• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, June 28, 2013

မမ,တို့ရဲ့ကာယ,အလှ သည်လိုပြမှ တကယ်လှ


မမ,တို့ရဲ့ကာယ,အလှ သည်လိုပြမှ တကယ်လှ

June 28, 2013 Friday

By မင်းစိုးစံ

စီဘောက်ထဲမှာ မိတ်ဆွေတစ်ယောက်က မြန်မာမော်ဒန်မမလေးတွေရဲ့ ဓါတ်ပုံလှလှလေးတွေ မမြင်ရတာ
ကြာပြီပြောလို့ အခု ကာယအလှမယ်ပြိုင်ပွဲထဲက မမလေးတွေရဲ့ ပုံကို တင်ပေးလိုက်ပါတယ်။
ကျုပ်တို့မြန်မာမလေးတွေ က ယောက်ျားတွေလို ကြွက်သားအမြှောင်းလိုက်ကြီး ဖြစ်သွားမှာကို စိုးရိမ်ပြီး အ
လေးမ, ကစားရမှာ အင်မတန်ကြောက်ကြတယ်ဆိုပဲ။

အဲဒီတော့ အဆီတွေဝင်နေတဲ့ လက်မောင်းနောက်သားတွေ တွဲကျလာတာ၊ တင်တွေ ပျော့အိလာတာ၊
တင်ပါး တွေ လျှောကျလာတာ၊ ၀မ်းဗိုက်အောက်ပိုင်း ကြွက်သားတွေ ဖရိုဖရဲဖြစ်လာတာ ပေါင်အတွင်း
သားတွေ အဆီ တိုးလာတာ အဲဒါတွေဖြစ်လာတော့ ခြေတလှမ်း ကုဋေတသန်းတန်တဲ့ ပုံစံမျိုးနဲ့ တလှမ်း
ခြင်းလှမ်းလာတာကို အ သေအခြာကြည့်လိုက်လျင် လေအပြည့်ထိုးထားတဲ့ပူဖေါင်းကြီးကို စည်ပိုင်းထဲ
ထည့်လှိမ့်နေသလားမှတ်ရအောင် ကို လှကြရှာပါပေတယ်။
ဗမာ စကားပုံရှိတယ်လေ လှလို့ ၀လို့ ဆိုတာ။

Miss Quench : Nann Htet Htet Linn 

အလေးမ, ကစားလို့ ယောက်ျားတွေလို ကြွက်သားတွေအမြှောင်းလိုက် ထွက်လာမှာ ဆိုတဲ့အမြင်ထက် မှား
တာ ဘာရှိဦးမလဲဗျာ။ မမလေးတို့ အလေးမ ပြီးကစားကြည့်ကြစမ်းပါ။
အင်မတန် သန်မာလာပြီးကြံ့ခိုင်လာတာကို တွေ့ရမှာပါ။ နောက်တခုက မမလေးတို့ ကျုပ်တို့က ဖိနှိပ်ချုပ်
ခြယ်မှုအောက်က လူဖြစ်လာကြရတာဆိုတော့ အစိုးရိမ်ပိုတတ်ကြတာ ဓမ္မတာပါ။ သိတဲ့အတိုင်းပဲ ကျုပ်တို့
ကို အုပ်ချုပ်နေတဲ့လူတွေက ကျုပ်တို့ဘာသာကျုပ်တို့ လေလည်မိလျင်တောင် သူတို့ခွင့်ပြုချက်မယူရ
ကောင်းလား ကမ္ဘာကြီးကို ပူအောင်လုပ်တယ်ဆိုပြီး အာဏာပြချင်ကြတာကလား။

အမျိုးသမီးတွေဆို ပိုဆိုးသပေါ့။ မိသားစု စားရေးသောက်ရေးမပြေလည်လို့ ဟိုသင်းလုပ်စားတာတောင် မှ
သူတို့ကို ဟိုသင်းပေးရသေးတာပဲ။ ဟိုသင်းပေးတာကို သူတို့အထက်က အရာရှိကြီးတွေက နယ်မြေသန့်
ရှင်းရေးလုပ်မယ်ဆိုလျင် ပိုက်ဆံတွေမှာ အမှတ်အသားလုပ်။ အဲဒီပိုက်ဆံတွေပေးပြီးတော့ ကိုယ့်ကိုဟိုသင်း
လုပ်။  အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံကိုသက်သေခံပစ္စည်းလုပ်ပြီး အချုပ်ထဲပို့တာပဲမဟုတ်လား။
ကဲ အမျိုးသမီးအခွင့်အရေးဆိုတာ ဘာတုန်း။ ဟိုသင်းလုပ်တာ သူတို့ပဲ ပိုက်ဆံပေးပြီးလုပ်တာလေ။ ပြီးတော့ ပိုက်ဆံလည်းအသိမ်းခံရ ဟိုသင်းလည်းဟိုသင်းခံရ အချုပ်လည်းခံရ။
သက်သေခံပစ္စည်းတွေနဲ့ ထောင်ဖမ်းတဲ့ မောင်မင်းကြီးသားတွေကျတော့ တဟဲဟဲ နဲ့ ကိုဖြစ်လို့။

