• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, June 2, 2013

မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး

 

မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး

June 2, 2013
Sunday

By မင်းစိုးစံ

ရှေးဗမာစကားပုံပါ။
ကျုပ်တို့ ဆွေမျိုးတော်ကြရအောင်၊ ဘာကြောင့်ဆွေမျိုးတော်ချင်ရတာလဲ။
ခင်ခင်မင်မင်နဲ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင် အေးအတူပူအမျှ နေချင်လို့ပါ။
ကျုပ်ပြောချင်တာက စကားပုံအကြောင်းမဟုတ်ပါဘူး၊ ဒုက္ခသည်အကြောင်းပြောမလို့ စကားပလ္လင်ခံနေ
ခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလ ၃၀ရက်နေ့တုန်းက ရေဒီယို သြစ်တြေးလျား ကနေ ဒုက္ခသည်တစ်ဦးကို ဆက်သွယ်မေး
မြန်းထားတဲ့ အသံလွှင့်အစီစဉ်ကို ကြားလိုက်ရလို့ပါ။
ဆက်သွယ်မေးမြန်းခန်းက အချက်အလက်တွေဟာ ဒုက္ခသည်တွေအတွက် အသက်ရှူမချောင်စေတဲ့
အခြေအနေတရပ်ကို ရောက်နေပြီဆိုတာကို သုံးသပ်မိပါတယ်။
ဆက်သွယ်မေးမြန်းခံရသူရဲ့ ပြောကြားချက်တွေသာ တကယ်မှန်ကန်ခဲ့မယ် ဆိုလျင်ပေါ့။

ဘာကြောင့် ဆက်သွယ်မေးမြန်းခံရသူရဲ့ စကားကို သံသယဖြစ်နေရတာလဲ ဆိုလျင် နံပါတ်တစ်အချက်က
သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ မေးမြန်းအတည်ပြုချက် ရယူထားတဲ့ အချက်အလက်အကြောင်းအရာတွေကို
(အသံဖိုင်၊ စာရွက်စာတမ်း၊ ဓါတ်ပုံ) မတွေ့ရ မကြားရလို့ဖြစ်ပါတယ်။
ဥပမာ စခန်းတာဝန်ရှိသူတွေ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူတွေ လူမှုကူ
ညီစောင့်ရှောက်ရေးဌာနက တာဝန်ရှိသူတွေ ပြောဆိုဆွေးနွေးတဲ့အခါမှာ အဆင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့ အ
ထောက်အထား။
ဒုက္ခသည်တွေအားလုံး မပြန်မနေရဆိုတဲ့ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောတယ်ဆိုတဲ့အထောက်
အထား။ ပြောသူအမည်။ ရာထူးအဆင့်။ နေ့ရက်။ နေရာ။ ပါဝင်သူတွေ။(လူပုဂ္ဂိုလ်အမည်။ အဖွဲ့အစည်းအ
မည်) စတဲ့အထောက်အထား။ အဲဒါတွေ တစ်ခုမျှ တိတိကျကျ ခိုင်ခိုင်မာမာ မတွေ့ရပါဘူး။

နောက်တစ်ခုက ဒုက္ခသည်စခန်းတိုင်းမှာ စခန်းကော်မီတီတွေရှိနေတဲ့အတွက် ပြန်ရမယ်ဟေ့ ဆိုတာနဲ့
လူဦးရေစာရင်း နာမည်စာရင်း မွေးသက္ကရာဇ် ကလေး လူကြီး ကျား မ အိမ်ထောင်စုစာရင်း အားလုံးအရံ
သင့်ဖြစ်နေပြီးသား ဘာစာရင်းဇယားမှဖြည့်နေစရာမလိုတော့ပါဘူး။
ကိုယ်ရေးရာဇ၀င် ဖြည့်ရတယ်၊ ကိုယ့်အနာဂတ်ကိုပုံဖေါ် တဲ့ ပန်းချီကားတချပ်ဆွဲရမယ် ဆိုတော့ အဲဒါဟာ
စဉ်းစားစရာ အချက်တစ်ချက်ဖြစ်နေပါတယ်။

