• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, June 18, 2013

ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ပြီးဆုံး


ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ 

သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ပြီးဆုံး




ကျေးဇူးတင်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ 
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


DKBA ၏ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) 

ထုတ်ပြန်ကြေညာချက်

Monday, 17 June 2013

by နော်ဆွိ

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ရက်နေ့မှ ၁၇ရက်နေ့ထိ ကျင်း
ပခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးတွင် ဆုံးဖြတ်ချက် ၈ချက်ဖြင့် အစည်းအ
ဝေးကို ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြီးစီးသွားခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။

“အဖွဲ့အစည်းအရ ပြောရရင် အဖွဲ့အစည်းပေါင်း ၃၀ထဲက ကိုယ်စားလှယ်ပေါင်း ၈၄ဦး တက်ရောက်ခဲ့ပါ
တယ်။
တချို့အဖွဲ့အစည်းတွေလည်း တက်ရောက်လိုပေမယ့် ဖိတ်ကြားမှုတွေ အားနည်းခဲ့ပါတယ်။
တချို့အဖွဲ့အစည်းတွေ ကြတော့ အရာရှိငယ်တွေဘဲ လွှတ်တယ်။
ဒါပေမဲ့ ချုပ်လိုက်ရင်တော့ ထင်တာထက်ကို ပိုမိုထိရောက်စေခဲ့ပါတယ်”  ဟုဆိုပါသည်။

အမြင်ဖလှယ်ပွဲမှ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်များမှာ-
၁။ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဒီမိုကရေစီအရေး လူ့အခွင့်အရေး အမျိုးသား တန်း
တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်။
၂။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တမျိုးသား
လုံးပါဝင်သော ညီလာခံကြီးတစ်ရပ် ခေါ်ယူရန်။
၃။ မတရားသည့်ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှုကင်းသော နှောင်ကြိုးမဲ့သော အထွေ
ထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးကြေညာပေးရန်။
၎။ အပစ်ခပ်ရပ်စဲရေးကိစ္စရပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တပြည်လုံးအတိုင်းတာအထိ အ
မြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်။
၅။ အစိုးရတပ်များအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲစဉ်ကာလ
က သဘောတူညီထားချက်များကို တိကျစွာလိုက်နာရန်။
၆။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီ
ရေးနှင့် အမျိုးသားတန်းတူရေးလှုပ်ရှားမှုများ ပေါ်ပေါက်လျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ
မှ ဝိုင်းဝန်းထောက်ခံအကူအညီပေးရန်။
၇။ အလုပ်သမား လယ်သမားတို့၏ ဘဝအခက်အခဲများကို မှန်ကန်လျင်မြန်စွာ ဖြေရှင်းပေးရန်။
၈။ တိုင်းရင်းသားတပ်ပေါင်းစုများနှင့် အဖွဲ့အစည်းအသီးသီးတို့ သဘောတူညီချက်များကို ကျွန်ုပ်တို့အနေ
ဖြင့် အသိအမှတ်ပြုမှတ်တမ်းတင်ပြီး၊ တူညီသောလုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန်။

ဤ ကော်သူမွဲခီး(ဆုံဆည်းမြိုင်) ဆုံးဖြတ်ချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်
စု ၀န်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေးစင်တာ(MPC) နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပြီး အကောင်
အထည်ဖော်ဖို့ ဆုံးဖြတ်ထားပါသည်။
နှီးနှောဖလှယ်ပွဲသည် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ရန် (၁၇)ဦး အလုပ်အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဤ
အလုပ်အဖွဲ့ထဲမှ ဆက်သွယ်ရေး (Coordinator) (၅) ဦးဖြင့် ဖွဲ့စည်းထားပါသည်။
အကောင်အထည်ဖေါ်ရာတွင်လည်း လုပ်ငန်း (၄)မျိုး ခွဲခြားထားပါသည်။
(က) ပြန်ကြားရေးလုပ်ငန်း။
(ခ) မဟာမိတ်ဆက်ဆံရေးလုပ်ငန်း။
(ဂ) စည်းရုံးရေးလုပ်ငန်း။
(ဃ) ဘဏ္ဍာရေးလုပ်ငန်း တို့ဖြစ်ပါသည်။

(Coordinator) (၅)ဦးမှာ
ဗိုလ်မှူးစန်းအောင်၊ ဗိုလ်မှူးတိုက်ဂါး၊ ဗိုလ်မှူးလုလော်၊ ရဲဘော်ထွန်းအောင်ကျော်နှင့် ရဲဘော်စိုင်းထွန်းအေး
တို့ဖြစ်ပါသည်။
DKBAသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေနှင့် ပတ်သက်ပြီး တိုင်းရင်းသားများဖက်မှ ဟန်ချက်
ညီညီဖြင့် မှန်ကန်ပြီး ခိုင်မာသောဆုံးဖြတ်ချက်များချမှတ်နိုင်ရေးနှင့် သောင်မတင်ရေမကျဖြစ်နေသည့် ပြည်
တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စစ်မှန်သော ထာဝရငြိမ်းချမ်းရေးအဖြစ်၊ အမြန်ဆုံး အကောင်အထည်
ဖော်နိုင်ရန် ဤအမြင်ဖလှယ်ပွဲကို စီစဉ်ရခြင်းဖြစ်ပါကြောင်း ဆိုပါသည်။

Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/397-dkba.html