• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 10, 2013

ဒုက္ခသည်ဘ၀သို့ ရောက်ရှိရေး ဖန်တည်းကြသူတိ့၏ အာသီသ


ထိုင်းမြန်မာနယ်စပ် မဲ့ဟုန်ဆောင်မြို့နယ် က မီးလောင်သွားခဲ့တဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)
Source Photo from http://www.bbcburmese.com/images

ဒုက္ခသည်ဘ၀သို့ရောက်ရှိရေး ဖန်တည်းသူတို့၏

အာသီသ

April 10, 2013 Wednesday

By မင်းစိုးစံ

ဒုက္ခသည်ဘ၀ကို ဘယ်လိုလူမှ အားကျနေမှာမဟုတ်ပါဘူး။ ဒုက္ခသည်ဘ၀ကို အားကျနေလျင် ဒုက္ခသည်
ဆိုတာရှိတောင်ရှိမှာမဟုတ်ဘူး။ ဒုက္ခသည်ဘ၀ကို အားမကျလို့သာ ဒုက္ခသည်တွေ ပုံစံအမျိုးမျိုး နေရာအနှံ့
ရှိနေရတယ်လို့ထင်ပါတယ်။
ဘာကြောင့်လဲ ကမ္ဘာပေါ်မှာ ကုဋေကြွယ်သူဌေးဦးရေ ထက် အစာရေဆာငတ်နေတဲ့ လူက ပိုများနေတာကို
က သက်သေပဲ။ သူဌေးသူကြွယ်တွေကို မေးကြည့်လိုက်စမ်းပါ ခင်ဗျားတို့ဒုက္ခသည်ဘ၀ကို လိုချင်ပါရဲ့လား
လို့။

ဒီလိုမေးလျင် တဘက်သပ်ကြီးဖြစ်နေတယ်။ သာမာန်လူလတ်တန်းစားတွေကို မေးကြည့်တာ က ပိုပြီးသင့်
လိမ့်မယ်ထင်ပါတယ်။ ဒုက္ခသည်ဘ၀ကို အားကျတဲ့လူထက် သန်းကြွယ်သူဌေးဘ၀ကိုလိုချင်သူက ပိုများ
မှာအသေအခြာပါ။

တချို့ငြင်းမလားတော့ မပြောတတ်ဘူး။ ဥပမာ လမ်းခင်းတဲ့ကျောက်ခဲနဲ့ စိန် ဆိုလျင် ဘာကိုလိုချင်ကြသလဲ၊
ဘာကြောင့်စိန်ကိုလိုချင်ရတာလဲ။ တန်ဘိုးကြီးလို့။ ဘာဖြစ်လို့ တန်ဘိုးကြီးရသလဲ။ ရှားလို့။ သူဌေးသူကြွယ်
နဲ့ ဆင်းရဲသူ ဘယ်သင်းပိုများတုန်း။ အဲဒါပဲ လူတိုင်းချမ်းသာချင်နေကြတာ။

နောက်ထပ်ဥပမာ တစ်ခုပြောပြမယ်။ မိတ်ဆွေအနေနဲ့ နာရေးကျော်ငြာတွေဖတ်ဘူးပါလိမ့်မယ်။ သူဌေးတွေ
ရဲ့ အမည်နာမကိုသာ တွေ့ရမှာပါ။ သာမာန်ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေ နေ့စားသမားတွေ ပန်းရံအ
လုပ်လုပ်သူတွေ အထုပ်ထမ်းသူတွေ ၀က်သားတုတ်ထိုးရောင်းတဲ့သူတွေ နာမည်ပါပါရဲ့လား။ ဘယ်ပါမလဲ
 ငွေလေဗျ ငွေ။
ဆိုလိုတာကတော့ လူချမ်းသာတွေက သူတို့မှာရှိတဲ့အဆောင်အယောင်တွေကြောင့် သေသွားတာတောင်
ကျန်ရစ်သူတွေက ဂုဏ်ယူနေချင်ကြ၊ ထင်ပေါ်ကျော်ကြားချင်ကြပြီး စိတ်ဝင်စားစေချင်ကြတာကိုး။