အရေးယူမယ်ဆိုလျင်လည်း အမျိုးသားရော၊ အမျိုးသမီးရော အရေးယူပေါ့၊ အခုတော့ အမျိုးသမီးတွေက စားစရာမရှိလို့ ဟိုသင်းလုပ်စားပါတယ်၊ ဖွတ်မရ ဓါးမဆုံး ကိုဖြစ်လို့။
ဥပဒေလေ ဥပဒေ ဗမာစစ်အစိုးရရဲ့ ဥပဒေ။
ဒီတော့ အမျိုးသမီးတွေ ဗမာစစ်အစိုးရလက်ထက်မှာ လူလာဖြစ်တာ ကြောက်ကြောက်ရွံ့ရွံ့ အထိတ်တ
လန့်နဲ့ဆိုတော့ ဘာပဲလုပ်လုပ် အမျိုးသားတွေထက် အခွင့်အရေးပိုနည်းနေတာ အသေအခြာပဲ။

ကျုပ်တို့ရဲ့ မမလေးတွေရဲ့ အလှပါဗျား။

တခြားနိုင်ငံက မမလေးရဲ့ အလှပါဗျား။
Source photo from http://www.google.com/images

ကျုပ်တို့တတွေအားလုံးဟာ အကြောက်တရားတွေကြားက လူဖြစ်လာကြရတာဖြစ်တဲ့အပြင် အကျင့်ပျက်ခြ စားမှု လဒ်ပေးလဒ်ယူစနစ် ဘာပဲလုပ်လုပ် လ္ဘက်ရည်ဘိုး ပန်ုးခြင်းလက်ဆောင် စတဲ့စတဲ့ အလွန်ညစ်ညမ်း
စုတ်ပြတ်လွန်းတဲ့ ယဉ်ကျေးမှုစနစ်ကြားမှာ လှုပ်ရှားလာရတာဆိုတော့ ကျုပ်တို့တတွေမှာ အကြံဉာဏ်
ကောင်းတွေ အတွေးအခေါ်ကောင်းတွေ ရှိပေမယ့် အသုံးချနိုင်ခွင့်မရှိခဲ့ပါဘူး။

အတွေးအခေါ်ကောင်းတွေ နည်းပါးလျော့ဆင်းပျောက်ဆုံးကုန်တာနဲ့တပြိုင်နက် ကိုယ့်အမျိုးဂုဏ်ကိုထိန်း
သိမ်းရ ကောင်းမှန်း အသိတွေလည်း တစ,ထက်တစ, ခေါင်းပါးလာရပါတော့တယ်၊ အဲဒီတော့ အမျိုးဂုဏ်
ဇာတိဂုဏ်ကို ငွေကြေး၊ အာဏာ၊ ဓနဥစ္စာတွေနဲ့ လဲလှယ်ပစ်လိုက်တာကြောင့် အခုဆိုလျင် ဗမာစစ်အစိုးရရဲ့
လက်ထဲကနေ ဘယ်လိုမှ ရုန်းထွက်လို့မရအောင် ဖြစ်နေကုန်ကြရပါပြီ။

တန်းတူအခွင့်အရေးဆိုတာ အင်မတန်အရေးကြီးလှပါတယ်၊ တန်းတူအခွင့်အရေးမရှိသမျှ ဘယ်တော့မှ ညီ ညွတ်နိုင်မှာမဟုတ်ပါဘူး။
အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရှိရပါမယ်။ တန်းတူအခွင့်အရေးမရှိနိုင်သေးဘူးဆိုလျင်တောင်
ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးလိုက်ရုံနဲ့ ပြည်ထောင်စု
ဗမာနိုင်ငံတခုလုံး ငြိမ်းချမ်းလွတ်လပ်သွားမှာပါ ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

ကျုပ်တို့ရဲ့ မမလေးရဲ့အလှပါဗျား။
နိုင်ငံခြားက မမလေးရဲ့ အလှပါဗျား။
Source Photo from http://www.google.com/images

ကျုပ်တို့နိုင်ငံကို အင်အားကြီးနိုင်ငံတခုခုက ၀င်ရောက်ကျူးကျော်လာလို့ ပြန်တိုက်ကြရတဲ့အခါမှာ မမလေး
တို့လို မျိုးချစ်စိတ်ထက်သန်တဲ့ အမျိုးသမီးစစ်သည်တော်တွေ အများအပြားလိုအပ်လာမှာပါ။
အဲဒီအခါကျလျင် မမလေးတို့နဲ့ အခုနိုင်ငံခြားက မမလေးတို့ မဟာမိတ်ဖွဲ့ပြီး ကျူးကျော်သူကို ပေါင်းပြီးတိုက်
ကြရပြီဆိုပါစို့၊ နိုင်ငံခြားက မမလေးတွေ ရင်ဆိုင်တိုက်ပွဲတခုမှာ AK 47မောင်းပြန်သေနတ်တွေထဲက ကျည်
ဆံ၂၅တောင့်ပါတဲ့ကျည်ပေါက်ကို အတွဲလိုက် တရှိန်ထိုး ဘယ်နှစ်ကပ်ပစ်နိုင်လို့ ကျုပ်တို့ရဲ့မမလေးတွေက
ဘယ်နှစ်ကပ်ကုန်အောင် ပစ်နိုင်မှာလဲ။
သူတို့က ပုခုံးထမ်း ဒုံးလက်နက် RPG 7 လိုမျိုးကို ဘယ်နှစ်လုံးပစ်နိုင်ပြီး ကျုပ်တို့မမလေးတွေက ဘယ်နှစ်
လုံးလောက် မနားတမ်း ထမ်းပစ်နိုင်မှာလဲ။

