သူတပါးချွေးနှီးစာနဲ့ နာမည်ကောင်းလိုချင်တဲ့
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ရဲ့ စေတနာ
June 13, 2013
DVBTVNews
ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်သူကုန်းကျေးရွာမှာ အရင်စစ်အစိုးရလက်ထက်က နယ်စပ်ဒေသ
တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး (နတလ) အတွက် ရယူထားတဲ့ မြေဧက ၁၀၀၀ ကျော်အနက် တစ်ချို့
ကို ရွာသားတွေ ၀င်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးစောခရစ္စတို
ဖာက ဒီဗွီဘီ ကို ပြောပါတယ်။
နဂိုက ကိုင်းတောကြီးတွေဖြစ်ပြီး စစ်အစိုးရလက်ထက် အလင်းဝင်လာတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကို ချထားပေးခဲ့တဲ့ မြေနေရာဖြစ်ပါတယ်။
အခုနောက်ပိုင်း လယ်သမားတစ်ချို့က လယ် ပြန်ရလိုကြောင်း တင်ပြထားတာရှိသလို ရေမြုပ်နေတဲ့ အဲဒီ
လယ်တွေကို စက်မှုလယ်ယာက စက်ယန္တယားတွေ သုံးပြီး ရေမြောင်းသွယ် ဖေါက်ထုတ်ပေးလိုက်တဲ့အ
တွက် ပြီးခဲ့တဲ့ ရက်ကစပြီး စိုက်ပျိုးနေကြတာလို့ သူက ဆိုပါတယ်။
လယ်ဧက စုစုပေါင်း ၁၀၀၀ ကျော်ကို ဘယ်လို ပြန်လည် ခွဲဝေ သတ်မှတ်ရမယ် ဆိုတာကိုတော့ ဆက်ပြီး
ဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ ဦးစောခရစ္စတိုဖာက ပြောပါတယ်။
Copy from https://www.facebook.com/DVBTVNews?ref=stream&hc_location=stream