လူတိုင်းဟာ လူ့ဘ၀မှာ ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေချင်ကြတာချည်းပါပဲ။
ဘယ်သူမှ ငတ်တစ်လှည့်ပြတ်တစ်လှည့်ဘ၀မျိုးနဲ့ မနေချင်ကြသလို ကြောက်ရွံ့ထိတ်လန့်နေရတဲ့ အသက်
ရှင်နေထိုင်ရမှုကို မလိုလားမတောင့်တကြပါဘူး။ အခုများမှာတော့ လူတွေဟာ စိုးရွံ့ထိတ်လန့်စွာနဲ့ နေထိုင်
အသက်ရှင်နေ ကြရရှာပါတယ်။ (ကျုပ်အပါအ၀င်)

အဲဒီမှာ လူဘယ်နှစ်မျိုးနှစ်စားရှိတယ်ထင်ပါသလဲ။ လူအမျိုးအစား စုစုပေါင်း ၂၂မျိုးရှိပါတယ်။
ဟုတ်ပါ့မလား။ လူဆိုတာ အသားဖြူ အသားဝါ အသားနီ အသားမည်း လေးမျိုး။ အေ ဘီ အို အေဘီ သွေး
အုပ်စုလေးမျိုး။ ဒါပဲ ရှိနေတဲ့ဟာကို လူအမျိုးစား ၂၂မျိုးဆိုတော့ ဘာကိုဆိုလိုတာပါလိမ့်နော်။ မသိချင်ကြ
ဘူးလား။ ချင့်ချိန်ပြီးတော့မှ ယုံကြပေါ့ဗျာ။ ကျုပ်ကတော့ သိတော်မူကြတဲ့အတိုင်းပဲ။ သိလို့တတ်လို့နား
လည်လို့ မဟုတ်ဘူး။ ကြားဘူးနားဝ လေးနဲ့လျှောက်ရေးနေတာ။ ကိုယ်တိုင်ကိုယ်ကျ အဖြစ်ကိုမရှိတာ။
ကဲဗျာ လူ၂၂မျိုးကိုရေးပြမယ်။

ပထမဆုံးအမျိုးအစားက ကြောက်တတ်တဲ့လူနဲ့ မကြောက်တတ်တဲ့လူ။ မြင်အပ်တဲ့လူနဲ့ မမြင်အပ်တဲ့လူ။
ဘ၀ဆုံးနေတဲ့လူနဲ့ ဘ၀မဆုံးတဲ့လူ။ အနီးကလူနဲ့ အဝေးကလူ။ ပိန်တဲ့လူ ၀တဲ့လူ နဲ့ မ၀မပိန်တဲ့လူ။ ကိုယ်
ခန္ဓာကြီးတဲ့လူ ခန္ဓာကိုယ် သေးတဲ့လူ နဲ့ ခန္ဓာကိုယ်မကြီးမသေးတဲ့လူ။ အရပ်မြင့်တဲ့လူ အရပ်ပုတဲ့လူ နဲ့ အ
ရပ်မပုအရပ်မမြင့်တဲ့လူ။ လူအချင်းချင်းကို အထင်သေးတဲ့လူ။ လူအချင်းချင်းကို လိမ်ညာလှည့်စားတဲ့လူ။
လူအချင်းချင်းကို ဆင်းရဲဒုက္ခ ရောက်အောင်လုပ်တဲ့လူ။ စုစုပေါင်း ၂၂မျိုးရှိတယ်။

