• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 11, 2013

တရုတ်နိုင်ငံတော်ကောင်စီ အစိုးရဌာနများ ပြုပြင်ပြောင်းလဲမှုပြုလုပ်


ကွန်ဂရက်မှာတွေ့ကြတဲ့ ခေါင်းဆောင်ကြီး ၃ဦး ၀န်ကြီးချုပ်ဝန်ဂျားပေါင်(လမ်းလျှောက်)၊
သမ္မတ ဟူချင်တောင်(၀ဲ) နဲ့ ဒုသမ္မတ ရီဂျင်ပင်း (ယာ) 
Source Photo from http://www.bbcburmese.com/images


တရုတ်နိုင်ငံတော်ကောင်စီ အစိုးရဌာနများ

 ပြုပြင်ပြောင်းလဲမ ပြုလုပ်

2013-03-11

တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးဌာနများ ပြုပြင်ပြောင်းလဲရေးနဲ့ လုပ်ငန်းတာဝန်ပြောင်းလဲရေးဆိုင်ရာ အ
ဆိုပြုချက်ကို ဒီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
မီးရထားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော် မိသားစုစီမံကိန်းကော်မတီတို့ကို ဖျက်သိမ်းမှာ
ဖြစ်ပြီး နိုင်ငံတော် အစားအစာနဲ့ ဆေးဝါးပစ္စည်း ကြပ်မတ်အုပ်ချုပ်ရေးဌာနချုပ်၊ နိုင်ငံတော် သတင်းထုတ်
ဝေ၊ အသံလွှင့်၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ဌာနချုပ်ကို ဖွဲ့စည်းတည်ထောင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတော် ကောင်စီဝင်၊ အတွင်းရေးမှူးချုပ် မစ္စတာ မာခိုင်က၊
လက်ရှိစီမံအုပ်ချုပ်ရေးစနစ်မှာ အခြေအနေသစ်နဲ့ အလုပ်တာဝန်သစ်တွေနဲ့ မကိုက်ညီတဲ့နေရာ တော်တော်
များများရှိသေးတယ်။
လုပ်ငန်းတာဝန်ဘောင်အတွင်းကကိစ္စတွေကို ကောင်းမွန်အောင် လုပ်မပေးခြင်း၊ လုပ်ငန်းတာဝန်ဘောင်အ
တွင်းမဟုတ်တဲ့ကိစ္စတွေကို လွန်ကဲစွာလုပ်ပေးခြင်း၊ လုပ်ငန်းတာဝန် ဆောင်ရွက်တာ ထိထိရောက်ရောက်
မရှိခြင်း စတဲ့ပြဿနာများနေသေးတယ် လို့ ပြောတယ်။

၁၀ ရက်နေ့ နံနက်ပိုင်းက ပီကင်းမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်
ပထမအကြိမ်အစည်းအဝေး မျက်နှာစုံညီ အစည်းအဝေးမှာ၊ နိုင်ငံတော်ကောင်စီ အစိုးရဝန်ကြီးဌာနများ ပြု
ပြင်ပြောင်းလဲရေးနဲ့ လုပ်ငန်းတာဝန်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား
ရာမှာ မစ္စတာ မာလိုင်က ဒီလို ဖေါ်ပြခြင်းဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းတော့မယ့် နိုင်ငံတော် အစားအစာနဲ့ဆေးဝါး ကြပ်မတ်အုပ်ချုပ်ရေး ဌာနချုပ်ဟာ အစားအစာနဲ့
ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းနဲ့ စားသုံးခြင်းနယ်ပယ်တွေမှာ အန္တရာယ်ကင်းရှင်းအောင် စနစ်တ
ကျ ထိထိရောက်ရောက် ကြပ်မတ် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မစ္စတာ မာခိုင်က၊
ပြုပြင်ပြောင်းလဲပြီးနောက် အစားအစာနဲ့ ဆေးဝါး ကြပ်မတ်အုပ်ချုပ်ရေးဌာနတို့ဟာ စီမံအုပ်ချုပ်ရေး နည်း
လမ်းများကို ဆန်းသစ်တီထွင်ပြီး ကုန်ထုတ်လုပ်သူတွေ အစားအစာနဲ့ ဆေးဝါးများ အန္တရာယ်ကင်းရှင်း
အောင် အာမခံပေးရေးဆိုင်ရာ စနစ်တွေကို တည်ထောင်ရမယ်။
ကြပ်မတ်ရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူစနစ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရမယ်။
အစားအစာနဲ့ ဆေးဝါး အန္တရာယ်ကင်းရှင်းအောင်၊ စံချိန်စံနှုန်းမီအောင် အဆက်မပြတ် ကြိုးပမ်းရမယ်
လို့ ပြောကြားပါတယ်။

ဒါ့အပြင် မီးရထားလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ မိသားစုစီမံကန်းလုပ်ငန်း၊ သတင်းထုတ်ဝေရေးနဲ့ အသံ
လွှင့်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ပင်လယ်ရေးရာနဲ့ စွမ်းအင်လုပ်ငန်း စ,တဲ့လုပ်ငန်းနယ်ပယ်ဆိုင်ရာ
ဌာနများ ပြုပြင်ပြောင်းလဲမှုကိုလည်း ပြုလုပ်နေပါတယ်။
မီးရထားဝန်ကြီးဌာနကို ဖျက်သိမ်းမှာ ဖြစ်ပြီး မီးရထားလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ မူဝါဒ,ဆိုင်ရာ လုပ်ငန်းတာဝန်
ထမ်းဆောင်နေတဲ့ဌာနတွေကို လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းမှာဖြစ်ပါ
တယ်။
လက်ရှိ နိုင်ငံတော် ပင်လယ်အဏ္ဏဝါရေးရာဌာနချုပ်၊ ပင်လယ်ကြပ်မတ်ရေးဌာန၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး
ဌာနလက်အောက်ခံ ပင်လယ်နယ်စပ်ကာကွယ်ရေးရဲတပ်၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်
ခံ တရုတ်ငါးဖမ်းလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာနနဲ့ အကောက်ခွန်ဌာနချုပ်လက်အောက်ခံ ပင်လယ်ပြင်မှောင်
ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးရဲတပ်များကိုပေါင်းစပ်ပြီး နိုင်ငံတော်ပင်လယ်ရေးရာဌာနချုပ်ကို ပြန်လည်ဖွဲ့
စည်းမယ်လို့ သတင်း ရရှိပါတယ်။
လာမယ့်ရက်များအတွင်း တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မှာ နိုင်ငံတော်ကောင်စီအစိုးရဌာနများ
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်ကို စိစစ်မယ်လို့ သိရပါတယ်။

Copy from http://myanmar.cri.cn/666/2013/03/11/1s24450.htm