ဆင့်ဖေါဟ်မီ့ ဆ်ုဖိုတ်လ်ုမီ့
တယ်။
အိပ်နေတာကြက်ကလေးဖြစ်နေလျင် မအိပ်ပဲနေတာက တောကြောင်ပေါ့ဗျာ။
ကိုယ့်ကရင့်အရေးကို ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာ ကရင်ဝတ်စုံနဲ့ အိပ်နေတဲ့ ဆရာကြီးကိုသာ
ကြည့်ပေတော့။ ကရင့်စကားပုံအရ ဆိုလျင်တော့ အတိတ်နမိတ်ကတော့ သိပ်မကောင်းဘူး။
ကြက်ကလေးလို အစားခံရတော့မလားဆိုတာထက် အစားခံနေရပြီလားဆိုတာ တွေးမိတယ်။
ဘာမျှတော့ဖြစ်မယ်မထင်ပါဘူး။ ကရင်တွေက ရိုးသားတယ်လေ။ ပြီးတော့ စကားပုံဆိုတာကလည်း ဆိုရိုး
ရှိခဲ့လို့သာ ဆိုကြတာပါ။ တကယ်ဖြစ်လာဘို့ဆိုတာ အခြေနေပေးလာမှကိုး။
ဘယ်လိုပဲဖြစ်ဖြစ် RFA မြန်မာပိုင်းဌာနက ထုတ်လွှင့်သွားခဲ့တဲ့ တနဂ်နွေစကားဝိုင်းအစီအစဉ်က ကောက်
နုတ်ချက်အချို့ကို လေ့လာကြည့်ကြပါစို့။
ကရင်ရေးရာဆွေးနွေးပွဲအပါအ၀င် လက်ရှိအစိုးရနဲ့တိုင်းရင်းသားလူထုတွေရဲ့
ကြားမှာ သမ္မတဦးသိန်းစိန်
တက်လာတဲ့ အချိန်ကနေစပြီးအခုအချိန်အထိ
ညီညွတ်ရေးနဲ့ပတ်သက်တဲ့သုံးသပ်ချက်အမြင်များ
ဦးမန်းငြိမ်းမောင်တို့ကေအင်န်ယူနဲ့ လက်ရှိမြန်မာအစိုးရ ကြားမှာအပြန်အလှန် ယုံကြည်မှုက ဘယ်လောက်
အားရကြေနပ်မှုရှိနေပြီလဲခင်ဗျာ့။
ဟဲ ဟဲ ဟဲ ဟဲ ရှိတာပေါ့ဗျာ ခင်ဗျားကလည်း ဒီနှစ်ပေါင်းခြောက်ဆယ်ကျော်ပဋိပက္ခဖြစ်လာခဲ့တဲ့ အင်အား
စုကြီး နှစ်ရပ် အခုတစ်စားပွဲဝိုင်းထဲမှာထိုင်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာက
ဒါယုံကြည်မှုနဲ့ အများကြီးနီးစပ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ အခုကျွန်တော်တို့ တွေ့ကြ ဆုံကြ
ပြောကြတာ ပွင့်ပွင့်လင်းလင်းပဲလေ။
ဟိုတလောက သမ္မတကြီးနဲ့ ဦးမန်းငြိမ်းမောင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ကျနော်တို့သိရပါတယ်။
ဝန်ကြီးဦးအောင်မင်းတို့ လက်ရှိသမ္မတကြီး ဦးသိန်းစိန်တို့ပေါ့ဗျာ အဲဒီပုဂ္ဂိုလ်တွေက ဘယ်လိုပုဂ္ဂိုလ်တွေလဲ
ခင်ဗျာ့။
ဒီမှာ ခင်ဗျားကို ကျွန်တော်တော်ပြောလိုက်မယ်ဗျာ၊ အတိုချုဉ်းပြောရလျင်တော့ သမ္မတဦးသိန်းစိန်လို နိုင်
ငံတော်ခေါင်းဆောင်တစ်ယောက် ကျွန်တော်တို့အတွက် တိုင်းပြည်အတွက် ကံကောင်းတယ်လို့ပဲ ကျွန်
တော်ပြောချင်ပါတယ်။
ဝန်ကြီးဦးအောင်မင်းကရော ခင်ဗျာ့။
ဝန်ကြီးဦးအောင်မင်းက ကျွန်တော်တို့နဲ့ ဒီလိုပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတယ် ဆွေးနွေးလို့ရတယ်
