• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 1, 2013

မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး

 

မြစ်ဆုံစီမံကိန်းအား 

သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် 

ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား

CPI ကုမ္ပဏီ လိုက်လံစည်းရုံး

June 01, 2013 Saturday

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ
စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင်
ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံ
များအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်း
ထားသည့် Mungchying Rawt Jat (MRJ) အဖွဲ့မှ သိရှိရသည်။

''ဒေသခံတွေကို CPI ကုမ္ပဏီက လူတွေက ကွင်းဆင်းပြီး ဒီစီမံကိန်း ဆက်လုပ်ဖို့ ထောက်ခံပေးပါ ဆိုတာ
မျိုးတွေနဲ့ စည်းရုံးနေသလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေကိုပါ ကူညီမယ်ဆိုတာမျိုးနဲ့လိုက်စည်းရုံး
နေပါတယ်။
ကျွန်မတို့က ဒီစီမံကိန်း ရပ်နေပြီ။ ဘာလို့စည်းရုံးနေတာလဲမေးတော့ CPI ကလူတွေက ဒီစီမံကိန်းက ဦး
သိန်းစိန် လက်ထက်မှာပဲရပ်တာ နောက်တက်လာမယ့် သမ္မတလက်ထက်မှာ ပြန်လုပ်မယ်လို့ ပြောပါ
တယ်''
ဟု MRJ အဖွဲ့မှ ဒေါ်ဂျာခေါန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ ရပ်ဆိုင်းစေခဲ့သော်
လည်း ဒေသခံများမှာ စီမံကိန်းများကြောင့် သိမ်းယူခံခဲ့ရသည့် ကျေးရွာနှင့် လယ်မြေများအား လက်ရှိကာ
လအထိ ပိုင်ဆိုင်မှု မရသေးသည့်အပြင် ရွှေတူးဖော်ခြင်းနှင့် စီမံကိန်းများကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံ
မြေများမှာ ပျက်စီးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

''စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့ သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်
ကိုယ် ပြန်ခွင့်မရပါဘူး။
ဒီစီမံကိန်းကိုလည်း ဆက်လုပ်ဖို့ လုံးဝသဘောမတူပါဘူး။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နောက် ဆက်ခံမယ့် သူတွေကိုလည်း ဒီစီမံကိန်း အပြီးသတ်ရပ်ပေးပါလို့
ပြောချင်သလို၊ သမ္မတကြီးကိုလည်း နောက်တက်မယ့် သမ္မတကို ဒီစီမံကိန်း မလုပ်ဆောင်ဖို့ အမှာစကား
ပြောပေးပါလို့ တောင်းဆိုချင်ပါတယ်''
ဟု ဒေါ်ဂျာခေါန်က ဆက်လက်ပြောဆိုသည်။

မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိ
ခြင်း၊ ဒေသခံများအား စီမံကိန်းဧရိယာအတွင်း သွားလာခွင့် ကန့်သတ်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့နေ
ရသဖြင့် ဒေသခံများမှာ အဆိုပါ ရပ်ဆိုင်းခြင်းအား သံသယ ဖြစ်ပေါ်နေကြောင်းလည်း MRJ အဖွဲ့မှ သိရှိရ
သည်။
တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအ
ရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းခဲ့ရသော်လည်း လက်လျှော့မှုမရှိဘဲ လက်ရှိ အာ
ဏာရပါတီ၏ အဓိကပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စီမံကိန်း ဆက်လက်လုပ်ရန် ချဉ်းကပ်
မှုများ ပြုလုပ်ခဲ့သည်။

Copy from http://weeklyeleven.com/local/19697

Source Audio news from http://www.bbcburmese.com