• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 22, 2013

ဘတ်ပြီးရေးတဲ့ စာတစ်ကြောင်း


ဘတ်ပြီးရေးတဲ့ စာတစ်ကြောင်း

June 22, 2013 Saturday

By မင်းစိုးစံ

ဟုတ်ပါတယ်။ အခုရေးတဲ့ စာကြောင်းဟာ ဘတ်ပြီးမှရေးတဲ့စာဖြစ်ပါတယ်။
လူမှုရေးနယ်ပယ်မှာ ထင်ပေါ်ကျော်ကြားချင်သလား။ စီးပွါးရေးလောကမှာ လျှမ်းလျှမ်းတောက် ဖြစ်ချင်သ
လား။
စာပေအနုပညာနယ်၊ နိုင်ငံရေးနယ်၊ အသိပညာ အတတ်ပညာနယ်၊ စတဲ့စတဲ့ နယ်ပယ်အသီးသီးမှာ ထင်
ရှားကျော်ကြားချင်တယ်ဆိုလျင် စေတနာထားရမယ်၊ ကိုယ်ရတာကို မျှဝေနိုင်ရမယ်၊ ကိုယ် မသိသေးတာ
ကို ဆည်းပူးတတ်ရမယ်၊ အကုသိုလ်နည်းပါးတဲ့ အလုပ်မျိုး လုပ်ကိုင်ချင်စိတ်ရှိရမယ်၊ သည်းခံစိတ်မွေးရ
မယ် စသည်ဖြင့်ပေါ့ နည်းနာနိဿရည်းတွေ အောတိုက်ပါပဲ။

ကျုပ် စဉ်းစားကြည့်တယ်၊ အဲဒါတွေက တကယ့်ချမ်းသာအစစ် ချမ်းသာအမှန်လားပေါ့နော်။ ဘာကြောင့်လဲလို့ ဆိုလျင် ကျုပ်ကိုယ်တိုင် အဲဒီလို ကြီးမားတဲ့ထင်ပေါ်ကျော်ကြားမှုတွေ စည်းစိမ်ချမ်းသာ
တွေ မခံစားဘူးလို့ဖြစ်ပါတယ်။
လူ့သက်တမ်းရဲ့ သုံးပုံပုံ နှစ်ပုံလောက်အတွင်း ကျုပ် ဖြတ်သန်းလာခဲ့တဲ့ ဘ၀တလျှောက်မှာ ငွေကြေး ကြွယ်
ဝတဲ့ သူဌေးကြီးတွေ လယ်ယာမြေအများအပြားပိုင်တဲ့ မြေရှင်တွေ လက်တိုလက်တောင်းခိုင်းဘို့ တပည့်
တပမ်းအစုံအလင်နဲ့ အရာရှိတွေ စသည်ဖြင့်အဲဒီလို ပုဂ္ဂိုလ်တွေကို အတော်များများ တွေ့ဆုံခဲ့ဘူးပါတယ်။

အားလုံးလိုလိုဟာ ရှုတည်တည်ကြီးနဲ့ချည်းပါပဲ။ ဒါပေမယ့် သူတို့ထက် ပိုကဲပြီး ချမ်းသာတဲ့ ထက်မျက်တဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြောဆိုဆက်ဆံရာမှာတော့ အင်မတန်မွန်ရည်တာကို တွေ့ရပြန်ပါတယ်။

ဒီတော့ ကျုပ်လည်းမရှိတဲ့ အသိကိုဆန့်ထုတ်ပြီး တွေးကြည့်မိပါတယ်၊ အခုချမ်းသာနေတာထက် ပိုမိုချမ်း
သာလာအောင် အထက် ဖါး အောက် ဖိ လုပ်နေကြတာများလားပေါ့နော်။

