A girl plays with her brother as they search for usable items at junkyard near the Danyingone station in Rangoon's suburbs, Burma. (Reuters)
Source Photo from http://blogs.voanews.com/photos/2012/05/16/may-16-2012/
သူဖုန်းစား(သူတောင်းစား) ဘ၀ဖြင့်
ရပ်တည်နေသည့်အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခြင်း
June 29, 2013
By မျိုးမြင့်ဇော်
“ကျွန်မ ဒီသူဖုန်းစားအလုပ် ကို စိတ်ကုန်နေပါပြီရှင်။
အဖြစ်ချင်ဆုံးဆန္ဒကို ပြောပြပါဆိုရင် ကိုယ့်အရင်းအနှီးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်နေပါပြီ”
ဟု ညည်းတွား၍ ပြောဆို နေသောသူမှာ ရွှေပြည်သာမြို့နယ် ကျူးကျော်ရပ်ကွက်တွင် နေထိုင်ပြီး မြေနီ
ကုန်းတွင် တောင်းရမ်းစားသောက်သည့်အလုပ်ကို လုပ်ကိုင်ကာသမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဘ၀ကို သူ
ဖုန်းစားလုပ်ငန်းဖြင့်ရပ်တည်နေထိုင်နေသည့် အသက် ၂၂နှစ်ဝန်းကျင်ခန့် အမျိုးသမီးငယ် မခိုင်ဆိုသောသူ
ပင် ဖြစ်သည်။
အဆိုပါအမျိုးသမီးက သူမ သူဖုန်းစားဘ၀ကို ရောက်နေရ ခြင်းနှင့်ပတ်သက်ပြီးရှက်ကြောက် မှုမရှိဘဲ ရဲဝံ့
တက်ကြွသည့်မျက်နှာဖြင့် ယခုကဲ့သို့ပြောပြခဲ့သည်။
“ကျွန်မရှင့်ကို ကျွန်မဘ၀အကြောင်း အခုလိုပြောပြတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့သူတောင်း
စားတွေရဲ့ဘ၀ကို လူအများသိစေချင်လို့ပါ။
ကျွန်မအလုပ်ကသူဖုန်းစားအလုပ် ဆိုပေမဲ့ တစ်ခါတစ်ခါ ၀င်ငွေ ကောင်းတယ်။
ရတဲ့နေ့ဆိုရင် တစ်သောင်းခွဲဝန်းကျင်လောက် ရတယ်။
မရတဲ့နေ့ကြရင် လမ်းဘေးမှာပေါက်နေတဲ့ ကန်းစွန်းရွက်တွေကို ရေလုံပြုတ်ပြီးတော့ အရင်နေ့တွေက
တောင်းလို့ရတဲ့ ပိုက်ဆံနဲ့ဝယ်ထားတဲ့ဆန်၊ ဒါမှမဟုတ် ဆန်ကွဲစတာတွေကို စားပြီးတော့ တစ်နေ့တာရဲ့ဝမ်း
ရေးကို ဖြေရှင်းရတာပေါ့ရှင်”
ဟု သူဖုန်း စားဖြစ်နေသော်လည်း ဘ၀ကို အရှုံးမပေးချင်သော မခိုင်ကပြောသည်။
“ကျွန်မမှာ အဖေမရှိတော့ ဘူး။
အခု ကျွန်မသူဖုန်းစားအလုပ် ကိုလုပ်ပြီး ရှာကျွေးနေရတာက အသက် ၄၆နှစ် အရွယ်လောက် ရှိတဲ့ အိမ်ဖော်အလုပ်လုပ်နေတဲ့ ကျွန်မအမေနဲ့၊ အသက် ၃၆နှစ် လောက်အရွယ်ရှိတဲ့ ဘာမှမလုပ်ဘဲ ကျွန်မ
တောင်းလို့ရတဲ့ ပိုက်ဆံတွေကို အခန့်သားကြီးထိုင်ပြီးတော့ အရက်သောက်နေတဲ့ ကျွန်မရဲ့ပထွေးကို
