• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, April 1, 2013

စားလို့ မကောင်းတဲ့ အစားအစာဟာ အာဟာရ ပို ပြည့်စုံ


စားလို့ မကောင်းတဲ့ အစားအစာဟာ

အာဟာရ ပို ပြည့်စုံ

2013-04-01

ဖန်တဲ့စားစရာ။

မရင့်သေးတဲ့ တည်သီး၊ ခရမ်းရောင် စပျစ်သီးအခွန်တွေဟာ အရသာ အရမ်းဖန်တဲ့စားစရာတွေဖြစ်ပါတယ်။
ဖန်တဲ့စားစရာတွေထဲမှာ ရုက္ခပင်အက်ဆစ်ဓါတ် များပြားပြီး ဆီးချိုရောဂါနဲ့ သွေးအဆီဓါတ်ရောဂါကြိုတင်
ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ခါးတဲ့စားစရာ။

သံပရာသီးရဲ့အခွံ၊ လက်ဖက်ခြောက်၊ အမည်းရောင် ချော့ကလက် အစ ရှိတဲ့ စားစရာထဲမှာ ကင်ဆာနဲ့ နှလုံး
ရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ဓါတ်တွေ ပါတယ်လို့ သိရပါတယ်။

အနံ့ပြင်းတဲ့စားစရာ။

မုန်လာဥစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အနံ့ပြင်းပြင်း ထွက်တတ်တဲ့ စားစရာတွေထဲမှာကင်ဆာရော
ဂါကို ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဥပမာ ကြက်သွန်ဖြူဟာ လူသားရဲ့ ကျန်းမာရေးစောင့်တပ်လို့
တောင်တင်စား ခေါ်ဝေါ်လေ့ ရှိပါတယ်။

အနံ့ထူးတဲ့ စားစရာ။

နံနံပင်၊ သစ်ကတိုးမွှေးရွက် စတဲ့ စားစရာတွေထဲမှာ အမွှေးနံ့ နည်းနည်းပါပေမယ့် အဲဒီအမွှေးနံ့က တော်
တော်ထူးပါတယ်။ နံနံပင်ထဲမှာ ဗိုရွန်ဓါတ် များပြီး၊ ဗိုရွန်ဓါတ်ဟာ လူကိုယ်ခန္ဒာမှာ သတ္ထု အာဟာရဓါတ်တွေ
စုပ်ယူဖို့အတွက်၊ အရိုး ပိုမို ခိုင်မာစေဖို့ အတွက် အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့်မို့ အသက် ၄၀ကျော်နဲ့ အ
သက်ကြီး ဘိုးဘိုးဘွားဘွားတွေက နံနံပင်နဲ့ သစ်ကတိုးမွှေးရွက်ကို ရွေးစားသင့်တယ်။
ဒါ့အပြင် နံနံပင်ထဲမှာ သံဓါတ်၊ ကယ်ရီဆီယံဓါတ်၊ ဗီတာမင်အေနဲ့ ဗီတာမင် စီ စတာတွေလည်းများပြီး၊သွေး
အချိုဓါတ် ညီမျှအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

Copy from http://myanmar.cri.cn/666/2013/04/01/1s24804.htm