တချို့သူဌေးကြီးတွေဟာ သူတို့ဘေးမှာ သက်တော်စောင့်တွေ ခန့်ထားရသလို ကိုယ်တိုင်လည်း လက်နက်
အတို အရှည်မျိုးစုံကို ကိုယ်နဲ့မကွာ ထားနေရတာမျိုးလည်း တွေ့ရပြန်ပါတယ်။ ဥစ္စာကို ကံစောင့် အသက်
ကို ဉာဏ်စောင့် ဆိုတာ ဒီလိုမျိုးလား။
ကျုပ်နဲ့ အင်မတန်ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်၊ မတွေ့ရတာ သုံးနှစ် သာသာလောက်
ရှိပြီး ပြန်တွေ့ကြတဲ့အခါမှာ အချမ်းသာကြီးချမ်းသာသွားတာကို မြင်လိုက်ရတော့ သူ့ကိုအားကျမိတာနဲ့ မင်း
အခြေအနေမျိုး ငါဘယ်တော့များမှ ရောက်မလဲ မသိဘူးဆိုပြီး သူ့ရှေ့မှာ ငြီးပြခဲ့ဘူးပါတယ်၊ အမှန်အတိုင်း
ပြောရလျင် ကျုပ် သူ့လိုချမ်းသာချင်ပါတယ်။

သူပြန်ပြောတာကတော့ မင်း ငါ့ကိုအားကျနေတာ ငါ သိပါတယ်၊ အပြစ်လည်း မပြောလိုပါဘူး၊ ငါဘယ်လို
နည်းနဲ့ ချမ်းသာနေသလဲ ဆိုတာ မင်း မသိလို့ပါ၊ ငါဟာ မကြာခင်မှာ လူတစ်ယောက်ယောက် သတ်တာကို ခံရတော့မှာပါ၊ မင်းလိုဘ၀လေးက အေးချမ်းပါတယ်ကွာ လို့ပြောဆို နှုတ်ဆက်ပြီးအပြန်မှာ သူ တကယ်ပဲ
အသတ်ခံလိုက်ရပါတယ်။

သေတာများ ဆန်းတာမှမဟုတ်ပဲ၊ ဘယ်သူမဆို သေကြရမယ့်သူချည်းပဲမဟုတ်လား။ လူအချင်းချင်းသတ်
လို့ ဒါမှမဟုတ် ရောဂါဖိစီးလို့ အဲဒီလိုမဟုတ်လျင်လည်း အကြောင်းတခုခုကြောင့် သေကြေနေကြရတာများ
နေ့တိုင်းပဲ မဟုတ်လား။
မြေပြိုလို့ ရေနစ်လို့ ဆာလောင်မွတ်သိပ်လို့ တောမီးလောင်လို့ စသည်ဖြင့်ပေါ့။

ဘယ်လောက်ပဲချမ်းသာချမ်းသာ ဘယ်လောက်ပဲဆင်းရဲဆင်းရဲ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်
ကြပါဘူး။ လူတွေထဲက လူဖြစ်နေရတဲ့ ကျုပ်လည်းမသေခင်မှာ အသေဖြောင့်အောင် မကြောက်မရွံ့သေရဲ
တဲ့ လူတစ်ယောက် ဖြစ်ချင်လာပါတယ်။ အရိုးသားဆုံးနဲ့ အရှင်းဆုံးပြောရလျင် သေခါနီးမှာ တွေတွေဝေေ၀
ဖြစ်နေတာ အော်ဟစ်နေတာ ရုန်းကန်ငိုကြွေးနေတာ အဲဒါမျိုးနဲ့ အဲဒီလိုအခြေအနေမျိုးနဲ့ မသေချင်တာ အ
မှန်ပါ။

နောက်ဆုံးပေါ်နည်းတွေနဲ့ သေလို့ရပါတယ်လို့ ပြောကြပါလိမ့်မယ်၊ ဆရာဝန်တွေကို လူနာရှင်က ခွင့်ပြုချက်
ယူပြီး ညင်ညင်သာသာအသက်ထွက်အောင်လုပ်တဲ့ ဆေးပညာနဲ့သေတာမျိုးကိုလည်း မကြိုက်ပါဘူး။
လူသားတို့ရဲ့ ဘာသာဘာဝအတိုင်း သေရမယ့်အချိန်ကိုရောက်လာတာနဲ့ သဘာဝအတိုင်းသေချင်ပါတယ်။

အစပိုင်းတုန်းကတော့ သေရတာမဆန်းပါဘူးလို့ ထင်ပြီးမကြောက်ခဲ့ပါဘူး။
မေ့ဆေးအပေးခံရသလိုမျိုး ကိုယ့်မှာ ဘာခံစားမှုမျှမရှိပဲ အိပ်ပျော်သွားသလိုမျိုးပဲလို့ ထင်ခဲ့မိပါတယ်။
မဟုတ်ပါဘူး၊ လုံးဝကိုမတူပါဘူး။

