• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, June 17, 2013

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ဘာသာခြားနဲ့မယူနိုင်ရန် ကန့်သတ်မယ့် မျိုးစောင့်ဥပဒေမူကြမ်းအတွက် ဦးဝီရသူ ဆွေးနွေး


ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ

ဘာသာခြားနဲ့မယူနိုင်ရန် ကန့်သတ်မယ့် 

မျိုးစောင့်ဥပဒေမူကြမ်းအတွက် ဦးဝီရသူ ဆွေးနွေး

Posted by Kamayut Media on June 13, 2013

ကိုးကွယ်တဲ့ဘာသာကို မှတ်ပုံတင်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကို ကန့်သတ်တဲ့ ဥပဒေမူကြမ်း ၂ခုကို တရားဝင်အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကို တင်ပြသွားမယ်လို့ ဇွန်လ ၁၃ရက်နေ့က ဗုဒ္ဓသာသနာဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲမှာ ဦးဝီရသူက အဆိုတင်သွင်းခဲ့ပါတယ်။


Posted by Kamayut Media on June 13, 2013


မှော်ဘီသံဃာ့အစည်းအဝေးမှာ မစိုးရိမ်တိုက်က ဦးဝီရသူချပြတဲ့ ဥပဒေကြမ်း၂ခုဟာ နိုင်ငံတကာလူ့အခွင့် အရေးတွေနဲ့ သွေဖြီပြီးတော့ ဒီမိုကရေစီနိုင်ငံတခုမှာ ရေးဆွဲပြဌာန်းဘို့မသင့်ဘူးလို့ ဥပဒေပညာရှင် ဦးကိုနီက ဘီဘီစီကိုပြောကြားထားတာကို နားသောတ ဆင်နိုင်ကြောင်းပါ။



နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ် အမရိကန်ပြည်ထောင်စုက ချီးမြှင့်ထားတဲ့ အမျိုးသမီးသတ္တိရှင်ဆု ရရှိ ထားသူတဦးလည်းဖြစ်တဲ့ မဇင်မာအောင်နဲ့ အာရ်အက်ဖ်အေတို့ ဆက်သွယ်မေးမြန်းခန်းလေးပါ။


ဆရာတော် ဦးဝီရသူ နဲ့ အာရ်အက်ဖ်အေ တို့ ဆက်သွယ်မေးမြန်းခန်းလေးဖြစ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)