အဲဒီလို ၂၂မျိုးသောလူဟာ နေရာတိုင်းမှာရှိတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ(ဗမာနိုင်ငံ)က လွှတ်တော်ထဲ
မှာရှိတယ်။ မြို့တော်ရန်ကုန်မှာရှိတယ်။ နေပြည်တော်မှာရှိတယ်။ နေရာတိုင်းမှာရှိတယ်။ မြို့တိုင်း ရွာတိုင်းမှာ
ရှိတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ(ဗမာနိုင်ငံ)ထဲက ဒုက္ခသည်စခန်းမှာရှိတယ်။ ပြည်ပ ဒုက္ခသည်စခန်းမှာရှိ
တယ်။စက်ရုံအလုပ်ရုံတွေမှာရှိတယ်။
အဖွဲ့အစည်းတိုင်းမှာရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်း။ နိုင်ငံရေးအဖွဲ့အစည်း။ လူမှုရေးအဖွဲ့အစည်း။ ကမ္ဘာ့
နေရာဒေသတိုင်းမှာ ရှိတယ်။ ယုံရဲ့လား။
သတင်းတွေနားထောင်ကြည့်။ ဓါတ်ပုံတွေကိုကြည့်။ ရုပ်သံတွေကိုကြည့်။ အသေအခြာကြည့်ပါ။ သို့ပါသော်
လည်း နေရာဒေသတစ်ခုနဲ့တစ်ခု လုပ်ငန်းဆောင်တာတစ်ခုနဲ့တစ်ခု မတူတဲ့အတွက် အနည်းနဲ့အများကွဲပြား
ခြားနားတာကလွဲလျင် နေရာတိုင်းမှာ လူအမျိုးစား ၂၂မျိုးထဲက တစ်မျိုးမျိုးကတော့ ရှိနေတာအမှန်ပါ။

ကျုပ်တို့ကရင်စကားပုံမှာ စူးနုံ ဖိုဟ်ထ၀့် သိင်းလးအိင်းလဲါ(ဗမာလိုအသံထွက် ဆူးနုံဖူးထေါ့ သိန်းလါးအိန်း
လယ်)လက်ချောင်းတွေ အတိုအရှည်ရှိသလို သစ်ရွက်တွေ အကျဉ်းအကျယ်ရှိတယ် လို့အဓိပ္ပါယ်ရပါတယ်။
လူ့ဘ၀မှာ လူ့လောကမှာ အဆိုးတွေ အကေါင်းတွေ ပျော်ရွှင်ကြည်နူးစရာတွေ ၀မ်းနည်းကြေကွဲစရာတွေ စ
သည်ဖြင့်ပေါ့ဗျာ ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ မွှမ်းထုံထားတာ အားလုံးသိကြပါတယ်။ သိနေကြပါ
လျှက် ဘာကြောင့်လူကိုလူလို့ မမြင်နိုင်ကြပဲ ခွဲခွဲခြားခြားဆက်ဆံနေကြရတာလဲ။

ကျုပ်ရော လူတွေကိုခွဲခြားဆက်ဆံပါသလား။ ဟုတ်ကဲ့ အသေအခြာကို ခွဲခြားဆက်ဆံပါတယ်။ ဘာကြောင့်
လဲဆိုတော့ ကျုပ်ရဲ့အကျိုးစီးပွါး ကျုပ်အမျိုးသားရဲ့အကျိုးစီးပွါး ကျုပ်နိုင်ငံရဲ့အကျိုးစီးပွါး အဲဒါတွေကို ထိခိုက်
လာပြီ လို့ တွေးထင်ယူဆထားသူတွေကို လူဆိုးကြီးတွေလို့ သတ်မှတ်ဆက်ဆံပါတယ်။ တနည်းနည်းနဲ့တုန့်
ပြန်ပါတယ်။
အဲဒီတော့ တစ်ဘက်ကလည်း ကျုပ်ကို သူတို့အကျိုးစီးပွါး သူတို့အမျိုးသားရဲ့အကျိုးစီးပွါး သူတို့နိုင်ငံရဲ့ အ
ကျိုးစီးပွါးကို ထိခိုက်အောင်လုပ်တဲ့လူ ဆိုပြီးတော့ လူဆိုးကြီးလို့ ပြန်မြင်ပါတယ်။ နည်းမျိုးစုံနဲ့ ပြန်လည်တုန့်
ပြန်ကြပါတယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေပါတော့တယ်။