ကျွန်တော်တို့တိုင်းရင်းသားတွေမှာ အင်မတန်နားလည်စာနာမှုရှိတဲ့ခေါင်းဆောင်တစ်ယောက်လို့ ကျွန်
တော်တို့မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကတိုင်းရင်းသားအသီးသီးတွေရဲ့ လိုလားချက်တွေ ခံစား
ချက်တွေ အမြင်တွေကို သူကအများဆုံးထိတွေ့တဲ့အခါကျတော့ သူကအများကြီးအတွေ့အကြုံကြွယ်ဝ
တဲ့ ခေါင်းဆောင်တစ်ဦးလို့ ကျွန်တော်တို့မြင်ပါတယ်။
မြန်မာအစိုးရကို လက်ရှိယုံကြည်တဲ့လူရှိတယ်၊ တ၀က်တပျက်ယုံကြည်တဲ့လူရှိတယ် လုံးဝမယုံတဲ့လူ ရှိ
တယ်၊ နောက်ဆုံးဗျာ ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် ထောက်ခံတဲ့လူရှိတယ် တချို့မကြေနပ်တဲ့လူရှိ
တယ် ရှုံ့ချနေတဲ့ နိုင်ငံခြားသားတောင်ရှိတယ်၊ ခင်ဗျားအဲဒီတော့ မြန်မာပြည်ရဲ့လက်ရှိပကတိအခြေအနေ
ကို ဦးမန်းငြိမ်းမောင် ဘယ်လိုသုံးသပ်မလဲ။
ကျွန်တော်ပြောမယ် ငြိမ်းချမ်းရေးဆောင်ရွက်မှုကို ကျွန်တော်တို့က ရိုးရိုးသားသားလုပ်နေတာ ယုံကြည်မှု
နဲ့လုပ်နေတာ တချို့လူတွေက ကျွန်တော့်ကိုမေးတယ် ခင်ဗျားဟာဗျာ အစိုးရကို သိပ်ယုံကြည်မှုမပေးလွန်း
အားကြီးဘူးလား တဲ့။ ဟုတ်တယ်ကျွန်တော်တို့က ယုံယုံကြည်ကြည်နဲ့ကိုလုပ်နေတာ ရိုးရိုးသားသားနဲ့လုပ်
နေတာ။
အဲဒီတော့မေးကြတယ် ဒါဆိုလျင် ခင်ဗျားလိမ်လျင် ဘယ်လိုလုပ်မလဲတဲ့ လိမ်ပါစေလို့ ကျွန်တော်တို့အလိမ်
ခံရဲတယ်လို့ ဒါပေမယ့် တစ်ခုပဲရှိတယ်နော်လို့ ကျွန်တော်တို့ကရင်လူမျိုးဟာ အကြောင်းအရာကိစ္စတစ်ခု
ကို ယုံကြည်ခဲတယ်လို့ ယုံကြည်ပြီးဆိုလျင်လည်း ဘယ်လိုပဲလုပ်လုပ် မယုံဘူးလို့ အခုကျွန်တော်တို့ကိုလိမ်
လို့ရှိလျင် ကျွန်တော်တို့ကရင်လူမျိုးဟာ သားစဉ်မြေးဆက်အထိငြိမ်းချမ်းရေးရဘို့ဆိုတာ ခင်ဗျားမမျှော်မှန်း
နဲ့တော့ လို့။
ဒါဟာကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ဗီဇပဲ ကျွန်တော်တို့ကရင်လူမျိုးတွေဟာ မယုံတော့ဘူးဆိုလျင်လည်း ခင်ဗျားတသက်လုံးမယုံဘူး သားစဉ်မြေးဆက်အထိမယုံဘူး လို့။
ဒါကြောင့် ကျွန်တော်တို့ငြိမ်းချမ်းရေးဆာင်ရွက်မှုမှာ ကျွန်တော်တို့ဟာ ယုံယုံကြည်ကြည်ရိုးရိုးသားသားနဲ့
သစ္စာရှိရှိလုပ်နေတာ။
ဦးမန်းငြိမ်းမောင်က တော်လှန်ရေးဖြတ်သမ်းမှုအများကြီးရှိပါတယ်၊ ထောက်လှမ်းရေးနှိပ်စက်ခံရတဲ့ဘဝ
နောက်တခါကိုကိုးကျွန်းမှာနေရတဲ့ဘ၀ နောက်ထောင်အကြိမ်ကြိမ်ကျတဲ့ကိစ္စ နောက်ပြည်တွင်းတော်လှန်
