• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 15, 2013

ငြိမ်းချမ်းရေးအကြို ဆွေးနွေးရန် KNUကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ ထွက်ခွာ


ငြိမ်းချမ်းရေး အကြိုဆွေးနွေးရန်

KNU ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။

စဖန်းရှောင်း (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရော
ဂျာခင်တို့ ဦးဆောင်သောအဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြိုဆွေးနွေးရန် ရန်ကုန်သို့
ယနေ့ ထွက်ခွာသွားကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

KNUတွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ဇွန်လ ၁၅ရက်နေ့တွင် ဥက္ကဌ စောမှုတူးစေးဖိုး ဦး
ဆောင်သောအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ နိုင်ငံတော်သမ္မတရုံး
ဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် သွားရောက်တွေ့ဆုံမည်ဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။

“ဥက္ကဌကြီး ဦးဆောင်တဲ့အဖွဲ့က လက်ရှိ နိုင်ငံရေးပြဿနာတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် ငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ အစိုးရနဲ့ဆွေးနွေးသွားဖို့ရှိပါတယ်”
ဟု ပဒိုစောသောသီဘွဲက ပြောဆိုသည်။

KNUဥက္ကဌ စောမှုတူးစေးဖိုး ဦးဆောင်သောအဖွဲ့တွင် ပဒိုစောရောဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ၊
ဗိုလ်မှူးဒိကွယ် စသည်တို့ပါဝင်ကြောင်းသိရသော်လည်း ၎င်းတို့သည် ၀န်ကြီးဦးအောင်မင်းအဖွဲ့နှင့် ရန်ကုန်
မြို့ မည်သည့်နေရာ၌တွေ့ဆုံမည်ကိုမူ KNU မှ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယနေ့တွင်ပင်
KNU ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒိုစောတာဒိုမူး ဦးဆောင်၍ နိုင်ငံခြားရေးဌာနတာဝန်
ခံ ပဒို စောအောင်ဝင်းရွှေ၊ ပဒိုစောအယ်ကလူစေး၊ စောတာမှုလာနှင့် KNLA မှ ဗိုလ်မှူးတာမလာသောတို့
ပါဝင်သော အဖွဲ့ဝင် ၅ဦးပါအဖွဲ့သည်လည်း ယနေ့ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ပဒိုစောတာဒိုမှုးဦးဆောင်သောအဖွဲ့သည် ဇွန်လ ၁၅ရက်နေ့၌ပင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ
(MPC)မှ တာဝန်ရှိသူများ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် လိုက်နာရမည့်
ကျင့်ဝတ် (Code of Conduct)ကို ဆွေးနွေးသွားရန်ရှိသည်ဟု ယနေ့ထုတ်ပြန်သည့် KNU ၏ သတင်းကြေ
ညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က KNUဗဟိုကော်မတီအစည်းအဝေးတရပ်ကို ကရင်ပြည်နယ် KNU တပ်မ
ဟာ(၇) ထိန်းချုပ်နယ်မြေတွင် ၃ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ခရီးစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။

Copy from http://www.kicnews.org/?p=17221

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ်
(ဓာတ်ပုံ-ထက်ရှိုင်း)

နှစ်ဖက်တပ်များ ချထားရေးအပါအ၀င်

လာမည့်ဆွေးနွေးပွဲများအတွက်

အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန်မြို့၌ ဆွေးနွေး

Sunday, 16 June 2013

လာမည့် ဆွေးနွေးပွဲများအတွက်ရည်ရွယ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်အ
မျိုးသားအစည်းအရုံးတို့ ဇွန် ၁၅ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace
Center တွင် တွေ့ဆုံပြီး အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အ
ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်ခေါင်းဆောင်များ၊ ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေး
ဖိုးနှင့် ကာကွယ်ရေးဌာနတာဝန်ခံ ဖဒိုစောရောဂျာခင်တို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
"မတွေ့တာလည်းကြာပြီ။
နောက်ပြီး သူတို့နဲ့ Code of Conduct ဆွေးနွေးဖို့ ရှိတယ်။
အဲဒီအဖွဲ့နဲ့ ရောပြီးလာကြတာပါ။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးလည်းပါတယ်။
တကယ်ဆွေးနွေးမှာက အောက်ခြေက လူတွေပဲ ဆွေးနွေးကြတာပါ။
ခေါင်းဆောင်ပိုင်းက လူတွေက မတွေ့တာ ကြာပြီ။
အဲဒါကြောင့် နှစ်ဖက်ပြောချင်တာလေးတွေ ပြောဖို့ ခဏတွေ့ကြတာပါ"
ဟု ပြောကြားသည်

ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များနှင့် Myanmar Peace Center
မှ တာဝန်ရှိသူများတွေ့ဆုံပြီး နှစ်ဖက်လိုက်နာရမည့် Code of Conduct ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး တပ်နေရာချထားရေးနှင့် ပတ်သက်
သည့် အကြောင်းအရာများလည်းပါဝင်ကြောင်း သိရသည်။

"နှစ်ဦးနှစ်ဖက် လိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းများအား ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး တစ်ဦးနဲ့
တစ်ဦး ယုံကြည်မှု အခိုင်အမာရှိမှသာလျှင် တပ်နေရာချထားရေးများအား လုပ်ဆောင်နိုင်မယ် ဖြစ်တယ်"
ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က ဇန်န၀ါရီလ အတွင်းက ပြောကြားထားသည်။

"အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသွားရင် စစ်မြေပြင်လိုက်နာရမယ့် စည်းကမ်းများဆိုတာ လုပ်
ရတယ်။
အဲဒါမှလည်း ဟိုဘက်ဒီဘက် ဘာတွေထိန်းရမယ်ဆိုတာ သိရမယ်။
ကေအင်န်ယူဘက်ကရော တပ်ဘက်ကရော ပြည်သူလူထုရော လိုက်နာရမယ့် စည်းကမ်းလေးတွေချ
ပြီး ရေးကြတာပေါ့။
အဲဒါတွေ ညှိနှိုင်းပြီး လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေထပ်မဖြစ်အောင် ပိုခိုင်မာအောင်လုပ်တာပေါ့။
တကယ့် အစည်းအဝေးကြီးမဟုတ်ပါဘူး။
အလွတ်သဘောပါပဲ။
အောက်ခြေအဆင့်မှာ ဘာတွေလုပ်ရမယ်ဆိုတာ ပြောထားမှ တကယ်ဆွေးနွေးတဲ့အခါ အဆင်ပြေမှာ လာ
မယ့်ဆွေးနွေးပွဲတွေအတွက် ရည်ရွယ်တာပေါ့"
ဟု ပြောကြားသည်။

အစိုးရနှင့် ကေအင်န်ယူတို့သည် Code of Conduct နှင့်ပတ်သက်ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း
ကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

Copy from http://weeklyeleven.com/politics/20102