• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, August 16, 2013

KNUတပ်က BGFကို ဝင်တိုက်၊ အရေးယူပေးမည်ဟု KNU စစ်ဦးစီးချုပ် ကတိပေး

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ

KNUတပ်က BGFကို ဝင်တိုက်၊

အရေးယူပေးမည်ဟု KNU စစ်ဦးစီးချုပ် ကတိပေး


Friday, 16 August 2013

Written by ဖြူဖြူကို

ယနေ့ နံနက် ၃ နာရီ မိနစ်၄၀ တွင် ဖာပွန် ခရိုင် KNU တပ်မဟာ (၅) ၏ တပ်ရင်း (၁၀၂) အဖွဲ့သည် ခစတ
၁၀၁၄ တပ်ရင်း ကန်ညီနောင် အောက်ဘက်ရှိ ၀ဲကြီးစခန်းကို အလစ်ငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အသေ
ပျောက်ရှိခဲ့ကြောင်း BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

“ပစ်ခတ်မှုက (၁၀)မိနစ်ကြာတယ် ကျနော်တို့ကို လာတိုက်တော့ ပြန်ခုခံရတာပေါ့။
ကျနော်တို့ဘက်က တပ်သား ၁ယောက်တော့ ကျသွားတယ်။
ဒဏ်ရာရတဲ့ ဒု တပ်ကြပ် ၁ယောက်နဲ့ တပ်သား ၁ယောက်ကို မော်လမြိုင်ဆေးရုံ ကြီးမှာပို့ထားရပါတယ်။
သူတို့ဘက်က အကျအဆုံးမတွေ့ရဘူး”
ဟု ၄င်းမှ ဆိုပါသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး ရယူထားသည့်ကာလ ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ယုံယုံ ကြည်ကြည်
နှင့် အေးအေးချမ်းချမ်း နေထိုင်သည့်အချိန်မျိုးတွင် အလစ်ငိုက်ဝင်တိုက်သည့် တိုက်ခိုက်မှုမျိုး မဖြစ်သင့်
ကြောင်း BGF ဘက်မှ ရှုမြင်ပါသည်။

ခစတ ၁၀၁၄သည် နယ်ခြားစောင့်တပ် အမှတ် (၁)တပ်နယ် ကွပ်ကဲမှုလက်အောက်ခံ ဗိုလ်အေဘီလွင်က
ဦးစီးပြီး ၀ဲကြီးစခန်းတွင် အင်အား ၁၅ဦးဖြင့် အခြေပြုနေထိုင်နေပြီး ၎င်းတို့အား ဖာပွန်ခရိုင် KNUတပ်မဟာ (၅) ရင်း(၁၀၂)မှ တပ်စုမှူးအဆင့်ရှိသည့် ဖန်းနု ဦးစီးအင်အား ၂၀ခန့်က လာရောက် တိုက်ခိုက်ခြင်းဖြစ်
ကြောင်း ဆိုပါသည်။
ယင်းဖြစ်စဉ်အား ၀မ်းနည်းခဲ့ကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း KNU စစ်ဦးစီးချုပ်နှင့် လက်
နက်ကိုင်ညီညွတ်ရေး ကော်မတီ တာဝန်ရှိသူအား အကြောင်းကြားထားခဲ့သည်ဟု နိုင်မောင်ဇော်က ဆက်
ပြောသည်။

“ဒီဖြစ်စဉ်က ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပေမယ့် မဖြစ်သင့်တဲ့ကိစ္စပါ။
ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး အထက်က အကြီးအကဲတွေ ညှိနှိုင်းပြောဆိုတာတို့ ပြုလုပ်နေပါပြီ။
KNU စစ်ဦးစီးချုပ် ကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျူးလွန်တဲ့သူကို စုံစမ်းပေးပြီး ထိထိရောက်ရောက် အ
ရေးယူပေးမယ်လို့ ဒီနေ့မှာပဲ ဂတိပေးလိုက်တယ်”
ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေး ကော်မီတီ ပုံမှန်အစည်းအဝေးသို့တိုင် စောင့်နေမည် ဆိုပါက
နှစ်ဖက် တပ်ဖွဲ့များအတွက် မလိုလားအပ်သောပြဿနာများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကာ ယခုရက်ပိုင်း
များအတွင်း ကရင်လက်နက်ကိုင်တပ်များ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပသွားရန် ရှိနေပြီး
၎င်းကိစ္စအား ဆွေးနွေးရန် ရှိနေပါသည်။
ကရင် လက်နက်ကိုင်တပ်များ၏ ပုံမှန်အစည်းအဝေးကို (၃)လတစ်ကြိမ် ပြုလုပ်လေ့ရှိကာ လာမည့်အစည်း
အဝေးမှာ စက်တင်ဘာလ (၃)ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။

ယခု မိမိတို့အပေါ် လာရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြောင်းရင်းကို မိမိတို့မသိရှိ ရသေးသ်ာလည်း
အောက်ခြေ ပြဿနာအဖြစ် BGFဘက်မှ ခံယူထားပါသည်။ KNU အောက်ခြေအဖွဲ့က အထက်အမိန့်ကို မ
နာခံသလို ငြိမ်းချမ်းရေးကို အလေးမထားပဲ မိမိစိတ်ခံစားချက်နှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သုံးသပ်
ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
မည်သို့ပင်ဆိုစေကာမူ ပြဿနာကြီးကြီးမာမားမဖြစ်ရန် တာဝန်ရှိသူများ အချိန်မှီတွေ့ဆုံရန် လိုအပ်ကြောင်း
ဆိုပါသည်။ ယခုဖြစ်စဉ်သည် KNUနှင့် BGFတို့ကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ကြသည့် ပထမဆုံးဖြစ်စဉ်
လည်း ဖြစ်သည်။

ထိုကဲ့သို့ ကရင် လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပေါ်လာသောပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်း သွားကြ
ရန် အဓိကရည်ရွယ်၍လည်း ကရင် လက်နက်ကိုင်တပ်များ ညီညွတ်ရေး ကော်မီတီကို ဖွဲ့စည်းထားခဲ့ခြင်း
ဖြစ်သည်။

ထိုအဖွဲ့အား ပြီးခဲ့သည့် မေ (၂၈)ရက်နေ့တွင် KNLA ၏ ကော့ကရိတ် မြို့နယ်တွင်းရှိ ထို့ကော်ကိုးစခန်းတွင်
ကရင် လက်နက်ကိုင်အဖွဲ့အစည်း (၆)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို ကရင် လက်နက်ကိုင်တပ်များညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင်များမှာ
ဗိုလ်မှူး ချစ်သူ (BGF)
ဗိုလ်မှူး စောကြာအဲ (BGF)
ဒေါက်တာ စောဌေးမြင့် (BGF)
ဖိုးရင်နု (KNU/KNLA-Peace council)
ဗိုလ်မှူးကြီး စောယိုရှူး၊
ဦးမြင့်သန်း၊
ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့)
ပဒိုဖောဒို (KNU )
ပဒိုရွှေမောင်း (KNU)
ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)
ဗိုလ်ချုပ် မိုရှေး(DKBA)
ဗိုလ်မှူးကြီး စောကျော်သက် (DKBA)
ဗိုလ်မှူးကြီး စောသန်းအောင်
ဗိုလ်မှူး စတီဗာ (KPF)
စောနေ၀င်း (KPF)
စောအယ်မိုး (KPF) တို့ဖြစ်ကြကာ ကော်မီတီ၏ အဖွဲ့ခါင်းဆောင်မှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ
ဖြစ်သည်။

Source news from http://www.burmese.phophtawnews.org