• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 12, 2013

သင်္ကြန် တရားတော်

 
Shwe Ou Min Sayadaw U Kosala
Source Photo from http://www.dhammaweb.net/Sayadaw/view.php?id=231

“ရွှေဥမင်ဆရာတော်ဘုရားကြီး.”.ဟောကြားတော်မူသော..


“သင်္ကြန်…တရားတော်..”

ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။ ‘သင်္ကန္တ’ ပေါ့။ သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အ
များနားလည်တာ။ ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့သူတို့နားလည်တယ်။ သင်္ကြန်အစစ်
ကတော့ ကူးပြောင်းတာ။ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတာ။ ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး
လူကလည်း ရုပ်ဟောင်းတွေချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကိုကူးပြောင်းတာ တဲ့။

ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်
အဟောင်းပျက်လို့ အသစ်ဆက်တာ။ သူ့အကြောင်းနဲ့သူ မကင်းတာဘဲရှိတယ်။ အဲဒီတော့ နှစ်သစ်ကူးရင်
သန့်ရှင်းရမယ်နော်။ သန့်ရှင်းအောင် လုပ်ရမယ်။ သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။ ခေါင်းလျှော်ရ, အ
ဝတ်လျှော်ရတယ်။ ဒါပေမယ့် အဲဒီချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ ကျန်းမာရေးတော့ရတာပေါ့လေ။
ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။ ဒါက လိုရင်းမဟုတ်ဘူးနဲ့တူတယ်။ ဒါက အပြင်သန့်ရှင်းရေး။ အ
တွင်းသန့်ရှင်းရေးက လိုသေးတယ်။

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ်မဟုတ်လား။
စိတ်ကိုကော ဖြူစင်အောင် လျှော်ကြဖွပ်ကြရဲ့လား။ စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်
နော်။ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှသန့်ရှင်းဖြူစင်မယ်။ ကိလေသာဆိုတာလောဘ,
ဒေါသ,မောဟ,တွေပဲ။ လောဘ,နဲ့ စားတယ်။ လောဘ,နဲ့ သွားတယ်။ လောဘ,နဲ့ နေတယ်။

ဒေါသ,မှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။ ဒေါသ,မဖြစ်အောင်စောင့်ထိန်းဖို့ဟာ ဒေါသ,ဖြစ်
ရင် ဖြစ်မှန်းသိရမှာပဲ။ သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့သတိ
ကပ်ထားရမယ်။ အသိနဲ့သတိ တစ်ထပ်တည်းကျဖို့လိုတယ်။ လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။
ခု သင်္ကြန်ကာလ,အတွင်း ဥပုသ်သီတင်းစောင့်သုံးကြတာ၊ ကိုယ်တွေနှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊ ကမ္မ
ဋ္ဌာန်းဘာဝနာ ပွားများတာ စိတ်သန့်ရှင်းဖို့ အသိဉာဏ်သန့်ရှင်းဖို့ လုပ်ကြတာ။ အဲဒီသန့်ရှင်းရေးတွေ လုပ်
ထားတဲ့လူကတော့ အတွင်းရော အပြင်ရော သန့်ရှင်းပြီး ကောင်းသော နှစ်သစ်ကူးခြင်းပေါ့။
ဒီပြင် လောဘ, ဒေါသ, မောဟ,တွေ ထူပြောနေတာတော့ မကောင်းသောနှစ်သစ်ကူးခြင်းဖြစ်မှာပေါ့။

ဘုန်းကြီးတို့ ပရိဿတ်ကတော့ ကောင်းသော နှစ်သစ်ကူးခြင်းဖြစ်အောင်လုပ်ရမယ်။ ခန္ဓာသင်္ကြန်လည်း
မကျသေးဘူး။ လုပ်ကြဦး။ ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။ ကု
သိုလ်တွေ လက်မမြှောက်နဲ့အုံး။ ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာလုပ်ကြသလို ဆက်လုပ်ကြဦး။