ရေးသမားဘ ၀ပေါ့ဗျာ အဲဒီတော့ ဦးမန်းငြိမ်းမောင်ဘ၀ကိုပြန်ပြီး ခြုံငုံသုံးသပ်မယ်ဆိုလျင် လက်ရှိအခြေအ
နေမှာ ဘာခံစားမှုရှိ လဲခင်ဗျာ့။
ကျွန်တော်က ဒီမေးခွန်းကိုဖြေချင်နေတာဗျ၊ ကျွန်တော့်လုပ်ဘ၀စုံတဲ့လူလည်းမရှိပါဘူးခင်ဗျာ၊ ကျွန်တော့်
လောက် ဘ၀ကြမ်းတဲ့လူလည်း မရှိပါဘူးခင်ဗျာ။
ဒါပေမယ့် ကျွန်တော်က အဲဒီခံစားတွေချက်တစ်ထွေးတစ်ပိုက်နဲ့ ဆက်ပြီးတော့သွားမယ်ဆိုလျင် ဘယ်မှမ
ရောက်ဘူးဗျ၊ ခံစားချက်တွေ ဒီဝေဒနာတွေကို အကုန်လုံးလွှတ်ချပစ်လိုက်တယ် လွှတ်ချပစ်လိုက်ပြီးတော့
ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲ တော်လှန်ရေးရဲ့အပြောင်းအလဲ နိုင်ငံရေးအပြောင်းအလဲမှာ
Memoriam တွေကိုလွှတ်ချမှ ဆက်သွားလို့ရမယ်ဆိုတာ လက်ခံယုံကြည်လာတဲ့အတွက် ကျွန်တော်က ဒါ
တွေကိုဘာမျှ ခံစားချက်မရှိဘူးဗျ။
အတွေ့အကြုံတစ်ခုအနေနဲ့ သင်ခဏ်းစာတစ်ခုအနေနဲ့ ကျွန်တော်မှတ်ယူပါတယ်။
ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ တောင်သူလယ်သမားရေးရာတာဝန်ခံ ကြာအင်းဆိပ်
ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှည် မန်းအောင်တင်မြင့် ရဲ့ အမြင်
ကျွန်တော်ကတော့Just waiting see ပေါ့နော်။
ဘာဖြစ်လို့လဲဆိုတော့ သိပ်ပြီးတော့လည်းမျှော်လင့်ချက်ကြီးသိပ်ထားလို့မဖြစ်သေးဘူး။
မျှော်လင့်ချက်သိပ်မရသေးဘူးလို့လည်း မဟုတ်ဘူးပေါ့နော်။
ရှင်းရှင်းပြောရလျင်တော့ ကျွန်တော်တို့ရဲ့လွှတ်တော်သက်တမ်း ကာလဟာလဲပဲ ဟို တနှစ်ကျော်ကျော်ပဲ
ရှိသေးတယ်လေ။
တနှစ်ကျော်ရှိတဲ့အခါကျတော့အပေါ်ပိုင်းကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ရုန်းနေတာပေါ့။
ရုန်းပြီးတော့လှုပ်ရှားနေသော်ငြားလည်းပဲ အရွေ့ကတော့ အလွန်နှေးနေသေးတာကို တွေ့ရတယ်ပေါ့နော်။
အဲဒီတော့ ကျွန်တော်တို့ကလည်းပဲ အရွေ့နှေးနေတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ဆန္ဒမစောချင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အတတ်နိုင်ဆုံးအကောင်းမြင်ပြီး ၀ိုင်းပြီးတော့လုပ်နေပါတယ်။
နှေးနေတဲ့အရွေ့လေးတွေကို မြန်ဆန်လာဘို့ပေါ့နော်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
အချို့စကားလုံးတွေကို မှန်းပြီးရေးသားလိုက်တာဖြစ်ပါတယ်။ အသံကြည်လင်ပြတ်သားမှု သိပ်မရှိလို့ပါ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)