• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 8, 2013

ယခုနှစ် ရန်ကုန်မြို့တော်သင်္ကြန်၌ ရခိုင်နှင့် ကရင်တိုင်းရင်းသား အက,အဖွဲ့များအပြင် အခြားတိုင်းရင်းသား အဖွဲ့များကိုပါ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေရန် ဖိတ်ခေါ်မည်

 
 ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်သင်္ကြန်မှ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်တွင် ကရင်တိုင်းရင်းသားအက,အဖွဲ့များ
ဖျော်ဖြေခဲ့ကြစဉ်

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်၌ ရခိုင်နှင့် ကရင်တိုင်းရင်းသား အက,အဖွဲ့များအပြင် အခြားတိုင်းရင်းသား အဖွဲ့များကိုပါ
ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်မည်

Friday, 08 March 2013

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်တွင် ယခင်နှစ်များက ပါဝင်ဖျော်ဖြေခဲ့သည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား အက,အဖွဲ့များအပြင် အခြားတိုင်းရင်းသား အကအဖွဲ့များကိုပါ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေရန် ဖိတ်ခေါ်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ အက,အဖွဲ့များကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ယခုနှစ်မှ စ,တင်မဏ္ဍပ်ထိုးသည့် ရန်ကုန်တိုင်းဒေသ
ကြီး အစိုးရအဖွဲ့မဏ္ဍပ်များ စသည်တို့တွင် ဖျော်ဖြေယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်များကို
ပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

အခြားတိုင်းရင်းသား အက,အဖွဲ့များကို ဖိတ်ခေါ်ရန်အတွက် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှ တိုင်းရင်း
သားများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရန်ကုန်သင်္ကြန်တွင် ရခိုင်တိုင်းရင်းသား အက,အဖွဲ့(၃) ဖွဲ့နှင့် ကရင်တိုင်းရင်းသား အက,အဖွဲ့
(၃) ဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ယခုနှစ် တိုင်းရင်းသား အကအဖွဲ့များအား ဖိတ်ခေါ်မည့်အပြင် ပုဂ္ဂလိက ရေကစား မဏ္ဍပ်များတွင်လည်း
မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအဖွဲ့များ မဖြစ်မနေ ထည့်သွင်းရေးကိုလည်း စီစဉ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင်
ဝတ်စားဆင်ယင်မှုအပိုင်းကိုလည်း ပိုမိုထိန်းသိမ်းသွားမည်ဖြစ်ကာ အနုပညာရှင်များအနေဖြင့်လည်း မြန်မာ့
ရိုးရာ ၀တ်စားဆင်ယင်မှုများဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
သိရသည်။

Copy from http://weeklyeleven.com/local/yangon-news/18447-

ဝတ်စားဆင်ယင်မှုအပိုင်းကို ဘယ်လောက်အထိ ထိန်းသိမ်းနိုင်ကြမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့
လေ။