Source Photo from http://www.google.com/images
ကရင်အထမ်းသမားပုံပြင်
June 14, 2013
Friday
By မင်းစိုးစံ
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) မကောင်းကြောင်းတွေချည်းရေးနေရတာ ကြာလာတော့ ကိုယ့်ကိုယ်ကို ရှက်
လာတယ်၊ ဗမာစစ်အစိုးရမကောင်းကြောင်းရေးတဲ့ ကိုယ်ကိုယ်တိုင် လူစိတ်မရှိတော့သလိုလို ဖြစ်နေပြီလား
တောင် မပြောတတ်တော့ပါဘူး။ မြင်သူမရှက် ယိုသူရှက် အဲလေ မဟုတ်ပါဘူး။ ယိုသူမရှက် မြင်သူရှက်
ဆိုတဲ့ ဗမာစကားပုံလိုပေါ့။
တခါတလေများဆို ငါဆိုတဲ့ငါဟာ လူစိတ်မှရှိသေးရဲ့လားလို့ ကိုယ်ရေးပြီး သားအကြောင်းအရာတွေကို ပြန်
ဖတ်ရင်း စိတ်ထဲကနေပြန်ပြန်မေးနေတတ်လို့ပါ။
ကရင်အထမ်းသမားပုံပြင်ကို မရေးခင်မှာ အထမ်းသမားနှစ်မျိုးအကြောင်းနည်းနည်းရှင်းပြပါ့မယ်။
တချို့လူတွေ သိပြီးသားဖြစ်မှာပါ။
လွန်ခဲ့တဲ့လတုန်းက ကဒပ်မုန့်ပုံပြင်ရေးမယ်လို့ ပြောထားပေမယ့် ကဒပ်ဥ ပုံ၊ ကဒပ်မုန့်ထုပ် တဲ့ ဖက်ရွက် ပုံ၊
အဲဒါတွေမပြည့်စုံသေးလို့ မရေးဖြစ်သေးပါဘူး။
အခုတော့ အထမ်းသမားနှစ်မျိုးဆိုတာကို ရှင်းပြပါ့မယ်။
ပုံပြင်ကိုမရေးခင်မှာ ကျုပ်တို့ကရင်လူမျိုးတွေဟာ ဘယ်လိုသောဆင်းရဲဒုက္ခမျိုးကိုမဆို အတတ်နိုင်ဆုံး ဟာ
သလေးတွေနဲ့နှောပြီး ရင်ဆိုင်နိုင်ကြတဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာကိုတော့ ဦးစွာပြောပြလိုပါတယ်။
Source Photo from http://www.google.com/images
အထိ ထမ်းပိုးရတဲ့ အထမ်းသမားနဲ့ မိမိဝမ်းစာအတွက် ထိုင်းဗမာနယ်စပ်ကနေ ဗမာပြည်ထဲအထိ သက်စွန့်
ဆံဖျား လူသုံးကုန်ပစ္စည်းမျိုးစုံကို ထမ်းပိုးရတဲ့ အထမ်းသမားဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီနှစ်မျိုးစလုံးသော အထမ်းသမားတွေဟာ ဗမာစစ်အစိုးရလက်ချက်နဲ့ အသက်သေရတဲ့ကရင်တွေ ဘဝ
ပျက်ရတဲ့ကရင်တွေ အတော်များများရှိခဲ့ပါတယ်။
ချွေးတပ်အဆွဲခံရတဲ့ အထမ်းသမားကျတော့ မထမ်းနိုင်လျင် သေတဲ့အထိ ကန်ကျောက် ရိုက်နှက်တာခံရ
ပြီး ကုန်ထမ်းတဲ့ အထမ်းသမားကျတော့ ကုန်ပစ္စည်းကိုလုယူပြီး အဆုံးစီယင်ပစ်တာ ခံရပါတယ်။
ဒါကြောင့် အဲဒီအဖြစ်အပျက်မျိုး ကြုံဆုံခံစားခဲ့ရတဲ့ ကရင်တွေဟာ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကို လုံးဝ
လုံးဝ ကို အယုံအကြည်ကင်းပြီး စိတ်နာနေကြတာဖြစ်ပါတယ်။
ထားလိုက်ပါတော့၊ ပထမဦးဆုံး ဗမာစစ်တပ်က ပေါ်တာဆွဲလို့ အထုပ်ထမ်းရတဲ့ပုံပြင်လေးပြောပြပါ့မယ်။
