• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 10, 2013

ငအ အိပ်မက်

 
Source Photo from face book
ကျုံဒိုး မီးပုံပွဲ

April 9, 2013 Tuesday

 ငအ, အိပ်မက်

By မင်းစိုးစံ

ဒီမနက် အိပ်မက်အကြောင်းတွေးနေမိတယ်၊ အိပ်မက်ကို အတိတ်နမိတ်ကောက်တဲ့သူတွေရှိသလို သွေး
လေချောက်ခြားလို့မက်တာတို့ နေ့လည်နေ့ခင်းက ဖြစ်ပျက်တာတွေထဲက အချို့ကိုစွဲလန်းပြီး မက်တာတို့
ဆိုတဲ့ ပြောဆိုတာတွေလည်းကြားဘူးတယ်။
ဒီအထဲကမှ ကောသလ္လမင်းကြီးရဲ့ အိပ်မက် ၁၆ချက်ဆိုတာကို သတိရမိတယ်။
အိပ်မက်က အကြောင်းအရာတွေကို နမိတ်ဖတ်တဲ့ ပညာရှိကြီးတွေဆိုမိန့်ခဲ့တဲ့အတိုင်း ဒီကနေ့ခေတ် ဖြစ်
ပျက်နေတာတွေနဲ့ အတော်များများ ကိုက်နေတာတွေ့ရတော့ အိပ်မက်ကိုနမိတ်ဖတ်ပြီးမှ လုပ်စရာရှိတာ
တွေလုပ်ပြီး မလုပ်သင့်တာတွေကို မလုပ်ပဲနေရတော့မလား ဆိုတဲ့အတွေးက ၀င်လာပြန်တယ်။

ဗုဒ္ဓဘုရားရှင်ကတော့ ဟောခဲ့ပါတယ် ဘယ်အရာကိုမှ မယုံပါနဲ့တဲ့ ကိုယ့်အသိဉာဏ်နဲ့ အသေအခြာစီစစ်ပြီး
မှ ယုံပါတဲ့။ နောက်ဆုံး သူပြောဟောတာကိုတောင် မယုံပါနဲ့တဲ့။ မိမိကိုယ်တိုင် သေသေခြာခြာစမ်းစစ်ပါ
ပြီးတဲ့အခါကျမှ ယုံပါတဲ့။
ဘုရားရဲ့မိန့်မှာချက်တွေကို လိုက်နာသလား မလိုက်နာဘူးလားတော့ မဆိုတတ်၊ အိပ်မက်ကျမ်း ဆိုတဲ့စာ
အုပ်ကတော့ ရောင်းကောင်းနေတုန်းပဲ။

ကျုပ်တို့ကရင်တွေကျတော့ မယုံဘူးဆိုလျင် လုံးဝကိုမယုံဘူး၊ ယုံပြီဆိုလျင်ဖြင့် ကိုယ့်သမီးတောင် ပေးပစ်
တာ။ ကရင်တွေနာသလား။ မနာနဲ့။ တကယ့်လက်တွေ့။ သူများအမျိုးကိုမပြောဘူး၊ ကျုပ်အမျိုးထဲက အမျိုး
တစ်ယောက်အကြောင်းပြောပြမယ်။

သူက ဗမာစစ်တပ်က ထောက်ပံ့နဲ့ထောက်ပို့မှာ တပ်ကြပ်ကြီးအဆင့်။ သင်တန်းတက်နေကြတဲ့အချိန်ပေါ့။
ထမင်းစားချိန်မှာ ဗမာတစ်ယောက်က သူ့ကို ကရင်ပုတ် ကရင်ပုတ် လို့ခေါ်တယ်တဲ့။
သူကပြောတယ် မခေါ်နဲ့ကွာ ငါ့နံမည်ရှိတယ်။ လို့ဆိုတော့ သူ့ကို စေ့စေ့ကြည့်ပြီး ခေါ်တော့ မင်းကဘာလုပ်
ချင်လဲ၊ ကရင်ကို ကရင်လို့ခေါ်တာ ဘာဖြစ်လဲ။ ဘေးကသင်တန်းသား တွေ ၀ိုင်းပြီးရယ်(ရီ)ကြပါရောတဲ့။

