• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, August 14, 2013

အိမ်မက်ကိုယ်စီ ရှိကြပါတယ်

Source Photo from http://www.bbcburmese.com/images


အိမ်မက်ကိုယ်စီ ရှိကြပါတယ်

Thursday August 15 2013

By မင်းစိုးစံ

အိမ်မက်ဆိုတာ ဘာလဲ။ အိမ်မက်ဆိုတာ အိပ်နေရင်း မြင်နေရကြားနေရတာတွေကို အိမ်မက်လို့ အလွယ်
ကလေး ဖြေလိုက်ကြမလား။ လွယ်လွယ်တွေး လွယ်လွယ်လေးဖြေ အားလုံး အိုကေမှာ စိုပြေတာပေါ့နော်။
တချို့လူတွေက အိမ်မက်ဆိုတာ ကိုယ်မက်ချင်တာကို မက်အောင်လုပ်လို့ရတယ်လို့ ပြောကြပါတယ်။ ကျုပ်
တော့ မယုံပေါင်။ ကျုပ်မမက်ချင်တဲ့ အိမ်မက်တွေချည်း ဆက်တိုက်ဆက်တိုက် မက်နေလို့ပေါ့ဗျာ။

အတိတ်ကာလတုန်းက အဖြစ်ဆိုးတွေဟာ နှစ်ပေါင်းဘယ်လာက်ပဲကြာနေပေမယ့် အခုထက်ထိ အိပ်နေတဲ့
အချိန်မှာ အိမ်မက်အဖြစ်နဲ့ ပြန်ပြန်ပေါ်လာပြီး သွေးပျက်မတတ်ခံစားနေရစဲပါ။ အိပ်ရာက လန့်နိုးလာတိုင်း
ငါ အိမ်မက်မက်နေတာပါလား ဆိုပြီး သက်ပြင်းတွေ ချမိတဲ့အကြိမ်အခါပေါင်းကလည်း မရေမတွက်နိုင်တဲ့
အထိပါ။ ရှိစေတော့။

ကျုပ်တို့ ခေါင်းဆောင်ကြီး နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စောဘဦးကြီးတို့မှာ ကိုယ်ပိုင်အိမ်မက်
တွေရှိကြပါတယ်။ အိပ်မက်ကိုယ်စီရှိကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်က မြန်မာတစ်နိုင်ငံလုံး တစ်ပေါင်းတစည်းထဲ လွတ်လပ်ရေးဖြစ်ပြီး စောဘ
ဦးကြီးရဲ့ အိပ်မက်က ကရင်ခေါင်းဆောင်တစ်ဦးအနေနဲ့ ကရင်တွေဘ၀လုံခြုံရေး အလို့ငှာ ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရ သီးခြားကရင်ပြည်နယ် ထူထောင်ရေးဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးရဲ့ မတူကြတဲ့အိမ်မက်တွေပါ။ 

အခုလိုရေးပြလိုက်တာဟာ ဘယ်သူ့အိမ်မက်က ဘယ်သူ့အိမ်မက်ထက် မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ ဆုံးဖြတ်ခိုင်းတာမဟုတ်သလို အခြေအနေအချိန်အခါနဲ့ ကိုက်ညီတယ်၊ မကိုက်ဘူး လို့ဝေဘန်ခိုင်းဘို့လည်း
မဟုတ်ပါဘူး။
ခေါင်းဆောင်နှစ်ဦးရဲ့ အိမ်မက်တွေ ဘာကြောင့်များ အခုလိုကွဲလွဲနေရတာလဲ ဆိုတာကို သုံးသပ်ကြည့်ဘို့
ဖြစ်ပါတယ်။ 
ဝန်ကြီးချုပ်ဦးနုနဲ့ စောဘဦးကြီးတို့ ဧရာဝတီတိုင်း၊ ရန်ကုန် မစ်ရှင်လမ်းနဲ့ အင်းစိန်တို့မှာ အတူတကွ ချစ်
ကြည်ရေးနဲ့ နားလည်မှုရရှိရေးကို တည်ဆောက်ခဲ့ပေမယ့် လက်တွေ့မှာပြည်တွင်းစစ်သာ ဖြစ်ခဲ့ရပါတယ်”
လို့ ဆရာမောင်စင်ကြယ်က ပြောတယ်လို့ စာထဲမှာဘတ်ရပါတယ်။