ဆိုလိုချင်တာက ကျုပ်တို့တတွေမှာ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ လေ့ကျင့်သင်ကြားပိုင်ခွင့်၊
မရှိသမျှကာလပတ်လုံး သူများနိုင်ငံက လုပ်နိုင်တာမျိုး ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဘယ်သောအခါမှလည်း ယှဉ်နိုင်မှာမဟုတ်ပါဘူး။
နောက်ကျမြဲကျ၊ နောက်ကျန်ရင်းနောက်ကျန်နေဦးမှာပါ။
အခုလည်း ကျုပ်တို့မမလေးတို့ အတတ်နိုင်ဆုံးဖြစ်ညှစ်ထုတ်ပြလိုက်တဲ့ ကာယအလှနဲ့ နိုင်ငံခြားက မမ တို့ မှာရှိတဲ့ ကာယအလှတွေကို မြင်ကြရပြီး ဖြစ်ပါတယ်။

Source photo from http://www.google.com/images

ကြံ့ခိုင်မှု ကွာခြားမှာ သိသာပါတယ်။ သက်လုံကောင်းမှု၊ စိတ်ဓါတ်ရေးရာ ကြံ့ခိုင်မှု၊ အမှားအယွင်းနည်းတဲ့
ဆုံးဖြတ်ချက်ချမှု စ,တာတွေဟာ နင်လားငါလား အခက်အခဲနဲ့ ကြုံလာတဲ့အခါမှာအဖြေပေါ်လာပါလိမ့်မယ်။
နောက်ဆုံးအကြံပြုချင်တာကတော့ဖြင့် ကျုပ်တို့ရဲ့မမလေးတွေ မရဲတရဲ မထိတထိလုပ်မနေကြပါနဲ့၊ ရေ
ကုန်ရေခမ်းကြိုးစားပါ၊ အသားကုန်သာ ကြိုးစားပါ၊ အလေးအပင်တွေမ, ပြီး လေ့ကျင့်ရမှာကို လွဲမှားတဲ့အ
တွေးတွေနဲ့ မကျင့်ပဲ မနေကြပါနဲ့။

နည်းတွေမှန်သမျှ လေ့လာပါ၊ မိမိခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သင့်လျှော်ကောင်းမွန်မယ့် နည်းစ
နစ်တွေကို မဖြစ်မနေနာယူလေ့ကျင့်ပါ။ သို့သော်လွှဲမှားတဲ့ အတွေးတွေနဲ့ ၀ိရိယမစိုက်မိဘို့ အထူး သတိရှိ
ကြပါ။

ကိုယ်ကာယအလှဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးအတွက်ဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာမှာ
လည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ စိတ်ဓါတ်ခိုင်မာကြံ့ခိုင်သွားတဲ့နောက် မိမိအမျိုးကို စောင့်ထိန်းဘို့ ဆိုတဲ့
အသိစိတ်ဓါတ်ကလည်း သူ့အလိုလိုဖြစ်ပေါ်လာပြီးသားပါ။
အဲဒီစိတ်ဓါတ်မျိုး မရှိသမျှ ဘယ်လိုဥပဒေတွေ ထုတ်ထုတ်၊ ဘယ်လိုအပြစ်ပေးပေး အမျိုးပြုတ်မှာက ပြုတ်
မှာပါပဲ။

ကျုပ်တို့အားလုံးအတွက် အကြီးမားဆုံး စိမ်ခေါ်မှုက ဘာလဲ ဆိုတော့၊ အရာရာကို လက်နက်နဲ့ထိန်းချုပ်လို့
ရတယ်၊ အရာရာကို အာဏာနဲ့ ထိန်းချုပ်လို့ရတယ်၊ ဆိုသူတွေရဲ့လက်ထဲမှာ လုပ်ပိုင်ခွင့်ရှိနေသမျှကာလ
ပတ်လုံး ကျုပ်တို့မမလေးတွေကျင့်နေတဲ့ ကာယကြံ့ခိုင်ရေးတွေဟာ အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဆို
တဲ့ဥပဒေကိုအပြည့်အ၀, ထောက်ခံရာရောက်သွားလေမလားဆိုပြီး ဗမာစစ်အစိုးရရဲ့ စစ်ဘိနပ်အောက်မှာ လူဖြစ်လာရတဲ့ကျုပ် မရဲတရဲတွေးနေမိပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)