• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, August 23, 2013

ကရင့် ရိုးရာခြည်ဖြူဖွဲ့ပွဲနှင့် အကျွန်ုပ်၏အမြင်



ကရင့် ရိုးရာခြည်ဖြူဖွဲ့ပွဲနှင့် အကျွန်ုပ်၏အမြင်

August 22, 2013

By မင်းစိုးစံ

ကရင့် ရိုးရာခြည်ဖြူဖွဲ့ပွဲ(ကရင် လက်ချည်ပွဲ) တွေကို ကျင်းပပြီးစီးသွားတဲ့ နေရာဒေသတွေရှိသလို ကျင်းပ
ရန် ကျင်းပလတ္တံ့သော နေရာဒေသတွေလည်း ရှိကောင်းရှိနေနိုင်သေးတာမို့ ခြည် ဆိုတဲ့ စာလုံးနဲ့ ချည် ဆို
တဲ့စာလုံးကို အကျယ်မချဲ့ချင်တော့ပါဘူး။ ပိုးကရင်ဘာသာနဲ့လည်း ရေးခဲ့ဘူးသလို ဗမာဘာသာနဲ့လည်း
ရေးသားခဲ့ဘူးပြီးသားဆိုတော့ ဖွင့်ပြီးသားဓါတ်ပြားဟောင်းကို ပြန်ဖွင့်နေလို့ အကြောင်းထူးလာမှာမှ မဟုတ်
တာပဲ။
နောက်တခုက ကျုပ်ကိုယ်တိုင်ကလည်း ဗမာစာပေကို မတတ်တခေါက်ကလေး ရေးတတ်တာဆိုတော့ ရေး
ခဲ့လိုက်မိတာကို စိတ်မကောင်းဖြစ်ရပါတယ်။ လိပ်ပြာမသန့်သလို ခံစားနေရပါတယ်။ ဘာကြောင့်လည်းဆို
ခန်းခန်းနားနားနဲ့ အခမ်းအနား။ ရေကုန်ရေခန်းနဲ့ ဆေးပေးခမ်း ဆိုတာတွေကိုတောင် ကွဲကွဲပြားပြား သိတာ
မှမဟုတ်ပဲ။ (သိအောင် မလုပ်တာလည်း ပါတယ်)။ ကရင့် ရိုးရာခြည်ဖြူဖွဲ့ပွဲ ကို ဆက်ကြပါစို့။

ကရင့် ရိုးရာခြည်ဖြူဖွဲ့ပွဲ ဖြစ်ပေါ်လာပုံ။ ကျင်းပရတဲ့အကြောင်းရင်း။ ခြည်ဖြူဖွဲ့ရာမှာ ပါဝင်တဲ့ပစ္စည်း။ ပစ္စည်း
တစ်ခု ခြင်းစီရဲ့ အဓိပ္ပါယ်။ ရိုးရာခြည်ဖြူဖွဲ့ပွဲ အမျိုးအစား အဲဒါတွေနဲ့ ပတ်သက်ပြီးပြောဟောကြပုံ၊ ထည့်သွင်း
တဲ့ ပစ္စည်း၊ ပစ္စည်းတစ်ချုခင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် စတာတွေဟာ နေရာဒေသကိုလိုက်ပြီး မတူညီနိုင်ပေ
မယ့် ရည်ရွယ်ချက်ကတော့ အတူတူပါပဲဆိုပြီး မန်းသင့်နောင်(ကော့ကရိတ်)ရေးတဲ့ အရှေ့ပိုးကရင် စာအုပ်
မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒါတွေကို ဆရာမန်းသင့်နောင်(ကော့ကရိတ်)က ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာ ကြားသိဖြစ်
ပျက်နေတာလေးကို ရေးသားတင်ပြထားတာပါ။ အခုလို ရေခြားမြေခြား ကမ္ဘာတလွှားမှာနေထိုင်နေကြတဲ့
ကရင်တွေဆိုလျင် ဘယ်လိုတွေဖြစ်နေကြမလဲဆိုတာ စဉ်းသာစားကြည့်ကြပေတော့။

