April 18, 2013
Thursday
ပုဝါပါးလေး လှပ်လိုက်ပါ
By မင်းစိုးစံ
ထီးသုဉ်းနန်းသုဉ်း ကြငှာန်းသုဉ်းနှင့်
မြို့သုဉ်းသုည
သုဉ်းသုံးဝနှင့် ကြုံရပလေ
တို့တတွေသည် သေသော်မှတည့်
သြော် ကောင်း၏။
(ဆီးဘန်နီ ဆရာတော်)
အင်္ဂလိပ်တွေ ၁၂၄၇ခု၊ တန်ဆောင်မုန်းလဆုတ် (၈)ရက်နေ့မှာ ကုန်းဘောင်ခေတ်နောက်ဆုံး ဗမာဘုရင်
သီပေါ ကိုဖမ်းခဲ့တာကို ဆီးဘန်နီ ဆရာတော်နဲ့ မန္တလေးနေပြည်တော်က လူတွေ အထင်အရှားမြင်ခဲ့ကြ
ရတော့ အဲဒီအ ချိန်တုန်းက ဗမာ (မြန်မာ) အမျိုးသားတွေရဲ့ နှလုံးသားတွေ ဘယ့်ကလောက်စူးရှနာကျင်
လိုက်သလဲဆိုတာကို ဆီးဘန်နီ ဆရာတော်က အပေါ်ကအတိုင်း ဖေါ်ကြူးခဲ့ပါတယ်။
အဲဒီလောက်အထိ အင်္ဂလိပ်တွေအပေါ် စိတ်နာ ခဲ့တဲ့ ဗမာ (မြန်မာ) တွေဟာ အင်္ဂလိပ်လက်အောက်ကို
နှစ်ပေါင်းငါးဆယ်လောက် အနေကြာလာတဲ့အခါ ဗမာ (မြန်မာ)အတော်များများက အင်္ဂလိပ်တွေကို သ
ဘောကျလာကြတယ်။
တနည်းပြောမယ်ဆိုလျင် အင်္ဂလိပ်တွေ စည်းရုံးသိမ်းသွင်းတာကို လက်ခံလာကြတယ်ပေါ့ဗျာ။
တိုင်းပြည်ဆုံးရှုံးခဲ့ တာတွေ ဘုရင်မင်းဆက်ပြုတ်ခဲ့တာတွေ ဗမာတွေရဲ့အာရုဏ်မှာ အချိန်ကာလကြာလာ
တာနဲ့အတူ ၀ိုးတိုးဝါးတား ပဲကျန်နေတယ်။ အဲဒါအပြင် ဘိလပ်ပြန်ဝတ်လုံတော်ရ ဆိုလျင်အထင်ကြီးကြ
တယ်။
ဒီတင်မက မြို့ပိုင် နယ်ပိုင် ၀န်ထောက် စတဲ့အခွင့်အရေးလေးတွေ လမ်းပွင့်တဲ့ခေတ်ဆိုတော့ အင်္ဂလိပ်တွေ
ကို အထင်ကြီးအားကိုးလာကြတယ်။ အင်္ဂလိပ်လက်အောက်မှာ အနေကြာလာတာနဲ့အမျှ အင်္ဂလိပ်တွေရဲ့
ယဉ်ကျေးမှုကို သဘောတွေ့မနောခွေ့လာကြတယ်။
တည့်တည့်ပြောစတမ်းဆိုလျင် ကျွန်သက်တမ်းရှည်လာတာနဲ့အပြိုင် ကျွန်ဘ၀ကို ခုံမင်နှစ်ခြိုက်လာ ကြ
တယ်။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) လက်ထက်ရောက်လာတော့ ရက်စက်မှု ဖိနှိပ်အနိုင်ကျင့်မှု လူမျိုးတုန်းသတ်
ဖြတ်မှု သွေးခွဲမှု အဓိကရုဏ်းဖန်တည်းမှု တိုင်းရင်းသူတွေအပေါ် အဓမ္မပြုကျင့်မှု ကျေးရွာတွေကို အဓမ္မ
ပြောင်းရွှေ့မှု ကျေးရွာအများအပြားကို မီးလောင်တိုက်သွင်းမှု လယ်မြေယာမြေသိမ်းယူမှု ပညာရေးစနစ်ကို စိတ်ကူးရှိတိုင်း ပြောင်းလဲသတ်မှတ်မှု စတာတွေကို စိတ်ရူးထတိုင်းလိုက်လုပ်နေတော့ ချမ်းသာခဲ့တဲ့တိုင်း
ပြည်က မွဲထွက်သွားတယ်။
