• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, April 14, 2013

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ ဒေါ်စုပြော

Source Photo from http://www.bbcburmese.com/images
13.04.2013

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့

 ဒေါ်စုပြော

by ဗွီအိုအေ (မြန်မာဌာန)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေ
လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“စောစောကလည်း ပထမဦးဆုံးကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ကျမတို့ ပြောပြီးပါပြီး။
အဲဒီအထဲမှာ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုပါတယ်။
ဒါက ကျမပြောတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်များ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းများထဲမှာ ဘယ်သူ
တွေပါလဲ။
ပါတဲ့သူတွေကို အများပြည်သူကနေ လက်ခံနိုင်ရမယ်ဆိုတာဟာ တိုင်းရင်းသားများအားလုံးကလည်း ယုံ
ကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။
အဲဒါမှ ကျမတို့က တကယ့်ကိုပြည်ထောင်စု စစ်စစ်ကို ထူထောင်နိုင်မှာပါ။
ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာရော အပြီး ပြန်လုပ်နိုင်မလားဆိုတော့ ကျမအမြင်မှာတော့ ၂၀၁၅ မတိုင်
ခင်လုပ်မှ ပိုပြီးတော့ကောင်းလိမ့်မယ်လို့ ကျမထင်ပါတယ်။
“နိုင်ငံခြားကရောက်လာတဲ့ဧည့်သည်တွေက မကြာခဏမေးကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ထင်ပါသလားလို့ မေးပါတယ်။
အဲဒီတော့ ကျမက ပြောတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့က သိပ်ပြီးတော့ အခက်အခဲရှိမယ်လို့ မထင်ပါဘူးလို့။
ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတတယ်လို့ ဘယ်လိုမှပြောနိုင်မှာမဟုတ်ပါဘူးလို့။”

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို နှစ်ပေါင်း ၂ နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်
အဖြစ်နဲ့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကျိုတို ကိုသွားရောက်
မှာဖြစ်ပါတယ်။
တနင်္လာနေ့ကျရင် ၁၉၈၀ ပြည့်လွန်မှာ သူ ဧည့်ပညာရှင်အဖြစ်နဲ့ ၁ နှစ်ကြာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့
ကျိုတို တက္ကသိုလ်နဲ့ ရူးကိုးကု (Ryukoku) တက္ကသိုလ်တွေမှာ သွားရောက် မိန့်ခွန်းပြောဖို့ရှိပါတယ်။
ကျိုတို တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးမှာဖြစ်သလို၊ ရူးကိုးကု တက္ကသိုလ်
ကလည်း သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မှာဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယပ်လွှတ်တော်ကို
သွားရောက်လေ့လာပြီး လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ညစာ
စားဖို့ အစီအစဉ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

http://burmese.voanews.com/content/dassk-japan-04-13-13/1640972.html

ပါတီအချို့ ပြည်ပအလှူငွေလက်ခံမှု

 ကော်မရှင်သတိပေး

 နေပြည်တော်၊ ဧပြီ ၁၀

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီအချို့သည် ပြည်ပအလှူငွေ များ လက်ခံနေခြင်းမှာ ရွေး
ကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြည်ထောင်
စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်
က သတိပေး ပြောကြားသည်။

အဆိုပါ နိုင်ငံခြားတိုင်းပြည် တစ်ခုမှ အကူအညီ အထောက်အပံ့များ ယူနေသော နိုင်ငံရေးပါတီ အချို့သည်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၇ (ဂ) နိုင်ငံရေးပါတီများ ဆိုင်ရာအခန်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်
ခြင်း ဥပဒေပုဒ်မ ၇ (ဃ) နှင့် ၁၅ (က) တို့ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၄င်းက ဧပြီလ ၈ ရက်နေ့က ပြု
လုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီတစ်ခုမှ ကိုယ်စား လှယ်တစ်ဦးက NLD ပါတီ
ဦးဆောင် လုပ်ကိုင်နေသော ကျန်းမာရေးကွန်ရက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံ ဆိုင်ရာ
သံအမတ်ကြီးက ငွေလှူဒါန်းခြင်း နှင့် ပတ်သက်၍ မေးမြန်းသောကြောင့် အဆိုပါရွေးကောက်ပွဲ ကော်မ
ရှင်အဖွဲ့ဝင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

"အရေးယူမယ် မယူဘူးဆိုတာ ဘာမှမပြောသွားဘူး။ တရုတ်သံအမတ်ကြီး ကိစ္စလည်း မပြောဘူး။
ဥပဒေသုံးခုကိုပဲ ရွတ်ပြသွားတာ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အဆိုပါတွေ့ဆုံပွဲသို့
တက်ရောက်ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကဆိုသည်။

အခြေခံဥပဒေပုဒ်မ ၄၀၇ (ဂ)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ (ဃ) နှင့် ၁၅ (က)
တို့တွင် နိုင်ငံရေး ပါတီများသည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အခြား
အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း အခြားအထောက်အပံ့များ တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း ပြုပါက နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရဟု ဖော်ပြ
ပါရှိသည်။

The Voice Weekly

Copy from http://www.lwintmgmg.com/2013/04/blog-post_812.html