ကရင်အများစုကတော့ပြောကြပါတယ်။ အချိန်မရကြလို့ အခုလို ကရင်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို
လေးငါးဆယ်ခုပေါင်းပြီး တစ်ရက်ထဲလုပ်လိုက်ရတာပါ၊ စောစောစီစီး ကျင်းပလိုက်ရတာပါ၊ နောက်ကျရတာ
ပါ စသည်ဖြင့်ပေါ့လေ။

ကောင်းပါပြီ၊ ခင်ဗျားတို့ကျုပ်တို့အားလုံး ဘယ်သူတွေအားနေလဲ။ ခင်ဗျားအားလား၊ ကျုပ်ရောအားသလား။
သူ ရောအားသလား။ ကျုပ်အားလပ်ရက်မှာ ခင်ဗျားမအားဘူး။ ခင်ဗျားအားလပ်ရက်မှာ သူမအားဘူး။ သူ့
အားလပ်ရက်မှာ ကျုပ်အလုပ်ဆင်းရမယ်။ ကျုပ်တို့တတွေအားလုံးအားမှ ကရင့်နေ့ထူးနေ့မြတ်တွေကို လုပ်
မယ်ဆိုလျင် ဘာတွေဖြစ်လာမယ်ထင်သလဲ။
အခုလိုပဲ နေ့ထူးနေ့မြတ်ဆယ်ခုလောက်ကို တရက်ထဲပေါင်းလုပ်တဲ့ အစဉ်အလာကြီးက သားစဉ်မြေးဆက်
အနာဂါတ်မျိုးဆက်သစ်တွေအတွက် ထုံးစံကြီးတစ်ခုလိုဖြစ်သွားမယ့်အပြင် နားလည်မှုတွေလွဲမှားပြီး ဘယ်
အခမ်းအနားက ဘာကြောင့်လုပ်တယ်။ ဘယ်အခမ်းအနားကတော့ ဒီလိုရည်ရွယ်ချက်တွေရှိတယ်။ ဖြစ်စဉ်
တွေက ဒီလိုပါ ဆိုတာတွေကို ကွဲကွဲပြားပြား ထင်ထင်ရှားရှား မသိနိုင်တော့ပါဘူး။

အဲဒီအတွက် ကျုပ်တို့ကရင်လူမျိုးတွေ ဆုံးရှုံးနစ်နာရမယ့် အရာတွေက မမျှော်မှန်းရဲလောက်အောင်ကို တန်
ဘိုး ကြီးမားလွန်းပါတယ်။ သမိုင်းမသိတဲ့လူဟာ ကျောရိုးမရှိတဲ့သတ္တ၀ါနဲ့ အတူတူပဲ လို့ သမိုင်းပညာရှင်
တစ်ဦး ရေးသားထားတာကို ဘတ်ဘူးပါတယ်။ ကျုပ်တို့တတွေရဲ့ မျိုးဆက်သစ်ကို သမိုင်းနားလည်အောင်
လုပ်ထားခဲ့ရမှာက ကျုပ်တို့လို အိုကြီးအိုမ လူကြီးတွေရဲ့ ကြီးမားတဲ့သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ မျက်နှာ
လွှဲခဲပစ် လုပ်ထားရစ်ခဲ့လို့မရပါဘူး။

ကရင့်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်နေ့အကြောင်း၊ တော်လှန်ရေးနေ့နဲ့ သူ့သမိုင်း
ကြောင်း၊ ကရင်အမျိုးသားနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေါ်ပြောင်းလဲလာမှုရဲ့ သမိုင်းဖြစ်စဉ်၊ ဖြစ်ရပ်မှန်
အဲဒါတွေကို အသေးစိပ်ပြောဆို သင်ပြထားရမှာဖြစ်ပါတယ်။
တချို့ကပြောပါတယ်၊ ဒီလိုသမိုင်းကြောင်းတွေ ဘာညာကွိကွ ဆိုတာတွေက သေခါနီး ကရင်အဘိုးကြီး
(ကျုပ်လို)တွေလောက်ပဲ စိတ်ဝင်စားတာ၊ နောက်ပေါက်ကလေးတွေက ဒေါ်လာလောက်ပဲ စိတ်ဝင်စားကြ
တာ၊ အဲဒီအဘိုးကြီးတွေ စောစောစီစီးမသာပေါ်သွားလျင် အေးတယ် ဆိုတဲ့ အရေးအသားမျိုးတွေကိုလည်း
တခါတရံမှာ ဘတ်ရတတ်ပါတယ်။