ဟုတ်ကဲ့ အခုပြောမှာက တကယ့်ဖြစ်ရပ်ပါ။
သို့သော်အခုခေတ်က ခိုင်လုံတဲ့သက်သေအထောက်အထားတွေပြနိုင်မှ တကယ့်အဖြစ်အပျက်လို့ လက်ခံ
တတ်ကြပြီး ဓါတ်ပုံတွေ အသံဖိုင်တွေ မပြနိုင်လျင် ကောလဟာလလို့ သတ်မှတ်တတ်ကြတာမို့ ပုံပြင်လို့
ပြောလိုက်ရပေမယ့် တကယ့်ဖြစ်ရပ်ဆိုတာကိုတော့ အသိအမှတ်ပြုပေးစေချင်ပါတယ်။
ကရင်ပြည်နယ်ထိုးစစ်တွေမှာ ဗမာတပ်တွေစစ်ကြောင်းထိုးတိုင်း ကရင်တွေကို ဓါးစာခံအဖြစ်၊ မိုင်းရှင်းကိ
ရိယာ အဖြစ်၊ လူကာဒိုင်း အဖြစ်၊ ထမ်းပိုးသယ်ဆောင်တဲ့ တိရိစ္ဆာန်တွေအဖြစ် အသုံးပြုတယ်ဆိုတာကို က
ရင်ပြည်နယ်မှာနေဘူးသူတိုင်း၊ တာဝန်ကျဘူးတဲ့ ဗမာ့တပ်မတော်ထဲက တပ်မတော်သားတိုင်း(လူစိတ်ရှိတဲ့
စစ်သားတိုင်း) အသိဖြစ်ပါတယ်။
ဗမာစစ်ကြောင်းချီရာ တလျှောက် ကရင့်တော်လှန်ရေးတပ်မတော်က ပျောက်ကြားနည်းနဲ့ တမျိုး မိုင်းစစ်
ဆင်ရေးနဲ့တဖုံ ရင်ဆိုင်တိုက်ပွဲနဲ့က တသွယ် အမျိုးမျိုးတိုက်စစ်ဆင်တာခံရတော့ ဗမာတပ်အတွက် လက်
နက်ရိက္ခာ သယ်ပေးသူတွေလျော့လျော့လာသလို ကရင့်တပ်ကိုရှောင်ကွင်းရတာမို့ တနာရီခရီးကို ၃ရက်
လောက် သွားရတတ်ပြီး လျော့သွားတဲ့အထမ်းသမားတွေရဲ့ ၀န်စည်စလည်ကို ကျန်ရစ်နေတဲ့ အထမ်းသ
မားတွေက ထမ်းပိုးသယ်ဆောင်ပေးရပါတယ်။
တိုက်ပွဲတွေဖြစ်နေချိန်မှာ ပြေးခွင့်မကြုံလိုက်တဲ့ အထမ်းသမားခမျာ နဂိုလ်ထမ်းရတဲ့အလေးချိန်ထက် ပိုပို
ပြီးထမ်းလာရတော့ လေးလိုက်တာ လို့ငြီးရှာပါတယ်၊ အဲဒါကိုကြားတဲ့ ဗမာစစ်သားက ဘာလဲမောင်ကျော်
လေးတယ် ဟုတ်လား၊ ရော့ ဆိုပြီးနောက်အထုပ် တထုပ်ကို ခြင်းပေါ်ပစ်တင်လိုက်ပါတယ်။
ခရီးအတော်ဝေးလာတော့ အထမ်းသမားက ထပ်ငြီးပါတယ် လေးလိုက် တာနော် ဆိုတော့ ဗမာစစ်သားက သူ့ကျောပိုးအိပ်ကို အထမ်းသမားရဲ့ ခြင်းကြားထဲ ထပ်တင်လိုက်ပြန်ပါတယ်။
ခရီးအတော်သွားမိတော့ ဗမာစစ်သားက ဘယ်လိုလဲမောင်ကျော် လေးသေးလား လို့မေးတော့ ကရင်အ
ထမ်းသမားခမျာ ခေါင်းလေးပဲငြိမ့်ပြနိုင်တော့သတဲ့။ အဲဒီတော့ ဗမာစစ်သားက နယ်စပ်ကနေကုန်ပစ္စည်း
ထမ်းလာတဲ့ လူတွေစီက လုယက်ထားတဲ့ ဘိနပ်အထုပ်တထုပ်ကို ထပ်တင်လိုက်ပြန်သတဲ့။
ခရီးတော်တော်ဝေးဝေးကိုရောက်တော့ ဗမာစစ်သားက လေးနေသေးလား မောင်ကျော် လို့မေးတော့ ခေါင်း
ခါပြရှာသတဲ့။ အဲဒီတော့မှ ဘာအထုပ်တွေမှ ထပ်မလာတော့ဘူးတဲ့။
ဒီလို နဲ့ တနေရာကိုအရောက်မှာ ဗမာစစ်သားက သူ့ဘိနပ်အထုပ်ထဲက ဘိနပ်တချို့ကိုထုတ်ယူသွားတော့ အထမ်းသမားက အိုးဟိုးဟိုး ပေါ့သွားတာပဲ။ ကျေးဇူးတင်လိုက်တာ ဆရာရယ် လို့ ပြောသတဲ့ဗျား။
