• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 12, 2013

မြ၀တီရေးဘေး၌ ဒေသခံအာဏာပိုင်များပေါင်း၍ ဒုတိယသမ္မတအားလှည့်ဖြားခဲ့ဟု KNU/KNLA ဆက်ဆံရေးမှူးချုပ်ဆို


မြ၀တီရေဘေး၌ ဒေသခံအာဏာပိုင်များပေါင်း၍ 

ဒုတိယသမ္မတအားလှည့်ဖြားခဲ့ဟု

KNU/KNLA ဆက်ဆံရေးမှူးချုပ်ဆို

August 12, 2013

မြ၀တီမြို့အပါအ၀င် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိမြို့များ၌ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ယင်းသို့
ဖြစ်ပွားမှုနှင့်ဆက်စပ ၍ ရေဘေးဒုက္ခသည်များစွာ ခိုလှုံရာမဲ့ဖြစ်ခဲ့ခြင်းအား ဒေသခံတိုင်း ရင်းသားလက်နက်
ကိုင်တပ်ဖွဲ့များ စေတနာရှင်ပြည်သူများမှ ၀ိုင်းဝန်းဖေးမကူညီမှုများလုပ်ပေးခဲ့ပါသော်လည်း အစိုးရပိုင်မီဒီ
ယာမှသတင်းထုတ်လွှင့်ရာတွင် ပြည်နယ်အစိုးရနှင့် တပ်မတော်သားများမှ ၀ိုင်းဝန်း ကူညီခဲ့ဟုဖော်ပြခဲ့ခြင်း
မှာ ရယ်စရာတစ်ခုဖြစ်ကြောင်းနှင့် မြ၀တီမြို့သို့ ဒုတိယသမ္မတဦးဉဏ်ထွန်းလာ ရောက်စဉ် ခရိုင်နှင့်မြို့နယ်
အဆင့် ဌာနတာဝန်ရှိသူများက ရေဘေးဒုက္ခသည်များအပေါ် ဆန်အိတ်များလှူဒါန်းသည်ဟု ဆိုခြင်းမှာ
လည်း ဒုတိယသမ္မတအား စနစ်ဟောင်းကကယ့်သို့လှည်းဖြားခဲ့ခြင်းသာဖြစ်ကြောင်းKNU/ KNLA တပ်မ
ဟာများဆက်ဆံရေးမှူးချုပ် ဦးစောမိုးဇက်က ဝေဖန်ပြောကြားလိုက်သည်။

"မပျောက်သေးတဲ့စနစ်ဟောင်းက အကျင့်တွေနဲ့ ဒုသမ္မတကြီးကို နစ်ကျပ်ကွက်ရိုက်လိုက်ကြတာ။
တကယ်တော့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးပိုင်းက ဘာမှထိထိရောက်ကူညီလှူဒါန်းတာမဟုတ်ဘူး။
လူကြီးလာမှာမို့လို့ ဆန်ဆိုင်တွေကနေ ဆန်အိတ်တွေငှားပြီး ဒုသမ္မတကျေနပ်အောင် For Show လုပ်ပြ
တာဘဲ။
ဒီက တိုင်းရင်းသားအဖွဲ့တွေဆို ရေကြီးနေတဲ့အချိန်ရော ရေကျပြီးတော့ရော တင်နေတဲ့အမှိုက်တွေကို ကား
တွေနဲ့သယ်ပြီးကူခဲ့တာ။
သတင်းလည်းလွှင့်ရော ပြည်နယ်အစိုးရနဲ့ဒေသ ခံအာဏာပိုင်အဖွဲ့အစည်းတွေက ကူညီတယ်။
ဆိုတော့ ရယ်စရာကြီးဖြစ်နေတယ်ဗျာ။
ဒီက ဂရုဏာဖောင်ဒေးရှင်းတို့ စေတနာရေးကူညီမှုအသင်းတို့က ကူညီတာ။ တိုင်းရင်းသားအဖွဲ့တွနဲ့ ဒေသခံစေတနာရှင် မိဘပြည်သူတွေကူညီတဲ့အခန်းကဏ္ဍကိုတော့ အာဏာပိုင်တွေ
က အမှောင်ချထားလိုက်တယ်။
ဒီလိုဖြစ်တာလုံး စိတ်မကောင်းဘူး”
ဟု အဆိုပါ KNU/ KNLA တပ်မဟာ များဆက်ဆံရေးမှူးချုပ်မှHot News သို့ပြောကြားသွားခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းသင့်ပြည်သူများအနေဖြင့်
ယင်းသို့လှည့်ဖြားခြင်းအား ခံစားခဲ့ရကြောင်း ယခုမှာ ပွင့်လင်းသောကာလဖြစ်သည်နှင့်အညီ အထက်လူ
ကြီးများမှ မျက်နှာသာပေးရန်ရည်ရွယ်၍ စေတနာမဲ့ For Show လုပ်နေခြင်းမျိုး၊ လူ ကြီးအပေါ်ညာနေခြင်း
မျိုးမှာ ရှိမနေသင့်တော့ပေ။
ယင်းမှာ မိဘပြည်သူတို့၏အခန်းကဏ္ဍအပေါ် မျက်ကွယ်ပြုရာလည်းရောက်ကြောင်း ယင်းက ဆက်လက်
ပြောကြားသည်။

ခန့်ခန့်(ဒဿနိက)

Copy from http://www.hotnewsweekly.com/archives/24566