သူထမင်းစားပြီးချိန်အထိ ထမင်းကို ဘယ်လိုလုပ်စားလိုက်မှန်းမသိအောင် ဒေါသထွက်သတဲ့။ နောက်နေ့
တွေမှာလည်း အဲဒီလိုပဲ ကရင်ပုတ် ငါးပိငုတ်။ ကရင်ပုတ် ခွေးသားတုတ်။ လို့ပြောပြီး ၀ိုင်းရယ်(ရီ)ရယ်ကြ
သတဲ့။
တစ်နေ့သောထမင်းစားချိန်မှာတော့ အဲဒီလိုပြောဆိုရယ်မောရင်း သူ့နေရာသူပြန်ထိုင်ပြီး ထမင်းစားနေတဲ့
လူကို အစိမ်းရောင်ထမင်းစားပန်းကန်ပြားနဲ့ အလျားလိုက်ဝေ့ပြီး ပစ်ပေါက်လိုက်တာ အဲဒီရဲဘော်ရဲ့နားရွက်
ပြတ်ထွက် သွားပါတော့တယ်။

ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်မှုနဲ့ အပြစ်ပေးခံရပါတယ်။ နားရွက်ပြတ်တဲ့ရဲဘော်လည်း မလွတ်ပါဘူး
နှစ်ယောက်စလုံး ဘောလုံးကွင်းရဲ့ပြေးလမ်းပေါ်မှာ အုဋ်နီခဲရှစ်လုံးစီထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး
ပတ်ပြေး ကြရပါသတဲ့။ (အရင်တုန်းက ပ လ က လို့ခေါ်တဲ့ အုဋ်နီခဲထူထူနင့်နင့်အကြီးစားတွေပါ)။
အဲဒီလို ဘောလုံးကွင်းကိုပတ်ပြေးနေတဲ့အချိန်မှာ ၀ီစီအသံကိုနားထောင်ပြီး လျှောက် ပြေး အမြန်ပြေး ဆို
ပြီး လုပ်ရတာဖြစ်တဲ့အတွက် တစ်ယောက်မှားလျင် နှစ်ယောက်စလုံး အစကနေပြန်လုပ်ကြရပါသတဲ့။

စစ်မှုထမ်းတုန်းက ကြားခဲ့ ရသမျှ သင်ခဲ့ရသမျှ နာယူခဲ့ရသမျှ ကြုံလာသမျှ ဆေးနဲ့အငြိမ်းစားယူပြီး သူနေတဲ့
ရွာကိုပြန်ရောက်တော့ ဘာမှမဆိုင်တာကိုတွေ့လိုက်ရလို့ ဗမာစစ်တပ်ကို အရမ်းစိတ်နာသတဲ့။ အဖြစ်က ဒီ
လိုဗျ။

ညနေပိုင်းလယ်ထွန်အပြီး ရွာထဲပြန်ဝင်လာတဲ့သူ့ဦးလေးကို ရွာထဲရောက်နေကြတဲ့ ဗမာစစ်သားကမေးလား
မြန်းလားလုပ်တော့ ဗမာလိုမပြောတတ်လို့ဆိုပြီး စစ်ဆေးလိုက်ကြတာ အသက်ပါသွားတယ်။
ဒါကြောင့် သူ့သားတွေ သူ့တူတွေကို မင်းတို့ ဗမာကိုမယုံနဲ့ သူတို့ကိုမွေးလိုက်က တည်းက သူတို့မိဘတွေ
က ငါးမျှားချိတ်လို ကောက်ကျစ်တဲ့ဗီဇမျိုးစိတ်တွေ ထည့်ပေးလိုက်တာ၊ ယုံမိလျင် ဘ၀ပျက်လိမ့်မယ် ဆိုပြီး
ဗမာမုန်းတီးရေးတရားဟောလိုက်တာ ကွယ်လွန်သွားတဲ့အထိပါပဲ။ သူ့သားသူ့တူတွေလည်း သူ့အတိုင်းပဲ
ဗမာဆိုတဲ့အသံ ကြားရုံနဲ့ အမှုန့်ကြိတ်ပစ်ချင်တာ။ ဗမာစစ်သားတွေကလည်း စိတ်နာအောင်လုပ်ပြီးရင်းလုပ်
နေကြတာကိုး။

