• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, August 7, 2013

နိုင်ငံတကာမိသားစုကြီးက ဂျပန်ရဲ့ ဇူမိုသင်္ဘော အကြောင်းကို အာရုံစိုက်နေ


နိုင်ငံတကာမိသားစုကြီးက

ဂျပန်ရဲ့ ဇူမိုသင်္ဘော အကြောင်းကို အာရုံစိုက်နေ

 2013-08-07

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သတင်းစာမှာ မကြာခင်က ဆောင်းပါးတစ်ပုဒ် ထုတ်ပြန်ပြီး၊ ဂျ
ပန်နိုင်ငံရဲ့ ပင်လယ်အစောင့်တပ်ဖွဲ့မှ အကြီးဆုံး ဇူမိုသင်္ဘော ရေချပွဲအခမ်းအနားကို ၆ရက်နေ့က ယိုကိုဟာ
မာမြို့မှာ ကျင်းပခဲ့ကြောင်း၊ အမေရိကန်ရဲ့ တစ်ကမ္ဘာလုံး လုံခြုံရေး အင်တာနက် ဝက်ဘစိုက်မှာ၊ ဇူမိုသင်္ဘော
ရဲ့ ဝန်တင်တန်ချိန်၊ ဖွဲ့စည်းပုံနဲ့ စွမ်းဆောင်နိုင်စွမ်းတို့ဟာ အပေါ့စားလေယာဉ်တင်သင်္ဘောနဲ့ တူညီတယ်လို့
ဖေါ်ပြခဲ့ကြောင်း၊ သင်္ဘော ရေချပွဲအခမ်းအနားကျင်းပတဲ့နေ့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီမာကျွန်းက အဏုမြူဗုံးကျဲ
တိုက်ခိုက်မှုခံခဲ့ရတဲ့ ၆၈နှစ်ပြည့်မြောက်နေ့ပဲ ဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာမိသားစုကြီးက အဲဒီကိစ္စကို
အာရုံစူးစိုက်နေကြောင်း ရေးသားဖေါ်ပြပါတယ်။

ဟိုအရင်တုန်းက ဇူမိုဟာ ဂျပန်ရေတပ်ရဲ့ သံချပ်ကာကင်းလှည့်သင်္ဘောတစ်စင်းရဲ့ အမည်ဖြစ်ပြီး ဂျပန်-ရုရှား
စစ်ပွဲနဲ့ တရုတ်နိုင်ငံအားကျူးကျော်ရေးစစ်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ တရုတ်နိုင်ငံကို ကျူးကျော်
ရေးစစ်ပွဲမှာ ဇူမိုဟာ ဂျပန်ရေတပ်ရဲ့ အလံတင်အချက်ပြသင်္ဘောဖြစ်ပြီး ၁၉၄၅ခုနှစ်က မေရိကန်တပ်ဖွဲ့နဲ့
တိုက်ပွဲဖြစ်ပွါးရာမှာ ပင်လယ်ထဲသို့နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တရုတ် စစ်ရေးသိပ္ပံပညာအသင်းကြီး ဂျပန်ရေးရာပညာရှင် မစ္စတာယွမ်ယန်က၊ ဂျပန်-ရုရှား စစ်ပွဲနဲ့ တရုတ်
နိုင်ငံအားကျူးကျော်ရေးစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့သင်္ဘောရဲ့အမည်နဲ့ လက်ရှိပင်လယ်အစောင့်တပ်ဖွဲ့မှ အကြီး
ဆုံးသင်္ဘောကို နာမည်ပေးခြင်းနဲ့၊ ဟီရိုရှီမာကျွန်းမှာ အဏုမြူဗုံး ကျဲတိုက်ခိုက်မှုခံခဲ့ရတဲ့ ၆၈နှစ် ပြည့်မြောက်
နေ့ကို ရွေးပြီး ဇူမိုသင်္ဘော ရေချပွဲအခမ်းအနား ကျင်းပခဲ့ခြင်းဟာ နိုင်ငံရေးဆိုင်ရာ လေးနက်တဲ့သဘော
ထားတွေ မပါဘူးလို့ ယုံကြည်ရခက်ကြောင်း ပြောကြားပါတယ်။

တရုတ်ပြည်သူ့တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ကောလိပ်ကျောင်းမှ ဒုကျောင်းအုပ်ကြီး မစ္စတာ
ကျင်းဆန့်ရုံက၊ ဟီရိုရှီမာကျွန်းမှာ အဏုမြူဗုံးကျဲတိုက်ခိုက်မှုခံခဲ့ရတဲ့ ၆၈နှစ် ပြည့်မြောက်နေ့မှာ လေယာဉ်
တင်သင်္ဘောဆန်ဆန် ဇူမိုသင်္ဘော ရေချပွဲအခမ်းအနား ကျင်းပဖို့ ဂျပန်က ရွေးချယ်ခဲ့ခြင်းဟာ လေးနက်တဲ့
သဘော များစွာပါထားတယ်လို့ ဆိုနိုင်ပါကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြည်သူပြည်သားများ
က အဏုမြူဗုံးကျဲတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းနေကြတဲ့ ပြည်သူပြည်သားများရဲ့ စိတ်နေစိတ်ထားကို
အသုံးပြုပြီး ကိုယ့်ရဲ့လက်နက်တပ်ဆင်မှုဆိုင်ရာ စစ်ဝါဒကိုထောက်ခံလာစေဖို့ ကြံစည်နေကြောင်း၊ မျက်
မှောက်ကာလမှာ အမေရိကန်နိုင်ငံဟာ ဘဏ္ဍာရေးအားနည်းနေလို့ စစ်ရေးနယ်ပယ်မှာစရိတ်များကို လျှော့
ချနေပြီး အာရှ ပစိဖိတ်ဒေသ စစ်အင်အားနေရာချထားမှုကိစ္စမှာလည်း ဂျပန်ကိုအားကိုးနေရကြောင်း၊ အဲဒါ
ဟာ ရှင်ဇိုအာဘေးအတွက် စစ်အင်အားတိုးချဲ့ဖို့ အခွင့်ကောင်းကို ဖန်တီးပေးလိုက်ကြောင်းယူဆပါတယ်။

ဇူမိုသင်္ဘောဟာ ပင်လယ်ပြင်မှာ ရဟတ်ယာဉ်ပြုပြင်ထိန်းသိမ်းနိုင်စွမ်းနဲ့ တစ်ခြားသင်္ဘောများအတွက် ဓါတ်
ဆီ ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသဖြင့် လေယာဉ်တင်သင်္ဘောဆန်ဆန်သင်္ဘောတစ်စင်း ဆောက်လုပ်ခြင်းဟာ ရှင်ဇိုအာဘေးရဲ့ စစ်ဝါဒါဆိုင်ရာ ကြံစည်မှုတစ်ရပ်ဘဲ ဖြစ်ကြောင်း မီဒီယာတစ်ချို့မှာဖေါ်ပြပါတယ်။
ကျွမ်းကျင်သူပညာရှင် တစ်ချို့ကလည်း၊ ရှင်ဇိုအာဘေးအစိုးရဟာ အစောင့်တပ်ဖွဲ့ကို တပ်မတော်အဖြစ် အ
ဆင့် မြှင့်တင်ဖို့နဲ့ ပုံမှန်နိုင်ငံတစ်နိုင်ငံရဲ့ စစ်ဆင်နွှဲခွင့် ပိုင်ရှိနိုင်ဖို့အတွက် ပြင်ဆင်နေကြောင်းသတိပေး ဖေါ်ပြ
ပါတယ်။

http://myanmar.cri.cn/666/2013/08/07/1s26699.htm