ဆရာတော် ဦးအဘယ လင်္ကာရ နှင့် တပည့်သား သံဃာများ
စိန့်ပေါမြို့ ရဟန်းခံရှင်ပြုပွဲ
June 30, 2013
By မင်းစိုးစံ
စိန့်ပေါမြို့ အမှတ် 603 Maryland Avenue ရှိ ယခင် ခွဲကဘောင်ဘုန်းတော်ကြီးကျောင်း ယ္ခု ဓမ္မသုခဘုန်း
တော်ကြီးကျောင်း တွင် အလှူဒါယကာ ဦးထီကလေး (မာန်စ၀်ထီ့ကေႜဟ်)နှင့် ဇနီးဖြစ်သူ အလှူဒါယိ
ကာမ ဒေါ်မြင့်ဌေး (ဟှာၟမျေဟ်ထေး) တို့၏ သားလတ် ဖြစ်သည့် မောင်ဒီဒီ(စ၀်ဍီဍီ)နှင့် မြေးဖြစ်သော မူး
လွဲစေး(စ၀်မူးလွဲကျေး) တို့ကို June 30, 2013နေ့က Boston မြို့ မဟာသတိပဌာန်ရိပ်သာကျောင်း ဆရာ
တော် ဦးအဘယလင်္ကာရကို အမှူးးထား၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းလိုက်ကြောင်းသတင်းရရှိပါ
သည်။
သံဃာတော်များအား လောင်းလှူရန် သဒ္ဒါတရားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြပုံ
အဆိုပါ ပွဲတော်တွင် ဆရာတော်မှ မိန့်မှာရာ၌ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှ အကြောင်းအမျိုးမျိုးဖြင့်
ပြောင်းရွှေ့နေထိုင်လာရသော်ငြားလည်း မိမိတို့၏ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု တို့ကို ထိန်းသိမ်း
ကြစေလိုကြောင်း ထိုသို့မိန့်မှာရာတွင် ဗမာ့ယဉ်ကျေးမှုတခုတည်းကို ဆိုလိုခြင်းမဟုတ်ပဲ ကရင် ကချင် ချင်း
မွန် ရခိုင် စသည့်လူမျိုးများ အားလုံး မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်ဆိုလိုခြင်းဖြစ်သည့်အ
ပြင် တမြေတည်းနေ တရေတည်းသောက်ကြသူများ ဖြစ်သည့်အတွက် စည်းလုံးညီညွတ်ကြရန် အကျယ်
တ၀င့် ဟောပြောမိန့်မှာ သွားကြောင်း သိရှိရပါသည်။
နံနက် ၉နာရီမှ စတင်၍ HWY 61, Frost Avenue ရှိ Keller Park တွင် ကျင်းပပြုလုပ်ခဲ့သော ရဟန်းခံ ရှင်
ပြုပွဲတော်သို့ ဗုဒ္ဓဘာသာဝင် ၂၀၀ ခန့် ကြွရောက်တရားတော်နာယူကြပြီး မွန်းလွဲ ၂နာရီတိတိတွင် ရုပ်သိမ်း
လိုက် ကြောင်းသတင်းရရှိပါသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