ကျုပ်တစ်ခုလောက် မေးလိုက်ချင်ပါတယ်။ ကျုပ်တို့က အကြီးမြတ်ဆုံးသော အထွဋ်အမြတ်ဆုံးသော အ
လေးအမြတ်ပြုဆုံးသော သမိုင်းဝင်မော်ကွန်းထိုးထားတဲ့ ကရင်အာဇာနည်နေ့ ဆိုတာ အဲဒီခေါင်းဆောင်
တွေက အားနေလို့ အချိန်ရလို့ လူစုပြီး မြယာစခန်း(စောဘဦးကြီးစခန်း) မှာ သေပေးလိုက်ကြတယ်လို့များ မှတ်နေသလား။

ကရင့်တော်လှန်ရေးဆိုတာကရော လူသတ်ချင်လို့၊ စစ်သွေးစစ်မာန်တက်လို့ ဗိုလ်ကျအနိုင်ကျင့်ချင်လို့
တိုင်းပြည်ဆူပူအောင် မငြိမ်မသက်ဖြစ်စေချင်လို့ ကျုပ်တို့ကရင်လူကြီးတွေ အချိန်အားလို့ တော်လှန်ရေး
လုပ်နေတာ လို့ ထင်နေသလား။

အဲဒီလိုပါပဲ ကရင်တွေနဲ့ပတ်သက်တဲ့ ဘယ်လိုနေ့ထူးနေ့မြတ်ပဲဖြစ်ဖြစ် ကျုပ်တို့အဘိုးအဘွားတွေဟာ ခင်
ဗျားတို့ကျုပ်တို့ကို အဓိပ္ပါယ်မဲ့တဲ့ အနှစ်သာရမရှိတဲ့ သမိုင်းအမွေတွေပေးထားခဲ့တာမဟုတ်သလို ခင်ဗျား
တို့ကျုပ်တို့တတွေ ပျော်ပါးဘို့အတွက် ပျော်ပွဲရွှင်ပွဲအဖြစ် ထားရစ်ခဲ့ကြတာမဟုတ်ပါဘူး။

ခပ်ရိုင်းရိုင်းပြောလိုက်မယ် ကျုပ်တို့တတွေ ကျောရိုးမရှိတဲ့ သတ္တ၀ါမဖြစ်စေဘို့အတွက် လူတွေကြားမှာ လူ
တိုင်းနဲ့ ရင်ဘောင်တန်းနိုင်ဘို့ ပုခုံးချင်းယှဉ်နိုင်ဘို့အတွက် သူတို့ရဲ့သွေး ချွေး မျက်ရည် ဘ၀ အသက်တွေနဲ့
ရင်းခဲ့တဲ့ စတေးခဲ့တဲ့ အလွန်တရာအဘိုးတန်တဲ့သမိုင်းအမွေကို ထားရစ်ခဲ့ကြရှာတာပါ။
အဲဒီအရာတွေကို ကျုပ်တို့အားလုံး တန်ဘိုးထားရမယ်၊ လက်ဆင့်ကမ်းသယ်ရမယ်၊ အကောင်အထည်ဖေါ်
ရမယ် ဒါမှ ကျုပ်တို့အားလုံးရဲ့ သမိုင်းပေးတာဝန်ကျေမယ်၊ ကျုပ်တို့လူမျိုးရဲ့သမိုင်းကြောင်း ကောင်းမယ်။
အမျိုးကောင်းသားတိုင်း မိမိဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ ဆိုးမွေမှန်သမျှ ကောင်းမွေမှန်သမျှ ဆက်ခံရတယ်၊
ဆက်ခံရဲရတယ်။ မိဘဘိုးဘွားတွေကို လေးစားတယ် သူတို့ရဲ့ဂုဏ်ကျေးဇူးတွေကို အသိအမှတ်ပြုကျေးဇူး
သိတတ်တယ် ဆိုလျင် ကိုယ့်ကရင့်အမျိုးသားနေ့ကို သူ့နေ့နဲ့သူသီးသန့်ကျင်းပပြုလုပ်ဘို့လိုသလို ဖြစ်စဉ်
တွေကိုလည်း နားရည်ဝနေအောင် ရှင်းပြပေးနိုင်ရပါမယ်။

