• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, May 19, 2013

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ စုံညီအစည်းအဝေးပြီးဆုံး

 
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ်လ ၂၉ ရက်နေ့ကကျင်းပ ခဲ့တဲ့ ကရင်ရေးရာ အစည်းအဝေး အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Moe Thu Aung 

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ 

ငြိမ်းချမ်းရေးကော်မတီ စုံညီအစည်းအဝေးပြီးဆုံး

2013-05-19

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာကျင်းပခဲ့တဲ့ ကရင်ရေးရာအစည်းအဝေးက ရွေးချယ်တင်
မြှောက်လိုက်တဲ့ ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီဟာ ရန်ကုန်မြို့မှာ ဒီ
ကနေ့ စုံညီအစည်းအဝေးတစ်ရပ်ကို နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကရင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေး၊ အစိုးရနဲ့ KNU ကြား ငြိမ်းချမ်းရေး သဘော
တူညီချက်တွေ အကောင်အထည်ဖော်နိုင်ရေး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မျက်နှာစုံညီတွေ့ဆုံ
နိုင်ရေး စတာတွေပါဝင်တဲ့ ဦးစားပေးလုပ်ငန်းစဉ် ၁၀ ရပ်ကို ချမှတ်ခဲ့တယ်လို့ ကော်မတ်ီဝင် ဒေါက်တာ
ရီဘက်ခါဒင်က RFA ကို ပြောပါတယ်။

"ကရင်လူထု ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ပါဝင်ခွင့်ရှိမယ့် ကရင်အမျိုးသားညီလာခံကို ဖြစ်
မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ နောက်ပြီးတော့ ကရင်လူမျိုးများရဲ့ ဘဝတိုးတက်ရေး ငြိမ်းချမ်း
မှုတည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ကရင်လူမျိုးများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ရှေ့
လုပ်ငန်းစဉ်များအတွက် အကြံပြုချက်များတင်ပြဖို့။
ကရင့်ငြိမ်းချမ်းရေးအတွက် ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး မျက်နှာစုံညီတွေ့ဆုံပေးရန် စီ
စဉ်ပေးဖို့။
KNU နဲ့ နိုင်ငံတော်အစိုးရကြားမှာ သဘောတူညီထားတဲ့ အချက်အလက်တွေကို အောက်ခြေမှာ အကောင်
အထည်ဖော်နိုင်ဖို့အတွက် ကူညီပံပိုးဖို့ဆိုတာတွေကို ကျမတို့ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ရပ်
ကို ဖော်ထုတ်ထားပါတယ်"

နှစ်ရက်ကြာကျင်းပတဲ့ အဲဒီအစည်းအဝေးကချမှတ်ခဲ့တဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေကို အကောင်အထည်
ဖော်ဖို့ လုပ်ငန်းအဖွဲ့တွေအသီးသီး ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်လူမျိုးအများစုနေထိုင်ကြတဲ့ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်စတဲ့ တိုင်းဒေသကြီးနဲ့
ပြည်နယ်တွေမှာလည်း ကရင်လူထုနဲ့ သွားရောက်တွေ့ဆုံသွားပြီး ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို
ရှင်းလင်းပြောကြားသွားမယ်လို့ သိရပါတယ်။


Copy from http://www.rfa.org/burmese/news/karen-unity-peace-committee-meeting-05192013105501.html