အဲဒီလိုနဲ့ ကျုပ်တို့ခေတ်ရောက်လာတော့ ဗမာစစ်တပ်က စခန်းတွေဘာတွေလာဆောက် စခန်းချပြီး အခြေ
ချ နေထိုင်လာရာကနေ ကရင်တွေဗမာလိုပြောတတ်ဆိုတတ်လာပြီး ကရင်မလေးတွေ ဗမာစစ်သားတွေနဲ့
ရည်ငံကြ အိမ်ထောင်တွေပြုကြတဲ့အထဲမှာ ကျုပ်အမျိုးထဲက ကရင်မလေးလည်း ဗမာစစ်သားနဲ့ညားပါလေ
ရော။ သူ့အဖေက သဘောကျလို့တဲ့လေ။ မှတ်ကရော။
တချိန်တုန်းကတော့ ဗမာကိုမယုံဘူးပြောခဲ့တဲ့ အဓိပတိကြီးက အခုတော့ သမီးတောင်ပေးလိုက်သေး။
ဖြစ်ချင်တော့ အဲဒီဗမာစစ်သားမှာ မယားကြီးငုတ်တုတ်နဲ့ဆိုတာ ဗမာစစ်သားနောက်လိုက်သွားတဲ့သမီး ပြန်
ပြောမှသိရတယ်တဲ့ဗျာ။ ရွာကိုပြန်ရောက်လာတဲ့သမီးမှာက နေ့စေ့လစေ့ဖြစ်နေပြီ။

ဒါကြောင့် ကရင်လူမျိုးဆိုတာ သူတို့ယုံပြီဟေ့ဆိုလျင် သမီးတောင်ပေးတာ။ ကရင်တွေ မနာနဲ့။
နာလျင် ဗမာနဲ့ ဘယ်လိုအလုပ်မျိုးမဆိုတွဲလုပ်မယ်ဆိုလျင် သတိလေးတော့ထား၊ ဗမာလိမ်နေတာသိသိကြီး
နဲ့ သစ္စာရှိရှိ ရိုးရိုးသားသား ယုံကြည်မှုနဲ့ လုပ်နေတာပါဆိုတာကတော့ ပုဂ္ဂလိကအကျိုးအမြတ်အတွက်ဆို
လျင် သိပ်မှန်တာပေါ့ဗျာ။ တစ်ဦးတစ်ယောက်အနေနဲ့ပဲ အကောင်းအဆိုးခံစားရမှာလေ။

အမျိုးသားရေးမှာတော့ ကရင်တွေ ဗမာလိမ်တာသိလျင် သားစဉ်မြေးဆက် ငြိမ်းချမ်းရေးလုပ်ဘို့အကြောင်း
မပြောနဲ့ သားစဉ်မြေးဆက်မယုံဘူး ဆိုတဲ့စကားဟာ ကရင်တမျိုးသားလုံးရဲ့ကံကြမ္မာကို မိုက်ရူးရဲဆန်ဆန်
အလောင်းအစားလုပ်တာနဲ့ အတူတူပဲလို့ ကျုပ်မြင်ပါတယ်။