ဒီကနေ့ လူနေမှုအဆင့်တန်းနဲ့ မှီအောင်မနည်းကြီး ကျိုးစားနေရတာ။
အပိုအလုပ်တွေ။
အချိန်မပေးနိုင်ဘူး။ ဆိုတဲ့လူတွေကို မပြောလိုပါဘူး။ မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူတွေကိုတော့ အကြံပေးချင်
ပါတယ်၊ ကရင်လူမျိုးနဲ့သက်ဆိုင်တဲ့အခမ်းအနားတွေကို ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ် ဦးစီးဦးဆောင်တဲ့လူ
တွေအားလုံးအားမှ အချိန်ရမှ လုပ်မယ့်အစား အဲဒီခေါင်းဆောင်တွေထဲက ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေထဲက
မှ တစ်ယောက်ယောက်က သူ့ရဲ့အားလပ်ချိန်မှာ ကျရောက်လာမယ့်အခမ်းအနားကို ကျင်းပပြုလုပ်ပေးမယ်
ဆိုလျင် ပိုမိုသင့်တော်ကောင်းမွန်ပါလိမ့်မယ်။

သတင်းထဲမှာ အာဇာနည်နေ့၊ ထိုင်းနိုင်ငံအမေများနေ့နဲ့ ကရင်ရိုးရာခြည်ဖြူဖွဲ့ပွဲ(ကရင် လက်ချည်ပွဲ) သုံးခု
ကို ကျောင်းနှစ်ကျောင်းဖြစ်တဲ့ စသူးလေနဲ့ ခွဲကဘောင် ကျောင်းက ကျောင်းသားလူငယ်တွေ ကျောင်းသား
မိဘတွေစုပေါင်းပြီး ပြုလုပ်ခဲ့တယ် ဆိုတာသိရပါတယ်။
ကျုပ်အမြင်ကတော့ ဒါဟာ အင်မတန်ထိတ်လန့်စရာကောင်းတဲ့ စိုးရိမ်စရာကောင်းတဲ့ ကရင့်အနာဂါတ်ကို
ဖျက်ဆီးပစ်မယ့် အဆိပ်အတောက် လုပ်ရပ်လို့မြင်ပါတယ်။ ကျုပ်ရှင်းပြပါ့မယ်။

လူငယ်တွေဆိုတာ အမှတ်သည်းချေ ကောင်းကြပါတယ်။ အခုလို အကြောင်းအချင်းအရာမတူတဲ့ သမိုင်း
ဖြစ်စဉ်မတူတဲ့ အခမ်းအနားသုံးမျိုးကို ကျင်းပလိုက်ခြင်းကြောင့် သူတို့မှတ်ထားလိုက်ပါပြီ ဒီလိုအခန်းအနား
မျိုးကို ဒီလိုအချိန်မှာ ဒီလိုကျင်းပတယ် ဆိုတာမျိုး၊ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ ပွဲ၊ ဆိုတာမျိုး။
သူတို့တတွေ အချိန်တန်အရွယ်ရောက်လာလျင် သူတို့တတွေရဲ့မျိုးဆက်သစ်တွေကိုလည်း ဒီလိုပွဲမျိုးကို
လက်ဆင့်ကမ်းပေးရမယ် ဆိုတဲ့အသိက နှလုံးသားထဲမှာ အစဉ်ကိန်းအောင်းနေမှာဖြစ်ပါတယ်။
မကောင်းဘူးလားလို့ မေးမလား။ ကောင်းပါတယ်။ ဒါပေမယ့် မကောင်းပါဘူး။