ပုံပြင်လေးကတော့ ဒါပါပဲ။
သို့သော် ဒီကနေ့ ကျုပ်တို့တိုင်းသူပြည်သား အခြေခံလုတန်းစား(တောရော မြို့ပါမကျန်) ခံစားကြုံဆုံနေကြ
ရတဲ့အဖြစ်ကတော့ အဲဒီကရင်အထမ်းသမားတယောက်လိုပါပဲ။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က မီးကုန်
ယမ်းကုန် အသားကုန် အနိုင်ကျင့်ဗိုလ်ကျနေရာကနေ မစို့မပို့အခွင့်အရေးလေးပေးလိုက်ရုံနဲ့ လူစိတ်ပျောက်
နေတဲ့ ဗမာစစ်အစိုးရကို ကျေးဇူးတွေတင်နေတာကတော့ဖြင့် နေရာမကျဘူးလို့ သုံးသပ်မိပါတယ်။
လူသုံးကုန်ပစ္စည်းထမ်းတဲ့ အထမ်းသမားပုံပြင်ကို ဆက်ပြောပြပါ့မယ်။
အဲဒီအထမ်းသမားတွေရဲ့ လောကမှာ စာလိုလို ကဗျာလိုလို ဆောင်ပုဒ်လေးတခုရှိတယ်ဗျ။
ဆာလျင် စား။
မောလျင် နား။
မနိုင်လျင် ငှား။ ဆိုတဲ့ ဆိုရိုးလေးပါ။
အထမ်းတထမ်းကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ကီလိုချိန် ၄၅ကီလိုကနေ၊ ၇၅ကီလို
အထိ ထမ်းပိုးသယ်ဆောင်တတ်ကြပါတယ်။
သယ်ပိုးခအနေနဲ့ အလေးချိန်တကီလိုကို ၁၄ကျပ်၊ ၁၅ကျပ်၊ အမြင့်ဆုံး ၁၇ကျပ်အထိ ရှိပါတယ်။
ခရီးကလည်း ကော်မူးရာစခန်းကနေ ကျုံဒိုးချောင်းဖျားအထိကို အမြန်ဆုံးအသွားအပြန် ၆ရက်လောက်ကြာ
ပါတယ်။
ဗမာစစ်တပ်ရဲ့ လှုပ်ရှားမှုအခြေအနေအရ တခါတလေ အသွားအပြန် ၁၅ရက်ကနေ တလအထိ ကြန့်ကြာမှု
ရှိတတ်ပါတယ်။
ကျုံဒိုးချောင်းဖျားကနေ ကော်မူးရာအထိကို စားသောက်ဆိုင်တွေ လမ်းတလျှောက်လုံး စခန်းတခုနဲ့တခု မိ
နစ် ၃၀နဲ့ ၁နာရီခြားလောက်မှာ ရှိတတ်ပါတယ်။
အခု တပ်ရင်းမှူး ဗိုလ်ချုပ်ထင်မောင်တို့ စခန်းချနေထိုင်နေတဲ့ ထို့ကိုကိုးစခန်းမှာဆိုလျင် စားသောက်ဆိုင်
တွေအပြင် မြင်ကွင်းကျယ် ပိတ်ကားကြီး ရုပ်ရှင်ရုံတွေတောင်ရှိခဲ့ဘူးပါတယ်။
တောထဲမှာဆိုပြီး ထမင်းဆိုင်တွေကိုတော့ အထင်သေးလို့မရပါဘူး၊ မြို့ပေါ်က စားသောက်ဆိုင်တွေလို အ
ဆင့်မမြင့်ပေမယ့် အဆင့်မနိမ့်တဲ့ သား ငါးမျိုးစုံကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ကြော်လှော်ထားတဲ့ ဟင်းလျာစုံ
တွေ အချိန်မရွေးရနိုင်ပါတယ်။
အချိုရည်မျိုးစုံ လ္ဘက်ရည်ဆိုင် အထည်ဆိုင် အလှကုန်ပစ္စည်းမျိုးစုံဆိုင် ရုပ်ရှင်ရုံ(ဗွီဒီအို) အဲဒီလိုကိုရှိခဲ့တာပါ။
အဲဒီနေရာတွေကို စခန်းအဖြစ်သတ်မှတ်ပြီး အိပ်ချိန်ရောက်လျင် အိပ်ကြ၊ မအိပ်ချင်ဘူးဆိုလျင် ဆက်သွား။ စစ်ဆေးမေးမြန်းတာ တွေမရှိဘူး။ အဲဒါတွေအပြင် ကိုယ့်အုပ်စုက လူတွေကို ကိုယ်ကလိုက်ဘို့ မနိုင်တော့
