• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 26, 2013

တ မ်း တ


တမ်း တ

ဂေါ်ရှယ်

ဧပြီ ၂၆၊ ၂၀၁၃

မေတ္တာဖျန်းမှလန်းဆန်းမယ့် မိဘမဲ့ကလေးလေးတွေနဲ့
မိဘရှိပြီး အတူနေခွင့်မရတဲ့ ကလေးလေးတွေအတွက်
မေတ္တာမျှဝေပေမယ့် ကိုယ်ကိုတိုင် နွေးထွေးဖော်ရွေမှုကမ်းလက်ကို မျှော်လင့်ခဲ့မိပါတယ် ...။

အခန်းထောင့်တနေရာမှာ ကြေကွဲပြီး
အထီးကျန်နေသူများကို အဖော်ပြုဖို့ ပြောခဲ့ပေမယ့်လည်း
ကိုယ်ကိုတိုင် ခြောက်သွေ့မှုများနဲ့ အဖော်မဲ့ခဲ့ရပါတယ် ......။

မျှော်လင့်ချက်ကင်းမဲ့ပြီး
ဘ၀ကို စုန်မျှောအရှုံးပေးချင်သူတွေ ကူညီနိုင်ဖို့ အားပေးခဲ့ပေမယ့်
ကိုယ်ကိုတိုင် ပင်ပန်းလေးလံ ထိုင်းမှိုင်းမှုတွေနဲ့အတူ
မနက်ဖြန်နေ့ရက်ကို ရင်မဆိုင်ချင်လောက်အောင် ကျိုးပဲ့ ချိနဲ့နေခဲ့ရပါတယ် ...။

ပင်ပန်းခြင်းတွေနဲ့ ညည်းတွားနေကြသူများကို လှိုင်းကြီးလှေအောက်ပါလို
ပေါ့ပေါ့ပါးပါးလေး အားပေးနှစ်သိမ့်စကားလေး ပြောခဲ့ပေမယ့်လည်း
ဘဝလောကဓံကြားက ကိုယ်တိုင်လှေငယ်လေးက မြုပ်လုမြုပ်ခင်ပါဘဲ ...

အငယ်ဆုံးသောသူတွေရဲ့ဘဝတွေကို မြင်သာလာအောင်
 ရှိသမျှအစွန်းများနဲ့မီးမောင်းထိုးပြနေခဲ့ပေမယ့်လည်း
ကိုယ်တိုင်က အမှောင်ထဲ အတွင်းကြေကြေခဲ့သူပါ
ဘယ်သူသိနိုင်မှာတဲ့ ရေခြား မြေခြားဘဝ (oversea life) လေ ...။


 ဂေါ်ရှယ်

Copy from Moe Ma Kha