အမြင်မှားတွေ အတွေးမှားတွေလို့ ပြောချင်တဲ့ညီအစ်ကိုတွေ ကြိုက်သလိုပြောကြပါ။ ပြောပြီးလျင် အခြေအ
နေကို ခဏလောက်စောင့်ကြည့်လိုက်ပါ။ ကရင်လူထုရဲ့အသံကို ကြားရပါလိမ့်မယ်၊ အဲဒီအချိန်ရောက်လာမှ
မှန်တယ်မှားတယ်လို့ ဆုံးဖြတ်မယ့်အစား အကောင်းဆုံးအတွက်မျှော်လင့်ထားသလို အဆိုးဆုံးအတွက်အ
သင့်ပြင်ထားပြီးသားဖြစ်ဘို့လိုပါတယ်။ အခုကတည်းက ပြင်ထားရမှာ။ ဗမာတွေ ငါတို့ကိုလိမ်တယ် ချကွာ
ဆိုပြီး အဲဒီအချိန်ကျမှ ထဆော်မယ်ဆိုလျင် ကျုပ်အမျိုးထဲကမိန်းကလေးလို ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆို
ဘာမှဆက်လုပ်စရာမရှိတော့ဘူး။
တခုပဲရှိတယ်၊ အဲဒါက မျိုးဆက်သစ် ကျွန်ကရင်လေးတစ်ယောက် ထပ်မွေးထုတ်လိုက်ကြယုံပေါ့၊ မကောင်း
ဘူးလား။ မှားသွားလားမသိ။ ဒါဆိုလည်း မျိုးဆက်သစ် သစ္စာရှိကရင်လေးပေါ့ဗျာ။

အိပ်မက်ထဲကအကြောင်းအရာတွေအပေါ် နမိတ်ဖတ်တာယုံသလားမယုံဘူးလား ဆိုတာကိုရေးလိုက်တာ
မဆိုင်တဲ့ဘက်ရောက်သွားတယ်၊ ကောသလ္လမင်းကြီးရဲ့ အိပ်မက် ၁၆ချက်အကြောင်းရေးထားတဲ့ ပိုးကရင်
ဘာသာနဲ့စာလေးတင်လိုက်ဦးမှလို့ စိတ်ကူးရတာနဲ့ ကောသလ္လအိပ်မက် ၁၆ချက်နဲ့ဆိုင်တဲ့ ပုံလေးတွေရှာဘို့
Google ကိုဖွင့်ပြီး ဗမာစာလုံးရိုက်ထည့်လိုက်တော့ ဆိုက်တွေအများကြီးထွက်လာတယ်။ ကောသလ္လ မင်း
ကြီးရဲ့ အိပ်မက်၁၆ချက်ဆိုတဲ့ ခေါင်းစည်းနဲ့ပေါ့ဗျာ။

ပိုးကရင်လိုရေးထားတဲ့ အဲဒီကောသလ္လမင်းကြီးအိပ်မက်က စကားပြေမဟုတ်ပဲ လင်္ကာတွေဖြစ်နေတော့
စကားပြေလိုပါတွဲဘက်ပြီးရေးချင်တဲ့ကျုပ်အတွက် အတော်ကိုခက်ခဲ လှပါတယ်။ ဘာကြောင့်လဲဆိုတော့
ဆရာတော်ရေးထားတဲ့ လင်္ကာတွေမှာ ကျုပ်နားမလည်တဲ့ မကြားဘူးတဲ့ စာလုံးတွေ များနေလို့ဖြစ်ပါတယ်။