အခုတလော ဒုက္ခသည်စခန်းတွေမှာ လူဟောင်းတွေကုန်သလောက်ရှိနေပြီး လူသစ်တွေသာကျန်တော့
တယ်ဆိုတဲ့ အသံတွေကြားရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်(ဗမာပြည်)ကို ပြန်ပို့မယ်ဆိုတဲ့အ
တွက် ဒုက္ခသည်တွေ စိုးရိမ်နေကြတယ်တဲ့။ မေးပါရစေ။
ပြန်ပို့ဘို့လုပ်နေတဲ့ အဖွဲ့အစည်းတွေထဲကလူတွေကိုပေါ့နော်။ ဘယ်သူကများ ကိုယ့်နေရာ ကိုယ့်ဒေသက
နေ အိုးပစ်အိမ်ပစ်နေချင်ကြပါသလဲ။ အရှင်ဆုံးပြောမယ်ဆိုလျင် ကိုယ့် ကိုယ်ပိုင်မြေယာပေါ်မှာ သဲပွတ်ခင်း
ထားတဲ့တဲအိမ်လေးထဲ နေနေရတာက သူတပါးပိုင်တဲ့ တိုက်ခန်းပေါ်မှာနေရတာထက် စိတ်ချမ်းသာတယ်
ဆိုတာ ခင်ဗျားတို့သိစေချင်ပါတယ်။
ငြိမ်းချမ်းနေတယ်၊ လွတ်လပ်နေတယ်၊ ဖိနှိပ်ချုပ်ချယ်မှု မရှိဘူး၊ မတရားတဲ့ဥပဒေ တွေမရှိဘူး ဆိုလျင်ပေါ့
လေ။(ထိပ်ပိုင်းခေါင်းဆောင်တွေသဘောနဲ့ ချမှတ်တဲ့ စည်းကမ်းဥပဒေမှန်သမျှ တရားမျှတခြင်းနဲ့ ပြည့်စုံမှု
မရှိနိုင်ပါဘူး)။

စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြား သေနတ်သံတိတ်နေရုံလေး၊လက်နက်ကြီး
 ကျည်မပေါက်ရုံလေးနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတာ ဒုက္ခသည်တွေရဲ့ ဆန္ဒကိုလျစ်လျှုရှုရာ အ
သိအမှတ်မပြုရာရောက်နေပါတယ်။
ပြောမှသိ ထိမှနာ သာမှပေါင်း သေမှခင် ဤလေးအင်လူတွင်မကျင့်နှင့် ဆိုတဲ့ဆုံးမစာရှိပေမယ့် လိုက်နာနိုင်
တဲ့လူက ခက်ရှားရှားရယ်။ ကိုယ်နေထိုင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင် အိမ်နားနီးချင်းနဲ့ စကားများရတာနဲ့ မ
ခေါ်မပြော ချင်ရတာနဲ့ မေးငေါ့ရတာနဲ့ မကောင်းကြောင်းပြောရတာနဲ့ အချိန်တွေကိုဖြုဉ်းပစ်ကြတယ်။

