• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, June 23, 2013

Veteran Dayton Air Show

Wing Walker Jane Law Wicker.
Source photo from http://www.google.com/images

Veteran Dayton Air Show

By DVB
June 23, 2013

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ စနေနေ့က လေကြောင်းပြပွဲလုပ်ရာမှာ လူနှစ်ယောက်
သေဆုံးသွားတယ်လို့ ဒေသခံမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

အိုဟိုင်းယိုးပြည်နယ် ဒေးထွန်မြို့အနီးမှာ နှစ် စဉ်ကျင်းပမြဲ ၃၉ကြိမ်မြောက် ဗက်ထရန်ဒေထွန် Veteran Dayton air show လေကြောင်းပြပွဲမှာ နေ့ခင်း ၁၂နာရီ ၄၅မိနစ်က လေယာဉ်တောင်ပံပေါ် စတန့် လမ်း
လျှောက်သူတစ်ဦးကိုတင်ဆောင်ထားတဲ့ A 450 HP ပေါက်ကွဲမီးလောင်သွားပြီး မြေပြင်ပေါ်ပျက်ကျသွား
လို့ လေယာဉ်မောင်းသူ (Charlie Schwenker) နဲ့ စတန့် သမ (Jane Law Wicker) တို့ နှစ်ဦးစလုံး သေ
ဆုံးသွားတယ်လို့ ဒေးထွန်နေ့စဉ်သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

Pilot Charlie Schwenker
Source photo from http://www.google.com/images

ဒေသခံမျက်မြင်သက်သေတွေကလည်း သူတို့ဟာ ပေါက်ကွဲသံကြီးကြားလိုက်ရပြီးတဲ့နောက် မီးလုံးကြီး
တက်လာတာကိုတွေ့လိုက်ရတယ်လို့ ပြောပါတယ်၊ ပေါက်ကွဲမှုဖြစ်ပွါးရာကို မီးသတ်ယာဉ်ချက်ခြင်းရောက်
လာပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
လေကြောင်းပြပွဲကြည့်ရှုသူ ပရိဿတ်တွေတော့ ထိခိုက်ဒါဏ်ရာရသူ မရှိပါဘူး။ ဒီ လေကြောင်းပြပွဲကို ဒေး
ထွန်နိုင်ငံတကာလေဆိပ်မှာ စနေ တနင်္ဂနွေ နှစ်ရက် ကျင်းပဘို့စီစဉ်ထားတာဖြစ်ပြီး ဒီ စ တန့်ပြကွက်ဟာ
စနေနေ့ရဲ့ တတိယမြောက် အစီအစဉ်လည်းဖြစ်ပါတယ်။

အခုလိုလေယာဉ်ပျက်ကျမှုဖြစ်ပွါးပြီး တဲ့နောက် အဲဒီပြပွဲရဲ့ ကျန်တဲ့အစီအစဉ်တွေကိုလည်း ဖျက်သိမ်းလိုက်
ပါတယ်။


သတင်းကို ဒီဗွီဘီ မြန်မာပိုင်းဌာနက ရယူထားတာပါ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်းက္ခသည်တဦး)