ပိုးကရင်လိုရေးထားတဲ့အပြင် စကားလုံးတွေကလည်း အလွန်ရှေးကျတဲ့အတွက် စာဖတ်သူတွေ နားမလည်
နိုင်မှာကို စိုးရိမ်မိတာအမှန်ပါ။ ဒီလိုရေးလိုက်တော့ စာဖတ်သူကိုစော်ကားလှချည်လားဆိုပြီးအမျက်တော် မ
ရှကြပါနဲ့ဗျာ။ နောက်တစ်ခုက မှားနေတဲ့စာလုံးတွေ မှားနေတဲ့ဘာသာပြန်မှုတွေကို ပြုပြင်ပေးမယ့်ဆရာတွေ
မရှိတာကလည်း ကျုပ်ကိုအားလျော့စေတာအမှန်ပါ။
တနည်းပြောရလျင် ပိုပြီးတော့ အားနည်းချို့ယွင်းချက်တွေနဲ့ အမှား တွေဘက်ကိုသာ တွန်းပို့နေလေသလား
လို့ပါ။ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖေါ်နေတာမဟုတ်မှန်းသိပေမယ့် တခါတလေမှာ လက်တွေ့
လုပ်ရမှာတွေကိုအိပ်မက်လို သဘောထားမိလေပြီလား ဆိုတဲ့အတွေးတွေကလည်း ၀င်ဝင်လာပါတယ်။
ဒီအချိန်က ကျုပ်အတွက် ၀ိပဿနာအလုပ်လုပ်ရမယ့်အချိန်လေ။ အဲဒီတော့မဆိုင်တဲ့အလုပ်ကိုလုပ်နေတာ
များလားဆိုပြီးစဉ်းစားမိတာ အကြိမ်ကြိမ်အခါခါပါပဲ။ အဲဒီတော့ ကျုပ်ကြားဘူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ အိပ်
မက်အကြောင်းကို အဆုံးသပ်ကြည့်ကြပါစို့။

အခါတပါးမှာ သူဌေးကြီးတစ်ဦးရဲ့ ခြံကျယ်ကြီးကိုစောင့်ရတဲ့ အစောင့်တစ်ယောက်ရှိပါတယ်၊ သူဌေးအတွက်
ခြံတံခါး အဖွင့်အပိတ်လုပ်ရသလို ညစောင့်လည်းဖြစ်ပါတယ်။ တနေ့မှာတော့ ကိစ္စတစ်ခုနဲ့ သူဌေးကအပြင်
သွားဘို့အတွက် ခြံတံခါးဖွင့်ပေးရင်း
သူဌေးမင်းခင်ဗျား။ ဒီကနေ့ သွားမယ့်ခရီးကို မသွားပါနဲ့လား။ ညက ကျွန်တော်မျိုးရဲ့ အိပ်မက်ထဲမှာ သူဌေး
မင်းစီးတဲ့ကားနဲ့ အခြားမော်တော်ယာဉ်တို့ မတော်တဆ တိုက်မိတယ်လို့ အိပ်မက်တဲ့အတွက်ကြောင့်ဖြစ်ပါ
တယ်ခင်ဗျား။ လို့ငိုယိုပြီးတောင်းပန်သတဲ့။
ဒီတော့သူဌေးကလည်း အဲဒီခရီးစဉ်ကို ဖျက်လိုက်ပါရောတဲ့။ အမှန်ပါပဲ အဲဒီနေ့မှာ သူဌေးကြီးစီးမယ့်ကား
ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်တဲ့။
နောက်မကြာမတင်ရက်တွေမှာလည်းပဲ အိပ်မက်မက်နေတဲ့ညစောင့်ဟာ သူဌေးကြီးကို သူ့အိပ်မက်မက်တဲ့
အကြောင်း ပြောပြောပြီးတောင်းပန်လေ့ရှိသတဲ့။ သူတောင်းပန်တိုင်း သူဌေးကြီးကသူ့ခရီးစဉ်ကိုဖျက်သလို
အိပ်မက်တဲ့အတိုင်းလည်း အပြင်မှာ တကယ်ဖြစ်သတဲ့။ မကြာပါဘူး အဲဒီညစောင့် အလုပ်ပြုတ်သွားပါတော့
တယ်။
အဲဒီပုံပြင်ထဲက ညစောင့်လို ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်ပဲ အပိုလုပ်နေတဲ့လူဟာ ကျုပ်သာဖြစ်ခဲ့မယ်
ဆိုလျင်ဖြင့်……။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)