Source Photo from http://www.google.com/images
ဦးရွှေမောင်
နှင့်
ဘင်္ဂါလီ လွှတ်တော်အမတ်နှစ်ဦးကို
နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး
ဘူးသီးတောင်မဲဆန္ဒနယ်က လွှတ်တော်အမတ်ဖြစ်လာသည့် ဦးရွှေမောင်အပါအ၀င် ဘင်္ဂါလီလွှတ်တော် အ
မတ်ကို နိုင်ငံသားဟုတ်မဟုတ်စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
နိုင်ငံသားလည်း မဟုတ် တိုင်းရင်းသားလည်း မဟုတ်ပဲ လွှတ်တော်ထဲရောက်ရှိသော ဦးရွှေမောင် အပါအ
ဝင် လွှတ်တော်အမတ်သုံးဦး ကို ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင်နှင့် လွှတ်တော်က စစ်ဆေးပြီး ပြည်
သူလူထု ကျေနပ်အောင်ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်းရင်းသား စာရေးဆရာ ဦးခိုင်အောင်ကျော်က အ
မေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါဝန်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်းလိုက်သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါး
ဝါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်”
ဟု ဦးခင်ရီက ရှင်းပြသည်။
၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန်မတိုင်မီက တိုင်စာရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
Source Photo from http://www.google.com/images
Copy from https://www.facebook.com/RakhineCJ