ရောဂါဝေဒနာ ကိုခံစားနေရတာ ကြာလာတာနဲ့အတူ အင်အားတွေဆုတ်ယုတ်လာပါတယ်၊ ကိုယ်ခန္ဓာကို
လိုအပ်သလိုလှုပ်ရှား လို့မရနိုင်တော့ပါဘူး၊ စကားလည်း မပြောနိုင်တော့ပါဘူး၊ စကားပြောနိုင်တဲ့အချိန်မှာ
ကျောပူတယ်၊ ဘယ်ဘက် လှည့်မယ်ဟေ့ လှည့်ပေးစမ်းလို့ ပြောလို့ရတဲ့အတွက် နံဘေးက လူက ကိုယ့်
ဆန္ဒအတိုင်းလုပ်ပေးတဲ့အတွက် အများကြီး သက်သာပါတယ်။ ချမ်းလာတယ် ဆောင်တစ်ထည်လောက်
ထပ်ပေးပါ။ အစာကို မျိုချလို့မရဘူး၊ လည်ချောင်းထဲမှာ ဆို့နေတယ်၊ ခါးနာတယ်၊ စသည်ဖြင့် ခံစားနေရ
တဲ့ဝေဒနာကို ပြောဆိုနိုင်တဲ့အတွက် ပြဿနာသိပ်မရှိလှပါဘူး။

ကဲ စကားမပြောနိုင်တော့ဘူးဆိုပါတော့၊ ရေဆာတယ်၊ အေးတယ်၊ ပူတယ်၊ အသက်ရှူရကြပ်တယ် ဘယ် လိုလုပ်မလဲ။ ဘယ်လိုခံစားမလဲ။
ယင်ကောင်လေးတကောင် မျက်နှာမှာ ၀ဲလာလိုက် ပျံထွက်သွားလိုက် နှာခေါင်းပေါ်လာနားလိုက် နားရွက်
ပေါ်လာနားလိုက် လုပ်နေတာမျိုးခံရပြီဆိုလျင် ဘယ်လိုလုပ်မလဲစကား မပြောနိုင်တော့တဲ့ အခြေအနေမျိုး
မှာ။

ကျုပ်အမေက ကျုပ်ကိုပြောခဲ့ဘူးပါတယ်၊ သားရေ လူဆိုတာ အသက်ရှင်နေတဲ့အချိန်မှာ အနေတတ်ဘို့
လိုသလို သေခါနီးအချိန်မှာ အသေတတ်ဘို့လိုတယ်နော်၊ အနေလွယ်ပြီး အသေခက်တဲ့ လူ့လောကကြီး
မှာ သေတတ် အောင်ကြိုးစားထားပါ တဲ့။

ရုပ်ရှင်မင်းသားကျော်သူက
ဝေဒနာခံစားနေရသော ကျန်းမာရေးချို့တဲ့နေကြသော ကာယကံရှင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ မိသား
စုဝင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ ဆရာတော် သံဃာတော်တို့၏ မေတ္တာပို့သသံ၊ သရဏဂုံ ဆောက်တည်
မှုပေးသော တရားသံ၊ မသေခင်စိတ်ချရသော တရားထူးတို့အား လိုလားတောင်းတခဲ့ပါလျှင် နာရေးကူညီမှု
အသင်း(ရန်ကုန်)အနေဖြင့် ဆရာတော် သံဃာတော်တို့အား ပင့်လျှောက်ကာ ကာယကံရှင်ရှိရာ ဆေးရုံ
(သို့) နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးသော ကောင်းမှုကုသိုလ်တော်ကြီးတစ်ရပ်အား ၂ဝ၁၃ခု ဇူလိုင်
(၁၉)ရက် (အာဇာနည်နေ့) မှစတင်၍ ပေးဆပ်တော့မည်ဖြစ်ပါသည်။
ဆိုတဲ့ အကြောင်းရေးသားထားတာကို မိုးမခစာမျက်နှာမှာ ဘတ်လိုက်ရပါတယ်။

အဲဒီတော့ မိမိရဲ့နောက်ဆုံးခရီးမှာ သံဃာတော်အရှင်သူမြတ်တို့ ဟောကြားတဲ့ တရားဒေသနာတော်ကို နာ
ကြားလိုက်ရုံလေးနဲ့ ဘ၀ကူးကောင်းနိုင်ပါ့မလားဆိုတာထက် စောစောပိုင်းက ကျုပ်ပြောထားတဲ့ တွေဝေ
ငေးမော ငိုကြွေးရုန်းကန်နေတာမျိုး မဖြစ်အောင်တားနိုင်ပါ့မလား ဆိုတာ သံသယဖြစ်မိတာအမှန်ပါ။