 အခု ဗမာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ဆွေးနွေးကြတယ်။
ဘာကြောင့်ဆွေးနွေးရသလဲ။ စစ်ဖြစ်နေလို့လေ။ ဘယ်သူနဲ့ ဘယ်သူ စစ်ဖြစ်နေတာလဲ။ ဗမာစစ်အစိုးရနဲ့
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအပြင် ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြရာကနေ လူ
စိတ်ပျောက်ပြီး ကိုယ့်ပြည်သူကို ကြက်ကလေး ငှက်ကလေးလို  သွေးအေးအေးနဲ့သတ်ဖြတ်ရက်တဲ့ စစ်အ
စိုးရကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ကျောင်းတော်သူ ကျောင်းတော်သားတွေ ဖြစ်နေတဲ့တိုက်ပွဲ။

ဘယ်သူမှားသလဲ။ ဘယ်သူမှန်သလဲ။ ဗမာစစ်အစိုးရက မှန်ပြီး အများစုဖြစ်ကြတဲ့ တိုင်းရင်းသားလက်နက်
ကိုင် အဖွဲ့တွေနဲ့ ကျောင်းလွယ်အိပ်ကိုပစ်ချပြီး လူသတ်လက်နက်ကိုင်တဲ့ ကျောင်းသားတွေက မှားနေလို့
လား။

ဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ အိမ်မက်က ဘာလဲ။
ဗမာစစ်အစိုးရရဲ့ အိမ်မက်က ဘာလဲ။
ဘယ်သူက ပြည်သူလူထုကို သစ္စာဖေါက်လို့ ဘယ်သူက သစ္စာရှိနေတာလဲ။
အောက်က သတင်းလေးကို ဘတ်ကြည့်ကြပါဦး။

အစိုးရကနိုင်ငံရေးပြစ်မှုနှင့် ရာဇ၀တ်မှုကျူးလွန်ခဲ့သူများကို ပြည်သူကိုသစ္စာဖောက်၍
ကာကွယ်ပေးမည်မဟုတ်ဟုဆို

August 11, 2013

နိုင်ငံရေးအကျဉ်းသားများအား ပြေလျော့၍လွှတ်ပေးနိုင်သော်လည်း ပြည်သူများကိုထိခိုက်နစ်နာစေခဲ့သည့်
နိုင်ငံရေးပြစ်မှု၊ ရာဇ၀တ်မှုကျူးလွန်သူများအား ပြေလျော့ကာ လွှတ်ပေးလို့မရကြောင်း နိုင်ငံတော်သမ္မတရုံး
ဝန်ကြီး (၄) ဦးအောင်မင်းက သြဂုတ်လ၁၀ရက်နေ့မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောသည်။

အချို့သောကိစ္စများအား နိုင်ငံတော်အနေဖြင့်ကူညီနိုင်သော်လည်း ပြည်သူများထိခိုက်နစ်နာစေသော ကိစ္စ
များအား ပြုလုပ်ခဲ့သူအား ပြည်သူကို သစ္စာဖောက်ကာ ဖြေလျော့ပေးမည်မဟုတ်ကြောင်း ဦးအောင်မင်းက
ဆိုသည်။
“နိုင်ငံရေးပြစ်မှုကျူးလွန်တယ်။
သူတို့ကိုမတရားအသင်းက ပယ်ဖျက်ပေးလိုက်တယ်ဆိုရင် နိုင်ငံရေးပြစ်မှုကျူး လွန်တဲ့သူတွေက Auto
Meticulously ပါသွားမယ်။
တကယ်လို့သူက ရာဇ၀တ်မှုကျူးလွန်တဲ့၊ လူတစ်ဦးတစ်ယောက်ကိုနစ်နာတယ်၊ သေတယ်၊ကျေတယ်ဆို
ရင် ကျွန်တော်တို့ကလုပ်ပေးလို့မရဘူး။
တကယ်လို့ လုပ်ပေးလိုက်ရင် ပြည်သူကိုသစ္စာဖောက်ရာကျသွားမှာပေါ့”
ဟု ဦးအောင်မင်းကပြောသည်။
မတရားအသင်းဟူ၍ စွပ်စွဲခံရသောလက်နက်ကိုင်တပ်ဖွဲ့များအား ပယ်ဖျက်ပေးရာ၌ နစ်နာ သည့်ပြည်သူ
များ ရှိနေလျှင် ပြည်သူများဘက်ကရပ်တည်ပေးရမည်ဖြစ်ကြောင်း ဦးအောင်မင်းကဆိုသည်။

ဒါဆိုလျင် ဗမာစစ်အစိုးရရဲ့အိမ်မက်က ဘာလဲဆိုတာကို ကောင်းကောင်းသိနိုင်လိမ့်မယ်လို့ ယုံကြည်ပါ
တယ်။
ပိုပြီး သေခြာချင်တယ်ဆိုလျင်ဖြင့် အောက်က ရုပ်သံဖိုင်လေးကို ကလစ်ကြည့်လိုက်ပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)