ရှေ့မီနောက်မီ လူကြီးတွေက ဗမာစစ်အစိုးရ (မြန်မာအစိုးရ)ဆိုတာ ဖက်ဆစ်စနစ်နဲ့ ကိုလိုနီစနစ်ကိုပေါင်း
ပြီး အုပ်ချုပ်တာဆိုတော့ ဗမာတွေကို အင်မတန်ရက်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကတောင် သူတို့ကို သရ
ဖူဆောင်းပေးရတော့မလောက်ဖြစ်နေတာ ဆိုတဲ့မှတ်ချက်တောင် ပေးခဲ့ကြတာ မဟုတ်လား။
ပညာရေး ကျန်းမာရေး လူမှုရေး စီးပွါးရေး ဘာသာရေး တရားဥပဒေစိုးမိုးရေး စစ်ရေး နိုင်ငံရေး အမျိုးသားရေး ရှိ ရှိသမျှအရေးတွေမှာ စိတ်ကူးရတိုင်းလျှောက်လုပ်နေတာ ဒီကနေ့အထိပဲ။
ဒီလောက်တောင် ဆိုးသွမ်းတဲ့ ဘာဆိုဘာမျှအထင်ကြီးစရာမရှိတဲ့ အင်မတန်ကလိန်ကကျစ်နိုင်တဲ့ ဗမာစစ်
အစိုးရနဲ့ ဒီကနေ့ပဲတွေ့ဒီကနေ့ပဲ ယုံကြည်ပြီးရင်းယုံကြည်ရင်း အမွှမ်းတင်တာကတော့ နည်းနည်းလွန်နေမ
လားလို့ပါ။ တစ်ခုတော့ရှိပါတယ်။
Peace can’t be kept by force, it can only be achieved by understanding.
Albert Einstein (1879- 1955)
ငြိမ်းချမ်းရေးဆိုတာ အင်အားသုံးလို့မရဘူး။ နားလည်မှုရှိမှ ရနိုင်မယ်။ ဆိုထားတော့ ကျုပ်တို့ဘက်ကပဲ တ
ဘက်သပ်နားလည်ပေးလိုက်ရုံနဲ့ ရမယ်တဲ့လား။ နားလည်မှုရှိမှ ရနိုင်မယ်။ ဆိုတဲ့ မသေမခြာတဲ့ စကားလုံး
တွေကြောင့် တခြားကိစ္စ၀ိစ္စတွေက အများကြီးရှိနေနိုင်သေးတယ်ဆိုတာကို ပြောနေသလိုပါပဲ။ လက်ခုပ်ဆိုတာ တဘက်တည်း တီးလို့မမြည်ဘူးမဟုတ်လား။
နားလည်မှုရှိမှ ရတယ်လို့ တိတိကျ ကျပြောတာမဟုတ်တဲ့အပြင် နှစ်ဘက်စလုံးနားလည်မှုရှိတာတောင်မှ
ရနိုင်မယ် လို့သာဆိုထားသေးသားပဲ။
တစ်ယောက်နဲ့တစ်ယောက် တဖွဲ့နဲ့တဖွဲ့ နားလည်မှုရှိဘို့ဆိုတာ ပထမဦးစွာ ယုံကြည်မှုကိုတည်ဆောက်ရ
မယ်လို့ နားလည်မိပါတယ်။ ကျုပ်တို့နဲ့ ဗမာစစ်အစိုးရတို့ တဘက်နဲ့တဘက် အပြန်အလှန်ယုံကြည်မှုရှိနေ
ကြပါပြီလား။ ယုံကြည်မှုဆိုတာကလည်း နှစ်ဘက်စလုံးရှိမှလေ။
တဘက်သပ်ကြီး မျက်လုံးစုံမှိတ်ပြီး အော်နေလို့မရဘူး။ ပြောတာကတော့လွယ်တာပေါ့ တကယ့်လက်တွေ့
မှာ သံသယတွေနဲ့ဆိုလျင် ဘယ်လိုလုပ်ပြီးနားလည်မှုရနိုင်မှာလဲ။ ကမ္ဘာ့နိုင်ငံအသီးသီးက လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗမာစစ်အစိုးရ(မြန်မာအစိုးရ) အပေါ် ဘယ်