လုပ်ကြဦးဆိုတော့ ဒီပြင်မဟုတ်ပါဘူး။ ငါးပါးသီလ,နဲ့ ကိုယ်လုပ်နေကြ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို လုပ်
ကြဦးလို့ ဆိုလိုတာပါ။ အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှတက်မလဲဆိုတာ တွက်ဦးမှ။ ခန္ဓာသင်္ကြန်က
တော့ ခန္ဓာရှိနေသရွေ့သင်္ကြန်ကျနေမှာပဲ။ သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့် ရုပ်
နာမ်အသစ်တွေ အသစ်အသစ်ထပ်ဖြစ်နေတာ။ မီးခိုးမဆုံး မိုးမဆုံးပဲ။ ဒီက အကြောင်းမကင်းသေးဘူး။

အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။ မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ,အကြောင်းခံပြီးတော့ မသိလို့ လို
ချင်၊ လိုချင်တော့ လုပ်၊ လုပ်တော့ ရ၊ ရတော့ ဒုက္ခ၊ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။
အဲဒီတော့ သိရင် မလိုချင်၊ မလိုချင်တော့ မလုပ်တော့ဘူး။ မလုပ်ရင် မရတော့ဘူးပေါ့။ ဒုက္ခတွေ မလိုချင်လို့
ဒုက္ခမလုပ်တာပေါ့။ ဒုက္ခသာ မလုပ်တာ၊ တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့ သူ လုပ်တာပေါ့။

အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း အကြောင်းသမုဒယ,ဆိုတဲ့ လောင်စာသိမ်း
လိုက်ရင် ရုပ်နာမ်ခန္ဓာဆိုတဲ့ အကျိုးဒုက္ခငြိမ်းသွားမှာပဲ။ အဲဒီ ဘဝ,သစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်း
ရင် သင်္ကြန်တက်ပြီ၊ ခန္ဓာသင်္ကြန် တက်ပြီ။ အဲဒီအချိန်မှအနားယူကြပေါ့။ နိဗ္ဗာန်ခရီး နီးအောင်လုပ် အခုက
တော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။ နားနေလို့ မဖြစ်သေးဘူး။

‘ဤခရီး နီးသလား?’ဆိုတာနော်။ ဘယ်ခရီးလဲ? (‘မရဏခရီးပါ ဘုရား’) အင်း ... ပြောရမှာတောင် အားနာ
စရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင်လုပ်။ ဟုတ်လား။
အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။ ဟိုက ‘မတ’ သေတာ။ ဒီက ‘အ,မတ’ မသေတာ။ မသေတဲ့ခရီး နီးမှဖြစ်
မယ်နော်။ အခုပြောတဲ့ ပုံစံအတိုင်းသွားမယ်ဆိုရင် မသေတဲ့ခရီးဟာနီးသွားမှာပါ။ တစ်လှမ်းထက်တစ်လှမ်း
တစ်အာရုံထက်တစ်အာရုံ၊ တစ်သိထက်တစ်သိ နီးသွားရမယ်။ အဲဒီလို တွက်ရမှာပါ။
တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။ ခေါင်းဆောင်ကြီးတွေ ခဏ,ခဏ,သတိပေးနေတာ။ သူတို့ကိစ္စနဲ့တော့
သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။ ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ
ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့စကားနဲ့ တပ်လှန့်နေတာပဲ။

ဘုရားက တပ်လှန့်နေတာ။ ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။ ကိုယ်က ခံစစ်တင်မဟုတ်ဘူး။ တိုက်
စစ်ပါ လုပ်ရမယ်။ သီလ,လောက်ခံစစ်နဲ့ မရသေးဘူး။ ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။
ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။ လောဘ, ဒေါသ, ရန်သူကို တိုက်ရမှာ။ ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။
မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “ငါသေရင် ဆွမ်းမသွတ်နဲ့”လို့ ကိုယ့်ကိုယ်ကို မှာနိုင်လောက်အောင်
အထိ တိုက်စစ်ဆင်ရမှာ။
 ‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။ မလျှော့ဘဲ လုပ်ရမှာပဲ။

“ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သြဝါဒတရားတော်များ” မှ ပြန်လည်မျှဝေဖော်ပြပါသည်..။
ချမ်းသာကြပါစေ၊အေးငြိမ်းကြပါစေ၊သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလာ..

Copy from http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:104110