ကောင်းတာက လူငယ်တွေရဲ့ နှလုံးသားအသိမှာ ဒီလိုပွဲမျိုးကို မဖြစ်မနေလုပ်မယ်ဆိုတာက ကောင်းပါ
တယ်။ မကောင်းတာက အာဇာနည်နေ့ကို ရည်ရွယ်တာလား၊ ထိုင်းနိုင်ငံရဲ့ အမေများနေ့ကို ရည်ညွှန်းတာ
လား၊ ခြည်ဖြူ ဖွဲ့ပွဲ(လက်ချည်ပွဲ)ကို ဦးတည်တာလား ဆိုတဲ့အတွေးတွေနဲ့ ရောထွေးရှုတ်ပွပြီး အူလည်လည်
ကြီးကျန်ရစ်နေရမှာမျိုးက လုံးဝ လုံးဝကို မကောင်းပါဘူး။

ဘာကြောင့်လည်းဆိုတော့ ကျင်းပပြုလုပ်တဲ့အခမ်းအနားတစ်ခုရဲ့ အကြောင်းကို တနေ့ထဲတထိုင်ထဲနဲ့ ရှင်း
လင်းပြောဆိုဘို့ဆိုတာ မဖြစ်နိုင်သေးတာ အခန်းအနားသုံးခုဆိုတော့ သွားပြီပေါ့၊ သူတို့တတွေရဲ့ အသိမှာ
ပျော်ပွဲရွှင်ပွဲလေးထက် မပိုနိုင်တော့ပါဘူး။

အဲဒီလိုဖြစ်ကျန်ခဲ့ပြီဆိုလျင် နောင်အနာဂါတ်မှာ ဘယ်လိုပွဲမျိုးကိုမဆို သုံးလေးခုပေါင်းပြီးလုပ်ကြပါလိမ့်မယ်၊
ဖြစ်စဉ်တွေကို အသေအခြာမသိခဲ့ကြရတဲ့အတွက် ဝေေ၀၀ါးဝါးနဲ့ လုပ်ကြတော့မယ့်အပြင် တန်ဘိုးထားရ
ကောင်းမှန်းမသိ ဖြစ်လာပါတော့မယ်။ နောက်ဆက်တွဲဖြစ်လာမှာကတော့ ကရင်အမျိုးသားတွေရဲ့ တန်ဘိုး
မဖြတ်နိုင်တဲ့ နေ့ထူးနေ့မြတ်တွေဟာ သာမန်စားပွဲသောက်ပွဲလောက်သာ ဖြစ်ကျန်ခဲ့ရာကနေ ပျောက်ခြင်း
မလှ ပျောက်ပျက်သွားမယ့် အခြေအနေဆိုးကို ရောက်သွားပါလိမ့်မယ်။
အဲဒါတွေအားလုံးရဲ့ သမိုင်းတရားခံကတော့ အခမ်းအနားသုံးလေးခုကို တနေ့ထဲ တချိန်ထဲဖြစ်အောင် စီစဉ်
ကျင်းပပြုလုပ်ပေးလိုက်တဲ့ ကျုပ်တို့တွေသာ ဖြစ်ပါတယ်။ ကျုပ်တို့ကို အမျိုးဖြုတ်ဘို့ လုပ်နေတဲ့ ရန်သူတွေ
ရဲ့ လုပ်ရပ်ကို နည်းလမ်းတစ်မျိုးနဲ့ အထောက်အကူပြုပေးနေတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ဗျာ လုပ်ချင်တာလုပ်မယ်။
ခင်ဗျားနဲ့မဆိုင်ဘူး။ လို့ ပြောမယ့်သူရှိခဲ့မယ်ဆိုလျင် မဆလ ဆေးတပ် စစ်အရာရှိဟောင်းတဦးပြောခဲ့တဲ့ စ
ကားတစ်ခွန်းကို ပြန်ရေးပြလိုက်ပါရစေ။

မင်းတို့ ကရင်အာဇာနည်နေ့နဲ့ ၈၈၈၈နေ့ကို တရက်ထဲပေါင်းလုပ်လိုက်လျင် ပိုမကောင်းဘူးလား တဲ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)