လို သုံးသပ်သလဲဆိုတာကို အာရ်အက်ဖ်အေ နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ အခုလိုပြောခဲ့ပါတယ်။
လက်ရှိအစိုးရရဲ့ ပြီးခဲ့တဲ့ ၂နှစ်အတွင်း အပြောင်းအလဲအပေါ်ဘယ်လိုသုံးသပ်ပါသလဲ။ သမ္မတဦးသိန်းစိန်အပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေမှာ တိကျတဲ့မူဝါဒချမှတ်ပြီး ဘာပြီးလျှင်ဘာလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်အ
ဆင့်ဆင့် ချမှတ်အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်းပြောခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ တရားစီယင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးရဲ့သြဇာလွှမ်းမိုးမှုအောက်မှာသာ ရပ်တည်နေရ
ကြောင်း တရားစီယင်ရေးလွတ်လပ်မှုမရှိတာဟာ တိုင်းပြည်အတွက်ပိုဆိုးတဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်တယ်။
တရားစီယင်ရေးဟာ အုပ်ချုပ်ရေးရဲ့ လွှမ်းမိုး တာ သြဇာညောင်းတာ ခံနေရတုန်းပါပဲ။
တရားစီယင်ရေးဟာ အုပ်ချုပ်ရေးကို လုံးဝအမှီသဟဲပြုနေတယ်။
ဒါဟာ တိုင်းပြည်အတွက် အင်မတန်အန္တရာယ်ကြီးပါတယ်။
မြန်မာနိုင်ငံ(ဗမာနိုင်ငံ)မှာ လွတ်လပ်ပြီး သီးသန့်ရပ် တည်နိုင်တဲ့ တရားစီယင်ရေးမဏ္ဍိုင်ရှိမှသာ စစ်မှန်တဲ့
တရားဥပဒေစိုးမိုးရေးကို ရရှိလာမှာဖြစ်တယ်။
ဒါကတော့ ကောက်နုတ်ထားချက်ပါ။
အပြည့်အစုံကိုတော့ အောက်က ရုပ်သံဖိုင်ကိုကလစ်လိုက်မယ်ဆိုလျင်ဖြင့် ပြည့်ပြည့်စုံစုံ လေ့လာနားဆင်
နိုင်မှာဖြစ်ပါတယ်။
ပြောင်းတတ်ရမယ် ဆိုပေမယ့် အခုကျုပ်တို့အတွက်ဟာ အပြောင်းအလဲလေးတစ်ခုမှ ဟုတ်ပါရဲ့လားဆို
တာပါ။
ပြီးတော့ အလျှော့အတင်းတွေလုပ်ဘို့ လျှင်မြန်ဖြတ်လတ်နေရမှာမှန်ပေမယ့် ကျုပ်တို့တတွေ ငြိမ်းချမ်းရေး
အတွက် အလျှော့အတင်းလုပ်နေတာလား လျှော့ပစ်လိုက်တာလား ဆိုတာကိုလည်း သံသယဖြစ်မိတာအ
မှန်ပါ။
တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုလျင် ငြိမ်းချမ်းရေးဘယ်လိုမှ ဖြစ်လာစရာမရှိဘူးလို့ ပြောကြလေတော့၊ ဗမာ
စစ်အစိုးရ (မြန်မာအစိုးရ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ နားလည်ရခက်နေတာကအမှန်ပါ။
တကယ်နားမလည်ဘူးလား ဆိုပြန်တော့ နားလည်လိုက်တာက အဆိုးမြင်လွန်းရာကျနေလေမလားပေါ့။
