရင်က တောင်ကုန်းအလိုက် ထောင်ချီရှိရာကနေ အခု
ရာဂဏန်းတောင် မရှိတော့ဘူး။
အကျင့်ပျက် ခြစား ဝန်ထမ်းတွေ ကြောင့် ခုတ်ထွင်ရှင်းလင်း ခံလာရပါတယ်။
အဲဒီလိုအပင်တွေ ပြုန်းတီး လာတော့ တောင်ကျရေတွေက ထိုးဆင်းလာပြီး မိုးဗြဲဆည်ထဲမှာ နုန်းတွေ
ဝင်ရောက် လာတယ်။
ရေတိမ်လာတော့ နှစ်စဉ် လောပိတ ရေလိုအပ်ချက်အထိ ရေသိုလှောင်နိုင်စွမ်း မရှိတော့ပါဘူး။
သစ်တောပြုန်းတီးမှုကနေ မြန်မာ့ လျှပ်စစ်အထိထိခိုက်လာတယ်”
ဟု ယင်းက ပြောပါသည်။

ဆက်လက်ပြီး အင်းလေးဒေသမှ တက်ရောက်လာသူ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း လူမျိုးစုတစ်စု မကွယ်ပျောက်ရန် ဆိုလျှင် ယင်းမျိုး နွယ်စု၏ Nationality ကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ဆိုပါသည်။

“အခုဟာ အင်းက,ဘယ်လို ဖြစ်နေသလဲဆို တကယ့် အင်း အဘိုးအဘွားတွေသုံးခဲ့တဲ့စကားကို အခု မပြော
တတ်တော့ဘူး။
ပြောင်းလဲ တိုးတက်လာတဲ့ခေတ်ကြီးမှာ အကုန်လုံးက,ခေတ်ဆန်ချင်လာကြတယ်။
အင်းထဲမှာ သွားကြည့်လိုက်တော့လည်း လူငယ်တွေက မြန်မာလိုပဲ ညှပ်ပြောကြတော့တယ်”
ဟု ယင်းက ပြောပါသည်။

ထို့ပြင် ယခုကဲ့သို့ မိမိပြောဆိုနေခြင်းသည် လူမျိုးရေးခွဲခြားနေခြင်း မဟုတ်ဘဲ လူမျိုးစုတစ်စု၏ identity ကို
ဆက်လက် ထိန်းသိမ်းထားလိုခြင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ပင် ဆက်သွားမည် ဆိုပါက
နောင်တစ်ချိန်တွင် အင်းလူမျိုးဟူသည် ရှိနိုင်တော့မည်မဟုတ်ကြောင်း ယင်းက ဆိုပါသည်။

အဆိုပါ Vanishing Treasure of Myanmar(အမွေ)ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဒေသခံများ တက်ရောက်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးသွားနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသော မြစ်ချောင်းများ၊ သစ်
တောများ၊ တောင်တန်းများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုအမွေအနှစ်လက်ရာများအကြောင်းကို စုံလင်
စွာ ဆွေးနွေးနိုင်ခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများမှ ထွက်ပေါ်လာသည့် အချက်အလက်များကို အခြေခံကာ ပျက်စီးဆုံး
ရှုံးသွားနိုင်သည့်အန္တရာယ်ဖြင့် ကြုံတွေ့နေရသော မြစ်ချောင်းများ၊ သစ်တောများ၊ တောင်တန်းများ၊ ဘာသာ
စကားများ နှင့် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများကို တတ်နိုင်သည့်အတိုင်းအတာမှ ထိန်းသိမ်းစောင့်
ရှောက်သွားမည် ဟုလည်း သိရှိရပါသည်။

Copy from http://www.myanmarij.com