• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 5, 2013

နွားအလုပ် နွားလုပ်

 Source photo from facebook

နွားအလုပ် နွားလုပ်

August 5, 2013 Monday

By လှိုင်းဒေါန

တစ်ခါကတောရွာလေးတစ်ရွာမှာ တိရိစ္ဆာန်ကုဆရာဝန်တစ်ယောက်ရှိသတဲ့။
တစ်နေ့မှာ အဲ့ဒီရွာနဲ့မနီးမဝေးရွာလေးတစ်ရွာက လယ်သမားကြီးတစ်ယောက် သူ့ခိုင်းနွားလေးခြေကျိုးလို့
ဆရာဝန်ဆီလာပြပါလေရော။
ဆရာဝန်က လယ်သမားကို
ခင်ဗျားနွားက ဘယ်လိုဖြစ်ပြီးခြေကျိုးသွားရတာလဲ။
ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော့်နွားက အင်မတန်မှအဆော့သန်ပါတယ်။
အိမ်ဘေးပါတ်ဝန်းကျင်မှာဆော့ရင်း အားမရလို့အိမ်ထဲကရှိတဲ့မီးဖိုပေါ်က ကြပ်ခိုးစင်ပေါ်မှာတက်ကစားရင်း
ကြပ်ခိုးစင်ပြိုကျပြီး အခုလိုခြေကျိုးရတာပါဆရာ။ အတတ်နိုင်ဆုံး အမြန်ပျောက်အောင်ကုပေးပါ ဆရာ။ ကျွန်တော့်လယ်ကလည်း ထွန်လက်စနဲ့မို့ ဆရာကယ်မှပဲ ရတော့မယ်ဆရာ။

ဟေ မင်းနွားက နွားအလုပ်မလုပ်ပဲ ကြပ်ခိုးစင်ပေါ်တက်ကစားတာကိုး။
စိတ်ဓါတ်မကျပါနဲ့ အခုမင်းနွားခြေထောက်ကို ငါဆေးလိမ်းပေးပြီးပါတ်တီးစီးပေးလိုက်မယ်။
ပိုင်ရှင်လယ်သမားကလည်း သူ့နွားကို သက်သာပျောက်ကင်းချင်တဲ့ဇောနဲ့
ဒီလောက်နဲ့ပဲ ကျွန်တော့နွားခြေထောက်က ပျောက်သွားမတဲ့လားဆရာ လို့ထပ်မေးလိုက်ပါလေရော။
ဆရာဝန်က
အင်းအင်း မသက်သာရင်နောက်ရက်တွေကျမှလာပြတော့။ အခု ငါအရေးတကြီးကိစ္စပေါ်လာလို့ မသွားမ
ဖြစ် သွားရမှာမို့ ဒီလောက်နဲ့ပဲလောလောဆယ်သက်သာသွားအောင် ငါဆေးလိမ်းပေးခဲ့တယ်။

နွားပိုင်ရှင်လယ်သမားက မကျေနပ်နိုင်ပဲ ဆရာဝန်ကိုပြန်မေးလိုက်ပါတယ်။
ဆရာ ဆရာ့ကိစ္စကဒီလောက်တောင်အရေးကြီးတာ ဘာများပါလိမ့်ဆရာ။
အော် မြို့နယ်ရုံးက စာလာတယ်။ ဒီနေ့တံတားဖွင့်ပွဲမှာ ငါကိုယ်တိုင်သွားဖွင့်ပေးရမှာ အဲဒါကြောင့်နွားအ
လုပ် နွားလုပ်လို့ပြောတာ။ ကိုင်း ငါလည်းသွားတော့မယ်၊ မင်းလည်းပြန်တော့။

လှိုင်းဒေါန ရေးသားပေးပို့သည်။