KNU KNLA PC က ပြောရေး ဆိုခွင့်ရှိတဲ့ ဆရာတီးမသေ ပြောသလို ဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေး
တယ်ဆိုတဲ့ အဆင့်ဟာ အင်မတန်နိမ့်ကျပြီး လက်နက်ချရေး သတ်ဖြတ်ရေးအဆင့်ထက်မပိုဘူးတဲ့။
သူတို့အဖွဲ့က လူ ၇ယောက်အသတ်ခံရလို့ ဗမာတာဝန်ရှိ စစ်ခေါင်းဆောင်နဲ့ သွားဆွေးနွေးတော့ ကရင်
တွေအားလုံးအတူတူပဲ အကုန်သတ်ပစ် ဆိုပြီးပြော လွှတ်လိုက်တယ်လို့ ဆိုခဲ့ဘူးပါတယ်။
နောက်တခါ မကြာသေးခင်ကပဲ DKBA က ဗိုလ်မှူးစန်းအောင်ပြောတာက ငြိမ်းချမ်းရေးစင်တာက ငွေတွေ
ကျမလာသေးတဲ့အတွက် ထောက်ပံ့ရေးကိစ္စတွေ နှောင့်နှေးနေရတာဖြစ်ပြီး ငွေရောက်လာတာနဲ့ အားလုံး
အဆင် ပြေအောင်လုပ်ပေးသွားမယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့ စကားမျိုးကို ဦးအောင်မင်းပြောသွား
တဲ့အကြောင်း DKBA က ဗိုလ်မှူးစန်းအောင် ပြောသွားတာကြားလိုက်မိပါတယ်။
KIC နဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ ငြိမ်းချမ်းရေးဖေါ်ဆောင်နေတာဟာ သူတို့အိတ်ထဲက ဆိုက်ပြီးလုပ်နေ
တာ ဖြစ်ပြီး ဘယ်နေရာကမှ အကူအညီမရဘူးလို့ ပြောသွားခဲ့ဘူးပါတယ်။ ငြိမ်းချမ်းရေးကို ငွေနဲ့တည်ဆောက်လို့ရပါ့မလား။
ဘာကြောင့်လဲဆိုတော့ ဗမာစစ်အစိုးရမှာ တိကျသေခြာတဲ့လုပ်ငန်းစဉ်ဘာတစ်ခုမှမရှိဘူး၊ အုပ်ချုပ်ရေး
ယန္တရားအောက်မှာ တရားစီယင်ရေးက အသက်ရှင်နေရတယ်ဆိုတာ ဒေါ်စုပြောသွားတာပဲမဟုတ်လား။
အလျှော့အတင်းကို အချိန်မီမလုပ်မိလျှင် နောက်ပိုင်းလုံးလုံးမလုပ်ဖြစ်တာမျိုး ကြုံလာနိုင်တယ်ဆိုတဲ့ စိတ်
မျိုးနဲ့ စဉ်းစားတွေးတောပြီး လုပ်နေတာများလား။ ဒါမှမဟုတ် ကမူးရှူးထိုးလုပ်မိလိုက်တာလား ဆိုတာကို
ပြန်တွေးမိလိုက်တဲ့အခါမှာ နောက်ဆုံးပိတ်မှာတော့
The invasion of armies is resisted, the invasion of ideas is not.
Victor Marie Hugo (1802 – 1885)
ရန်သူနဲ့ကျုပ်တို့ နှလုံးရည်တိုက်ပွဲမှာ ကျုပ်တို့တတွေများ ရန်သူကို အနိုင်ရဘို့ သိပ်ပြီးတော့အားနည်းသွား
ပြီလား။
ဒါမှမဟုတ် ရန်သူနဲ့နှလုံးရည်ယှဉ်ဘို့ လုပ်ထားတဲ့ကြိုတင်ပြင်ဆင်မှုတွေဟာ လုံလောက်တဲ့ အနေအထား
ထက် လျော့နည်းနေပြီလား ဆိုတာပါ။
ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)