ဒုက္ခသည်စခန်းထဲမှာ အတူနေရတာတောင် ဟေ့ ငါက မင်းတို့ကိုအုပ်ချုပ်နေတာ ငါပြောတာနားထောင်
ရုတ်ရုတ်မလုပ်နဲ့ ရိက္ခာဖြတ်ပစ်လိုက်မယ် ဘာမှတ်တုန်း ဆိုတာရှိသလို နင်က ငါတို့မိသားစုထက် အများ
ကြီးနောက်ကျမှ ရောက်လာတာ ရိက္ခာကျတော့ အစောကြီးရတယ်။ ငါတို့ကျ ဘာဖြစ်လို့မရတာလဲ။ ဆိုတာ
မျိုးတွေ။ ဟိုလူကွာ ရပ်ကွက်ထဲမှာ တ ခါမှမတွေ့ဘူးပါဘူး အခုတော့ တတိယနိုင်ငံထွက်သွားပြီ ဆိုတဲ့အသံ
တွေကြောင့် လူ့အခွင့်အရေးချိုးဖေါက်ခံရတယ် ပြောမလား။ မတရားဘူးလား။ ဘာမှန်းဝေခွဲလို့မရပေမယ့်
တကယ်တမ်း မတည့်သူတွေအတူနေကြတဲ့ ဒုက္ခသည်စခန်းကနေ ခွါရတော့ မျက်ရည်စတွေနဲ့ နှုတ်ဆက်
ကြရှာလေရဲ့။

အတူနေစဉ်မှာ တည့်အောင်မနေနိုင်ကြတဲ့နောက် ခွဲခွါရမယ့်အချိန်မှာ ဘာကြောင့်မျက်ရည်တွေနဲ့နှုတ်ဆက်
ချင်ကြရတာလဲ။ သွားမယ့်သူကလည်း ငို၊ ကျန်ရစ်ခဲ့သူကလည်း ငို၊ မြင်နေရတဲ့လူကလည်း ငို၊ ဘာမျှမဆိုင်
တဲ့လူက လည်း ငို၊ သူတို့အဖြစ်ကိုကြည့်ပြီး ငိုတဲ့လူကလည်း ငို၊ လူ့လောကကြီး ဘာတွေဖြစ်နေမှန်းကိုမသိ
တော့ဘူး။

ဘယ်လိုတွေဖြစ်ဖြစ် ကရင်လူမျိုးတွေကတော့ ကိုယ်ပိုင် အိုးအိမ် လယ်ယာမြေ ဓလေ့ထုံးတမ်းတွေကို စွန့်
လွှတ်ကြပြီး အိမ်နီးချင်းနိုင်ငံမှာနေရင်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နိုင်ဘို့စောင့်ဆိုင်းနေရာကနေ ငါ့အိုးငါ့အိမ်
ငါ့လယ်မြေ ငါ့တောင်ယာမှာ ငါ့ဥယျာဉ်ထဲမှာ ငါ့ဓလေ့ထုံးစံတွေကို အေးအေးချမ်းချမ်းလုပ်ဘို့ မဖြစ်နိုင်တော့
ပါလား ဆိုတဲ့ဝမ်းနည်းကြေကွဲစိတ်နဲ့ တတိယနိုင်ငံကိုထွက်လာကြသလို ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်တွေခမျာ
တို့မှာလည်း ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ရဲ့လက်ထဲ သူတို့ဘ၀တွေဘယ်လိုဖြစ်လာမလဲဆိုတာ တွေးပူနေ
မှာတော့အမှန်ပါပဲ။

ကရင်တွေပိုင်တဲ့မြေ ပိုင်တဲ့လယ် ပိုင်တဲ့တောင်ယာခင်း ပိုင်တဲ့ဥယျာဉ်ခြံတွေအပေါ်မှာ ကရင်တွေမနေတော့
တဲ့နောက် မနေနိုင်တော့တဲ့နောက် မြေယာဥယျာဉ်တွေကို ပိုင်မယ့်လူကတော့ ကရင်တွေကို စနစ်တကျနဲ့
ရေတိုရေရှည်စီမံကိန်းတွေကို မဟာဗျူဟာမြောက်အကွက်ချပြီး မောင်းထုတ်ပစ်သူတွေသာ ဖြစ်ပါတော့
တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)