• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 1, 2013

ရေခဲသေတ္တာကို ဒီလိုအသုံးပြုလို့လည်းရတယ်


ရေခဲသေတ္တာကို ဒီလိုအသုံးပြုလို့လည်းရတယ်


အသားကပ်ခြေအိတ် ပါးပါးလေးကလေ နည်းနည်းလေးထိလိုက်တာနဲ့ပြဲတတ်တယ်၊ အသစ် ဝယ်လားတဲ့
အသားကပ်ခြေအိတ်ပါးပါးလေးကို ရေခဲသေတ္တာရဲ့ အခဲခန်းထဲမှာ ၁-ရက် ၂-ရက်လောက် ထည့်ထားပြီးမှ ဝတ်ရင်၊ ခြေအိတ်က အချိန်ကြာကြာ ပိုပြီးခံနိုင်မယ်။

ရာသီဥတု စိုစွတ်တဲ့အခါ ခရက်ကာတွေက ပျော့သွားတတ်တယ် မဟုတ်လား။
ဒါဆိုရင်၊ ခရက်ကာကို ရေခဲသေတ္တရဲ့အခဲခန်းထဲမှာ ၂၄-နာရီကြာလောက် ထည့်ထားပြီးမှ ယူစားရင် အ
ရင်ကလိုပဲ တကျွတ်ကျွတ်နဲ့ ပြန်စားနိုင်မှာ ဖြစ်ပါတယ်။

ဟင်းချက်တဲ့အခါ ကြက်သွန်နီ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကို ဓါးနဲ့ လှီးတဲ့အခါ မျက်စိစပ်ပြီး မျက်ရည်
ကျတတ်တယ်။
ကြက်သွန်တွေကို ရေခဲသေတ္တာထဲမှာ တစ်နာရီ ကြာကြာ ထည့်ပြီးမှ လှီးပါ။
အဲဒီအခါ ကြက်သွန်တွေထဲမှာ အစပ် ပါတဲ့ဓါတ်ပစ္စည်းအငွေ့တွေ အရင်ကလို တထောင်းထောင်း ထွက်လာ
မှာ မဟုတ်တော့ဘဲ လှီးတဲ့အခါလည်း မျက်ရည်ကျမှာ မဟုတ်တော့ဘူး။

ဝါးပြီးသား ပီကေက အရမ်း စေးကပ်တယ်၊ ပစ္စည်း တစ်ခုခုပေါ်မှာ ကပ်မိရင် ပြန်ခွာဖို့ သိပ်မလွယ်ဘူး။
ရခဲသေတ္တာရဲ့အခဲခန်းထဲမှာ တစ်နာရီလောက် ထည့်ထားရင်၊ အဲဒိပီကေက ကျွတ်ကျွတ်ရွရွ ဖြစ်သွားမယ်၊ အဲဒီအခါ ပီကေကို အလွယ်တကူ ခွာယူနိုင်မယ်။

 Copy from http://myanmar.cri.cn/666/2013/07/01/1s26150.htm