နောက်တစ်ချက်က ပထမဦးစားပေးအဆင့်အနေနဲ့ တတိယနိုင်ငံကိုသွားဘို့ရွေးခိုင်းတယ်၊ ဒုတိယဦးစားပေး
အဆင့်အနေနဲ့ ထိုင်းနိုင်ငံထဲမှာနေဘို့ ရွေးခိုင်းတယ်၊ အဲဒီနှစ်ခု အဆင်မပြေဘူးဆိုမှ နောက်ဆုံးအဆင့် အ
နေနဲ့ မြန်မာပြည်ကို ကိုယ့်ဆန္ဒသဘောအရ ပြန်ပါမယ် ဆိုတာကိုလက်မှတ်ထိုးခိုင်းတာကြောင့် အဲဒီအချက်
ကလည်း စဉ်းစားစရာအချက်ဖြစ်နေပြန်ပါတယ်။

ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကိုတော့ တိတိကျကျမသိနိုင်ပေမယ့် ကျုပ်တို့ရဲ့
ကိုယ်ရေးရာဇ၀င်မှာ တတိယနိုင်ငံကို သွားရောက်နေထိုင်နိုင်ဘို့ လိုအပ်တဲ့အချက်အလက်တွေပြည့်စုံဘို့
လိုအပ်သလို ဗမာပြည်မှာ အသက်ရှင်ရပ်တည်ဘို့ မဖြစ်နိုင်ဘူးဆိုတဲ့အထောက်အထား ခိုင်မာဘို့လိုအပ်
မယ်လို့ထင်ပါတယ်။
ဒီလိုဆိုလျင်ဖြင့် ဗမာပြည်မှာ အသက်ရှင်ရပ်တည်ဘို့ မဖြစ်နိုင်တဲ့အကြောင်းတရားမရှိဘူးလို့ ပြောစရာ ရှိ
လာပါပြီ။
ဟုတ်ကဲ့ အဲဒီလိုပြောလာတဲ့ မိတ်ဆွေကို ကျုပ်မေးပါရစေ။ မိတ်ဆွေကို အသက်ရှင်ရုံလေး ကျွေးထားပြီး
လှောင်ချိုင့်ထဲမှာပဲ နေခိုင်းလျင် ဘယ်လိုသဘောထားမလဲ။
အဲဒီအမေးနဲ့တင် အဖြေလုံလောက်မယ်လို့ ထင်ပါတယ်။

သို့သော် ကျုပ်တို့အထူးသိထားဘို့လိုတာက UNHCR ဆိုတာ မျက်စေ့ကြီး နားကြီးတဲ့ အဖွဲ့အစည်းကြီးတစ်
ခုဖြစ်တဲ့အပြင် နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံရဲ့ အကြောင်းအရာသောင်းခြောက်ထောင်ကို ကာလရှည်ကြာ
စွာကြုံလာခဲ့ရတဲ့အတွက် သူတို့မှာ ဒုက္ခသည်အရေးနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ ဖေါဖေါသီသီပေါပေါ
များများရှိနေပြီးသားဆိုတာကို မမေ့ပါနဲ့။ ကျုပ်ဆိုလိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

ကျုပ်တို့ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ ကျုပ်တို့အနာဂတ်အတွက် ရေးဆွဲပေးလိုက်တဲ့ ပန်းချီကားတချပ်ဟာ တတိ
ယနိုင်ငံမှာ အခြေချနေထိုင်နိုင်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။
ပန်းချီမဆွဲတတ်တဲ့ ကိုယ်ရေးရာဇ၀င် မရေးတတ်တဲ့ မိတ်ဆွေအတွက် ပန်းချီကားတချပ်ရေးပေးမယ့်လူ
လိုသလို၊ ကိုယ်ရေးရာဇ၀င်(မိတ်ဆွေ ပြောတဲ့အတိုင်း)ရေးပေးမယ့်လူ လိုသလို၊ တတိယနိုင်ငံမှာ ဆွေမျိုး
ရှိဘို့လည်း လိုတယ်နော်။

အဲဒါကြောင့်ပြောတာ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး လို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က ရုပ်သံလေးကတော့ ရေဒီယို သြစ်တြေးလျား က အသံကို ကူးယူဖေါ်ပြထားတာပါ။
ဓါတ်ပုံကိုတော့ အင်တာနက်ထဲက ယူထားတာပါ။
ရှုစားနားဆင်တော်မူကြပါ။

Source Audio from Radio Australia Burmese May 30, 2013