• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 23, 2013

ရေပိုင်နက်အငြင်းပွားမှုအတွက် တရုတ်-ဂျပန် တင်းမာမှုဖြစ်

 

တရုတ်ပင်လယ်ကြပ်မတ်ရေးသင်္ဘောအဖွဲ့သည်

တျောက်ယူကျွန်းပင်လယ်ရပ်ဝန်း၌ 

အခွင့်ကျူးကျော်သော ဂျပန်သင်္ဘောများကို 

ကြပ်မတ်ကြည့်ရှု

2013-04-23

ယနေ့ ၂၃-ရက်နေ့က တရုတ် တျောက်ယူကျွန်းပင်လယ်ရပ်ဝန်း၌ ကင်းလှည့်နေသည့် တရုတ်ပင်လယ်
ကြပ်မတ်ရေးသင်္ဘော အမှတ်-၅၁၊ အမှတ်-၂၃နှင့် အမှတ်-၄၆တို့သည် ဂျပန်သင်္ဘော ၃-၄စင်း တျောက်ယူ
ကျွန်းအနီးတဝိုက်တွင် တွေ့ရှိခဲ့ပြီး ၄င်းအခွင့်ကျူးကျော်သောဂျပန်သင်္ဘောများအား ကြပ်မတ်ကြည့်ရှုကြ
ကြောင်း တရုတ်ပင်လယ်သမုဒ္ဒရာဦးစီးဌာန ဝက်္ဘဆိုက်မှသတင်းအရသိရပါသည်။


ဒီနေရာက ကူးယူပါတယ် http://myanmar.cri.cn/666/2013/04/23/1s25135.htm




23.04.2013

ရေပိုင်နက်အငြင်းပွားမှုအတွက်

တရုတ်-ဂျပန် တင်းမာမှုဖြစ်

by ဗွီအိုအေ(မြန်မာဌာန)

တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စုတ
စု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်
ခဲ့ပါတယ်။

တရုတ်ရေတပ် အစောင့်သင်္ဘော ၈စင်းဟာ အင်္ဂါနေ့မနက်ပိုင်းက ၂ နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်း
တွေအနီးကို ၀င်ရောက်လာတာ ဖြစ်တယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီကျွန်းတွေပေါ်မှာ လူနေထိုင်ခြင်းတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလက ပုဂ္ဂလိကပိုင်ရှင်ထံကနေ ကျွန်းတချို့ကို ဂျပန်က ၀ယ်ယူလိုက်ချိန်ကစလို့ တင်း
မာမှုတွေတိုးလာခဲ့ပြီးတဲ့နောက်ပိုင်း ခုတကြိမ်ဟာ အကြီးမားဆုံးတရုတ်သင်္ဘောအုပ်စု ဒီဒေသကိုဝင်ရောက်
လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီအချိန်ကစပြီး တရုတ်အစိုးရဟာ ပုံမှန်ဆိုသလို ကင်းလှည့်သင်္ဘောတွေ၊ လေယာဉ်တွေ အဲ့ဒီအရပ်
ကို စေလွှတ်ပြီး ဗျူဟာကျတဲ့ ကျွန်းတွေမှာ ဂျပန်ရဲ့ ထိန်းချုပ်မှုကို စိန်ခေါ်နေပါတယ်။
အဲ့ဒီကျွန်းတွေကို ဂျပန်က Senkaku လို့ခေါ်ပြီး တရုတ်က Diaoyu လို့ ခေါ်ပါတယ်။

ဒီကျွန်းတွေတ၀ိုက်မှာ ငါးတွေ အများအပြား ရှိသလို၊ မတူးဖော်ရသေးတဲ့ စွမ်းအင် သံယံဇာတတွေလည်း ရှိတဲ့နေရာ ဖြစ်ပါတယ်။ တရုတ်က ပုံမှန်ကင်းလှည့်နေတဲ့ သင်္ဘော ၃ စီးကို ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့
သင်္ဘောတွေက ၀ိုင်းလာတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ် သင်္ဘော ၅ စီး ထပ်လွှတ်လိုက်တာ ဖြစ်
တယ်လို့ တရုတ်နိုင်ငံ သမုဒ္ဒယာ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ဒီနေရာက ကူးယူပါတယ် http://burmese.voanews.com/content/china-sends-surveillance-ships-near-disputed-islands/1647106.html