သတိပဌာန်တရား ဆိုတာကို လေ့လာကြည့်မိပြန်တော့ ရုပ်။ နာမ်။ ဆိုတာကိုခွဲခြားတတ်ဘို့ လိုတယ်လို့
အကြမ်း သဘောနားလည်မိပါတယ်၊ ရုပ်ဆိုတာက ဖြစ်နေတာ ပျက်နေတာ။ နာမ် ဆိုတာက ဖြစ်နေတာ ပျက်နေတာကို သိတာ။
ဥပမာ အသက်ရှူသွင်းလိုက်တဲ့အခါ နှာခေါင်းထဲကို လေတွေတိုးလာတယ်၊ အေးသွားတယ်၊ အသက် ရှူ
ထုတ်လိုက်တဲ့အခါ နှာခေါင်းထဲကနေ လေတွေတိုးထွက်သွားတယ်၊ ပူသွားတယ်။ အဲဒါက ရုပ်တရား။
အဲဒီလို ပူတယ်၊အေးတယ်၊ လေတွေတိုးဝင်လာတယ်၊ တိုးထွက်သွားတယ် ဆိုတာကို သိတဲ့အသိက နာမ်
တရား ဖြစ်တဲ့အကြောင်း ကြားနာရပါတယ်။

အဲဒီလို ရုပ်တရားနဲ့ နာမ်တရားကို ခွဲခြားသိမြင်လိုက်ရုံလေးနဲ့ သေခါနီးမှာ တွေဝေငေးမောခြင်း ကြောက်
ရွံ့ငိုကြွးခြင်း အော်ဟစ်ရုန်းကန်ခြင်း ဆိုတာတွေ တကယ်ပဲကင်းဝေးနိုင်ပါ့မလား၊ ဘာကြောင့်လဲ။
ဘာကြောင့် အခုလိုမေးရသလဲ ဆိုတော့ ကျုပ် ဘာဆိုဘာမျှမသိလို့ပါ။ သိချင်နေတာအမှန်ပါ။
သိချင်ရတာကလည်း ကျုပ်အမေ ပြောခဲ့တဲ့စကားအတိုင်း သေတတ်ချင်လို့ဖြစ်ပါတယ်။

ပါရမီ ဆိုတဲ့ စကားဆိုတာ ကြိုးစားကျင့်ကြံအားထုတ်မှ ရနိုင်တဲ့ အရာလို့နားလည်ထားပါတယ်၊ အားထုတ်
ကြိုးစားခြင်းမရှိပဲနဲ့ ပါရမီဆိုတာကြီးက သူ့အလိုလိုမရနိုင်ပါဘူး။
ဆိုတော့ ရုပ်တရားနဲ့ နာမ်တရားဆိုတာကို မခွဲခြားနိုင် မသိနိုင်ပဲနဲ့ မကြောက်မရွံ့နဲ့ သေနိုင်ပါ့မလား။

ကြိုးစားကျင့်ကြံအားထုတ်မှုမရှိပဲနဲ့ တရားလေးနာလိုက်ရုံနဲ့ တကယ်ပဲ ဘ၀အကူးအဆိုက် ကောင်းနိုင်ပါ့မ
လား ဆိုတာတွေးတောစဉ်းစားရင်း သေတတ်အောင်ကျင့်ကြံအား ထုတ်နိုင်တဲ့ ပါရမီ ဆိုတဲ့အရာ လိုအပ်ပါ
သေးရဲ့လား ဆိုတာကို ကိုယ့်ကိုယ်ကို အပြန်ပြန်အခါခါ မေးနေမိပါတော့တယ်။

ဤ စာပိုဒ်များဖြင့် နာရေးကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား ကျော်သူရေးသားသည့် သေခါနီးလေ ပျော်စရာ
ကောင်းလေ ဆောင်းပါးပါ ကုသိုလ်ရေးအစီအစဉ်အား ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု ခေါ်ဆိုလိုက်ပါသည်။

သာဓု။ သာဓု။ သာဓု။
ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)