ဘူးဆိုလျင်ဖြစ်ဖြစ် ပင်ပမ်းနေလျင်ဖြစ်ဖြစ် စခန်းတစ်ခုနဲ့ တစ်ခုကြားမှာ အငှားထမ်းပေးတဲ့ လုတွေကလည်း
ရှိပြန်ပါတယ်။ ဒါကြောင့်မို့လဲ
မောလျင် နား။
စာလျင် စား။
မနိုင်လျင် ငှား။
ဆိုတဲ့ဆိုရိုးစကားလေးဟာ အထမ်းသမားတွေရဲ့ လောကမှာ ရေပန်းစားခဲ့သလို တခေတ်တခါတုန်းက က
ရင်ပြည်နယ်က ကရင်လူမျိုးအချို့အတွက် အထမ်းသမားလုပ်ငန်းဟာ အသက်မွေးဝမ်းကြောင်းတရပ် ဖြစ်ခဲ့
ဘူးတယ်လို့ ပြောနိုင်ပါတယ်။
အထမ်းသမားဆိုလို့ အသက်ငယ်ရွယ်သူတွေချည်းတော့မဟုတ်ပါဘူး၊ အသက်ကြီးတဲ့လူတွေလည်း အ
ထမ်း ထမ်းကြရပါတယ်။
အဲဒီအုပ်စုတွေထဲက အသက်ကြီးပေမယ့် သူနိုင်သလောက်လေးထမ်းပြီး လူငယ်တွေကြား ဟာသနှောပြီး
ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရှိခဲ့ဘူးပါတယ်။ စောစောပိုင်းကပြောခဲ့သလိုပါပဲ လူငယ်တွေက သူ့
ကို ဦးလေး ဒီည ကျွန်တော်တို့ ချိုင့်စခန်းအထိ အရောက်သွားပြီး ဟိုမှာအိပ်မှာနော် အဲဒါ ဦးလေးရောက်နိုင်
ပါ့မလား ဆိုပြီး သူ့ကိုမေးတော့ သူက ဆ်ုနိုင့်အေထံင် လါင်း ထံင်လှ် ဆိုတဲ့စကားကိုပြောပါသတဲ့။
ဗမာလိုအဓိပ္ပါယ်က နွားရောက်လျင် လှည်းရောက်တယ် လို့ပြောတာပါ။
လူငယ်လေးတွေက သူတို့ပြောတဲ့အတိုင်း ချိုင့် စခန်းမှာ ရေမိုးသန့်စင်ကြ ထမင်းလေးဘာလေးစားပြီး မိုး
ကလည်း ချုပ်နေပြီဆိုတော့ အိပ်ဘို့ပြင်ရင်း သူတို့ရဲ့ဦးလေးကြီးကို စောင့်နေကြတာပေါ့လေ။
လူတွေတိတ်ဆိတ်နေတဲ့အချိန်မှာ ဟာသနှောပြီးပျော်ပျော်နေတတ်တဲ့ ဦးလေးကြီးဟာ အထုပ်ကြီးထမ်း
လျက် ချွေးတွေအရွှဲသားနဲ့ ပေါက်ချလာပါတော့တယ်၊ အဲဒီတော့ လူငယ်လေးတွေက ထပြီး သူ့အတွက်အ
ထုပ်ထားဘို့နေရာတွေ ၀ိုင်းပြင်ပေးရင်း ဦးလေးပြောတော့ နွားရောက်လျင် လှည်းရောက်တယ် ဆို လို့မေး
လိုက်တော့ သူပြန်ပြောလိုက်တဲ့စကားကြောင့် လူငယ်တွေ ၀ါးကနဲ ပွဲကျသွားကြတဲ့အတွက် အိပ်နေတဲ့လူ
တချို့တောင် ပြံးစိစိဖြစ်သွားကြသတဲ့။
သူပြောလိုက်တာက လါင်း ဖ၀်ထံင်သာ့လှ် ပါတဲ့ဗျား။
ဗမာလိုအဓိပ္ပါယ်ကတော့ လှည်းရောက်ရုံလေးပဲ ရှိတော့တယ် လို့ပြောလိုက်တာဖြစ်ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။
သို့သော် အထမ်းသမားဦးလေးကြီးပြောသလို အမျိုးသားရေးမှာ နွားရောက်လျင် လှည်းရောက်တယ် ဆိုတဲ့
စကားအတိုင်း ကျုပ်တို့ကရင်တွေအတွက် လှည်းရောက်ရုံလေးပဲ ရှိတော့တယ် ဆိုတဲ့စကားမျိုး က တော့
ဖြင့် ဟာသမမြောက်နိုင်ဘူးလို့ သုံးသပ်မိပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)






