• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 15, 2013

လိုတာထက်ပိုပြီး ဖော်ချွတ်နေကြတဲ့ အစ္စရေးစစ်သမီးတွေ

 

 

လိုသည်ထက်ပို၍ဖော်ချွတ်နေကြတဲ့

 

အစ္စရေးစစ်သမီးများ

 June 15, 2013

အစ္စရေးစစ်သမီးများသည် ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်များ၏ အမျိုးသမီးစစ်သည်များနှင့်ယှဉ်လျှင် လေ့
ကျင့်သားပြည့်ဝမှု၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို ဆောင်ရွက်နိုင်မှု၊ အပင်ပန်း အဆင်းရဲခံနိုင်မှုများ
တွင် စံမီသူများဖြစ်ပြီး၊ အမျိုးသားစစ်မှုထမ်း များနည်းတူ ရင်ဘောင်တန်းနိုင်သူများဖြစ်သည်ဟု သတင်းကြီး
သူများဖြစ်သည်။


သို့သော် စစ်သမီးဆောင် (MILITARY BARRACK) များ၌အရပ်ဝတ်စုံမာဖီ (MUFTI) ဖြင့် နေထိုင်ကြရာ
တွင် လိုသည်ထက်ပို၍ ဖော်ချွတ်ပြီးနေထိုင်ခြင်း၊ မိမိကိုင်ဆောင်ရမည့် လက်နက်ခဲယမ်းများနှင့် ချပ်ဝတ်
တန်ဆာ (EQUIPMENTS) များကိုပင် မအပ်မရာနေရာ၌ ချိတ်ဆွဲမှုများရှိနေကြောင်း ဇွန် ၁၃ ရက် အေပီ
သတင်းတစ်ရပ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။


နိုင်ငံတကာရှိ တပ်မတော်များတွင်လည်း “စစ်စည်းကမ်းသည် တပ်မတော်၏ ကြောရိုး” ဖြစ်ကြောင်း သတ်
မှတ်ထားကြသည်။ တပ်မတော်သားများသည် စစ်ဥပဒေ၊ စစ်စည်းကမ်းများကို သာမက၊ နိုင်ငံတော်ကပြ
ဋ္ဌာန်းထားသည့် တရားဥပဒေ၊ အက်ဥပဒေ၊ နည်းဥပဒေ၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကိုလည်း
လိုက်နာကြရသူများဖြစ်သဖြင့် တပ်မတော်သားများသည် စည်းကမ်းလိုက်နာရာ၌ စံပြုထိုက်သူများဖြစ်
သည်။

သို့ရာတွင် အစ္စရေးစစ်သမီးများ ဤသို့လွတ်လပ်မှုလွန်ကဲနေခြင်းများမှာ သက်ဆိုင်ရာတပ်မတော်၏ ဂုဏ်
သတင်းကို ရိုက်ခတ်လာနိုင်ဖွယ်မရှိပေဘူးလားဟု ထောက်ပြထားသည်။

ကျော်စိန်

Copy from http://www.hotnewsweekly.com/archives/21994