• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, August 6, 2013

စွဲစွဲလမ်းလမ်း စားမိတတ်ကြတဲ့ မုန့်ပဲသရေစာများ


စွဲစွဲလမ်းလမ်း စားမိတတ်ကြတဲ့ မုန့်ပဲသရေစာများ

2013-08-06

အိုက်စကရင်

အိုက်စကရင်ဟာ မုန့်ပဲသရေစာတွေထဲမှာ စွဲလမ်းစွာ အစားတတ်ကြဆုံးသော စားစရာ ဖြစ်တယ်။
အိုက်စကရင်းဟာ စိတ်ကြွစေတတ်တဲ့ စားစရာမျိုး ဖြစ်ပြီး စားတာ များသွားရင် တစ်ခြားစားစရာတွေကို
စားချင်စိတ် လျော့နည်းလာစေတတ်တယ်။

သကြားလုံး

ကလေးငယ်တို့ရဲ့သဘာဝက ချိုတဲ့အရသာကို ပိုပြီး ကြိုက်၊ ပိုပြီး စွဲစွဲလမ်းလမ်း စားတတ်ကြပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ သကြားလုံးများများစားရင် ကျန်းမာရေးကိုထိခိုက်တတ်တယ်။

အာလူးချောင်းကြော်

အာလူးချောင်းကြော်ဟာ အစားအစာ အချောကိုင်ထုတ်လုပ်သူတွေအတွက် အိပ်မက်ကောင်း ဖြစ်ပြီး ဝိတ်
လျှော့သူတွေအတွက် အိပ်မက်ဆိုး ဖြစ်ပါတယ်။
လူတွေ စွဲစွဲလမ်းလမ်းစားတတ်တဲ့ အစားအစာဖြစ်တဲ့အပြင် ကင်ဆာရောဂါ ဖြစ်စေတတ်တဲ့ ဓါတ်တစ်မျိုး
လည်း ပါရှိနိုင်တယ်။

အရသာချိုချိုမုန့်

အရသာချိုတဲ့မုန့်တွေကို မြင်လိုက်တာနဲ့ လူရဲ့စိတ်အစဉ်မှာ ပျော်ရွှင်မှုဟိုမုန်းတစ်မျိုး ထွက်တတ်ပါတယ်။
ဒါဟာ လူတွေအတွက် အရသာချိုချိုကို နှစ်သက်စွဲလမ်းမိစေတတ်တဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။
ချိုတဲ့မုန့်လေးတွေဟာ ကြည့်လို့လှတယ်၊ အရသာကောင်းတယ်၊ အနံ့လည်းမွှေးကြိုင်တယ် ဆိုတော့ တ
ကယ်စွဲသွားရင် ဖြတ်ဖို့အရမ်းခက်ပါတယ်။

Copy from http://myanmar.cri.cn/666/2013/08/06/1s26685.htm