လုပ်ကျွေးနေရတာပါ။
ကျွန်မအိမ်ထောင်ကျပြီး အိမ်ထောင်ကွဲသွားတော့ ကျွန်မမှာ ကလေးတစ်ယောက်ကျန်ခဲ့တယ်။
အဲဒီကလေးနဲ့ဆိုရင် ကျွန်မစုစုပေါင်းလုပ်ကျွေးနေရတာ ၃ ယောက်ရှိပါတယ်။
ကျွန်မတို့လုပ်နေတဲ့ သူဖုန်းစားလုပ်ငန်းကို အထင်မသေးနဲ့နော်။
ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်မပြောသမျှကို နားထောင်ပေးနေတဲ့ သတင်းထောက်ကြီးတောင် သူဖုန်း
စားလုပ်ချင်လှပါတယ်ဆိုရင်တောင် လုပ်လို့မရဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့သူဖုန်းစားလောကမှာ သူ့အပိုင်နယ်မြေနဲ့သူ တောင်းစားရတာ။
အဲဒီလို အပိုင်နယ်မြေသတ်မှတ်ပေးတဲ့သူကို ကျွန်မတို့ သူဖုန်းစားတွေက တစ်သောင်းတောင်းလို့ရ လာ
ရင်ငါးထောင် ခွဲပေးရတယ်။
သူဖုန်းစားလုပ်နေတဲ့ သူတွေအားလုံး အဲဒီလိုပဲ ခွဲပေးရတယ်။
ကျွန်မတို့ ဘာကြောင့်သူ့ကို တောင်းလို့ရတဲ့ပိုက်ဆံ ခွဲပေးရလဲဆိုတော့ ကျွန်မတို့ကို မဖမ်းအောင်လို့ ကာကွယ်ပေးလို့ ပေးရတာပါ”
ဟု မခိုင်ကမမောတမ်း ပြောပြသည်။
မခိုင်ထိုကဲ့သို့ပြောပြနေစဉ် မခိုင်၏နောက်ဘက်လက်ဖက်ရည် ၀ိုင်း၌ ထိုင်နေသော အသက်ကြီး ကြီးမိန်းမ
ကြီး ၃၊ ၄ယောက်မှာ ကောက်ကျစ်တတ်သည့်မျက်နှာဖြင့် ဒေါသထွက်ပြီး မခိုင်ကို နဂါးမင်းကဲ့သို့ မျက်
စောင်းထိုးပြီး မြေနီကုန်းကားမှတ်တိုင်အနောက် ပန်းခြံဟောင်းအတွင်း၌ ဖွင့်ထား သည့်လက်ဖက်ရည်
ဆိုင်ငယ်လေး အတွင်းမှ ထွက်သွားကြသည်။ ထိုမိန်းမသုံးဦးထွက်သွားပြီး နောက် မခိုင်က
“ကျွန်မအစ်ကိုတို့ကို အားလုံးမပြောပြတာ အဲဒီထွက်သွားတဲ့ ကျွန်မနောက်မှာ ထိုင်နေတဲ့မိန်းမကြီးတွေ
ရှိနေလို့ပါ။
အဲဒီမိန်းမကြီးတွေက သူတို့ နာမည်အမှန်ကို ကျွန်မတို့ကို မပြောပြဘူး။ သူတို့ထဲက မအေးမာဆိုတဲ့ အမျိုး
သမီးကြီးက ကျွန်မကို ငှက်အော်စမ်းစခန်း (အသက် မပြည့်သည့်ကလေးများလေ့ကျင့်ရေးစခန်း ကနေ
ခေါ်လာတာပါ။
ပြီးတော့ မြေနီကုန်းမှာလွတ်လွတ်လပ်လပ်တောင်းစားလို့ရတဲ့ နေရာတစ်နေရာပေးတယ်။
သူကကျွန်မကိုတောင်းစားဖို့နေရာ ပေးထားတော့ ကျွန်မတောင်းလို့ ရတဲ့ ငွေကနေ ခွဲပေးရတာမဆန်းပါ
ဘူးရှင်”
ဟု မခိုင်က သူ့လက်ရှိ ရပ်တည်နေရသည့်ဘ၀ကို ကြုံ တုန်းကြုံခိုက် ပြောပြသွားခဲ့ခြင်း ဖြစ်သည်။
မျိုးမြင့်ဇော်
Copy from http://www.hotnewsweekly.com/archives/22604





