ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ ကျင်းပခြင်း
ယနေ့ August 16, 2013 သောကြ်ာနေ့တွင် အမေရိကန်ပြည်ထောင်စု မင်ဏီစိုးတားပြည်နယ် စိန့်ပေါမြို့၌ ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတရပ် ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
942 Edmund Avenue ရှိ စသန်းမြင့်၏ နေအိမ်တွင် နံနက် ၆း၀၀နာရီအချိန် ကျင်းပသော ထိုခြည်ဖြူဖွဲ့ပွဲ
သည် မိသားစုများ သီးသန့်ကျင်းပပြုလုပ်သော အခန်းအနားတခုသာဖြစ်ပြီး စည်ကားသိုက်မြိုက်သော ပွဲ
တော်ကြီးတရပ်အား လာမည့် August 18, 2013 တနင်္ဂနွေနေ့ နံနက် ၁၀း၀၀နာရီမှ ညနေ ၃း၀၀ နာရီအ
ထိ စိန့်ပေါမြို့ရှိ Lao Family Community of Minnesota အမှတ် 320 University Avenue တွင်ကျင်းပပြု
လုပ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
အဆိုပါ မိသားစု သီးသန့်အခန်းအနား ကျင်းပပြုလုပ်ရသည်နှင့်ပတ်သက်၍ စသန်းမြင့်မှ ပြောကြားရာ၌
ကျနော် နိုင်ငံခြားကိုရောက်နေတာ ၁၁နှစ်ရှိပါပြီ။
ကရင့်ရိုးရာပွဲတော်ဖြစ်တဲ့ ခြည်ဖြူဖွဲ့ပွဲနဲ့ နှစ်သစ်ကူးပွဲတွေကို နှစ်တိုင်း မိသားစုတွေနဲ့ သီးသန့်ပြုလုပ်မြဲဖြစ်
ပါတယ်။
ဘာကြောင့်လဲဆိုလျင် ပွဲတော်ကြီးတွေ စည်ကားတဲ့အခန်းအနားတွေ ဆိုတာက လူများတယ်။
အဲဒီတော့ ဆူညံတယ်။
စင်မြင့်ပေါ်က ပြောနေတာတွေ ဘယ်သူမျှဂရုတစိုက် နားထောင်တာ မရှိဘူး။
နားမထောင်တာကလည်း သူတို့ဆင်ခြေနဲ့သူတို့ ရှိပါလိမ့်မယ်။
အထူးသဖြင့်ကတော့ စင်မြင့်ပေါ်မှာ ပြောနေတဲ့လူတွေအချို့ မလိုအပ်ပဲ အကျယ်မချဲ့သင့်တာကို အကြာကြီး
ပြောနေတာမျိုးပေါ့နော်။
ဒီတော့ တကယ့်အရေးကြီးတဲ့ ကိုယ်သိစေချင်တဲ့ အကြောင်းအရာကို ဘယ်လိုမှ ပေးထားခဲ့လို့မရဘူး။
ဒါကြောင့် ကိုယ့်မိသားစု အ၀န်းအ၀ိုင်းလေးထဲမှာ ကရင့်ရိုးရာနဲ့ ပတ်သက်တာတွေ၊ အမျိုးသားရေးနဲ့ ဆိုင်
တာတွေထဲက သိသင့်သိထိုက်တာ ရှောင်ဘို့ ဆောင်ဘို့ လိုတာတွေကို သဘောပေါက်နားလည်အောင် နားထောင်လို့ရအောင် စိတ်ဝင်တစားရှိအောင် ရင်ထဲစွဲနေအောင် အေးအေးလူလူနဲ့ အချိန်ယူပြီး သွန်သင်
ပြောဆိုလို့ ရတာပေါ့ဗျာ။
နောက်တခုက အမြတ်တနိုးလေးစားတန်ဘိုးထားရမယ့် အရာတွေကို ပျော်ပွဲရွှင်ပွဲလို့သဘောထားတဲ့ အ
မှတ်သညာတွေလည်း နည်းလာနိုင်ပါတယ်။
ဒါကြောင့် မိသားစု သီးသန့်အခန်းအနားကို လုပ်နေရတာဖြစ်ပါတယ်။
ကရင်မိသားစုတိုင်း အဲဒီလိုလုပ်သင့်ပါတယ်။
သို့သော် ငါတို့မိသားစုတော့ ဒီပွဲကိုအိမ်မှာလုပ်ပြီးသွားပြီ၊ ဟိုမှာလုပ်တဲ့အခန်းအနားကို မသွားလည်းရတယ်
ဆိုတဲ့သဘောမျိုးတော့ မထားလိုက်ကြပါနဲ့။
အိမ်တိုင်းမှာလည်း ကိုယ့်မိသားစုနဲ့ကိုယ် လုပ်ဘို့လိုအပ်သလို စုပေါင်းလုပ်တဲ့ပွဲမျိုးကိုလည်း အတတ်နိုင်ဆုံး
မဖြစ်မနေသွားကြဘို့ အကြံပေးပါရစေ။
ဟု ဆိုပါသည်။
သီးသန့်ကျင်းပသည့် မိသားစုခြည်ဖြူဖွဲ့ပွဲကို နံနက်၉း၀၀နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ
အခန်းအနားကို လွန်ခဲ့သည့် ၂၀၁၂ခုနှစ်ကလည်း ကျင်းပခဲ့ဘူးကြောင်း သိရှိရပါသည်။
ဖူးယောင်ဟက်
၁၆-၈-၂၀၁၃ သောကြော်နေ့
၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ရုပ်သံ