• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, June 14, 2013

လိုင်စင်မဲ့ကားတွေ ကရင်ပြည်နယ်မှာ တကယ်ဖမ်းမည်


လိုင်စင်မဲ့ကားတွေ

ကရင်ပြည်နယ်မှာ တကယ်ဖမ်းမည်

မဲဆောက်သား၊ ဇွန် ၁၅၊ ၂၀၁၃

ကရင်ပြည်နယ်အစိုးရက ဇွန် ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော စာအရ ကရင်ပြည်နယ်အတွင်း လိုင်စင်
မဲ့ကားများ သွားလာနေခြင်းအား စစ်ဆေးအရေးယူတော့မည် ဖြစ်ကြောင်း သိရပါသည်။
သက်ဆိုင်ရာ ငြိမ်းအဖွဲ့ ရုံးများသို့လည်း စာများပေးပို့ထားပြီး ဖြစ်ပါသည်။

ယခင်က ငြိမ်းအဖွဲ့များမှ ထုတ်ပေးသော တပ်ပိုင်ယဉ်နှင့် ထောက်ခံချက်များလည်း အသိအမှတ်မပြုတော့
ကြောင်း သိရပါသည်။ သွင်းကုန်ထုတ်ကုန်ဥပဒေသစ်အရ ဖမ်းစီးမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။
ယခုအခါ မြ၀တီမှ ဘားအံ-မော်လမြိုင် သို့ သွားနေကြသော လိုင်စင်မဲ့ ယဉ်ငယ်များ လိုင်းပြေးနေသည်
ကိုလည်း ရပ်နားကြရတော့မည် ဖြစ်ပါသည်။

ယခုကဲ့သို့ ညွှန်ကြားချက်ထွက်ပေါ်လာသော်လည်း မဲဆောက်အမှတ် (၁၃)ဂိတ်ရှိ မော်တော်ယာဉ် ရောင်း
ဝယ်ရေးလုပ်ငန်းများမှာ ထိခိုက်ခြင်းမရှိဘဲ နေ့စဉ်ရောင်းဝယ်နေကြကြောင်းလည်း သိရသည်။
ကားဈေးသိသိသာသာ ကျဆင်းမှုမျိုးမရှိဘဲ ပုံမှန်ဈေးနှင့် ရောင်ကောင်းနေကြောင်း ပြောပြပါသည်။

ကားသမားများကလည်း …
“လက်ရှိအခြေအနေက ဘာမှန်းတော့ မသိသေးပါဘူး စာထွက်တာဘဲ ရှိသေးတယ်။
ဘယ်နေ့ စဖမ်းမယ် မသိသေးဘူး …” ဟု ပြောနေကြသည်။

မော်တော်ယာဉ်များ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရာ မြ၀တီမြို့တွင်လည်း ကရင်ပြည်နယ် အစိုးရမှ စီမံ
ချက်ဖြင့် စစ်ဆေးအရေးယူမည်ဟူသော အတည်မပြုနိုင်သေးသည့် သတင်းစကားများလည်း ကြားနေရ
သည်။ ကရင်ပြည်နယ်အစိုးရရုံးသို့ မေးမြန်းကြည့်ရာတွင် ဥပဒေအရ ဆောင်ရွက်ရမည်ကိစ္စများကို ဥပဒေ
အတိုင်းဆောင်ရွက်မည်ဖြစ်ပြီး၊ ဥပဒေကိုကွက်ကြားဆောင်ရွက်မည်မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း
လည်း ရုံးသို့ဆက်သွယ်မေးမြန်းခဲ့သော ကားဆရာ ကိုကျော်ဝင်းကပြောသည်။
သူ့အမြင်ကိုပြောဆိုရာတွင်
“မြ၀တီမှာဖမ်းမယ်ဆိုရင် ပြဿနာတွေ အများကြီးတက်နိုင်ပါတယ်။
ဒါပေမယ့် ပြောလို့တော့ မရဘူး”
ဟု ဆိုသည်။

Copy from http://moemaka.com/archives/35553