October 17, 2013 Thursday
ငြိမ်းချမ်းပြီးနောက် ငြိမ်းချမ်းဦးမှာလား ဒေါနမြေ
By စိုးဝင်းနိုင်
တိုင်းရင်းသားများနှင့် အစိုးရကြား အမျိုးသားရင်ကြားစေ့ရေးသည် စစ်မှန် သည့်ရင်ကြားစေ့ရေးဆီ ဦးတည်
မှု ရှိ၊မရှိ ယနေ့ငြိမ်းချမ်းရေးအပေါ် (၇.၁၂. ၂၀၁၂) ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့နှင့်Case fire အ
ဆင့်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ကာ နှစ်ဦးသဘောတူအပစ်အခတ်ရပ်စဲခဲ့သောKNU/
KNLAငြိမ်းချမ်းရေး ကောင်စီ (PC) အမည်ဖြင့် ၀င်ရောက်လာသူ ဗဟိုကော်မတီဝင်များနှင့်တွေ့ဆုံခြင်း။
ပထမဆုံးပြောချင်တာက ယနေ့ မြန်မာနိုင်ငံမှာ ဘာလုပ်ရမှန်းမသိတဲ့ ပြဿနာဖြစ်နေတယ်။
အစိုးရမှာတင် မဟုတ်ဘူး။ တိုင်းရင်းသားအဖွဲ့တွေမှာ လည်းပါတယ်။ ငါဘာလုပ်နေမှန်းမသိတဲ့ ပြဿနာပဲ။
အစိုးရလည်းမရှိဘူး။
အခု တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးတို့ ဘာတို့ဟာ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေး အရဖြေရှင်းရမယ့်ပြဿ
နာက အနှစ် (၂၀) ကျော်ပြီ။ အော်လာတာ။
တလော ကဦးအောင်မင်းUNFC လာပြီး နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးအရ လွှတ်တော်ထဲ လာခဲ့ကြပါ။
ခင်ဗျားတို့ပြောနေတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ကြမယ်။ အောက်တိုဘာလမှာလုပ်မယ်။
လာ Sign ထိုးကြဆိုတော့လည်း တိုင်းရင်းသားတွေဘက်က မရကြပြန်ဘူး။
အမှန်တကယ်က တိုင်းရင်းသားအရေးဆိုတာက လူမျိုးရေး။ နိုင်ငံရေးမဟုတ်ဘူး။
ဒါကိုလည်း ရှင်းရှင်းလင်းလင်းကUNFC မှာလည်း ဗိုလ်မှူးကြီးတီမိုးသီ ပြောပြီးပြီ။
လူမျိုးရေးဆိုတာ ကိုယ့်လူမျိုးတွေ၊ ကိုယ့် ကရင်လူမျိုးတွေ၊ ကိုယ့်ကချင်လူမျိုးတွေ ဘာတွေဖြစ်နေတယ်ဆို
တာ ဒူးတိုက်ပြီး အစိုးရနဲ့ဆွေးနွေးရမှာ။ စစ်တပ်နဲ့ဆိုလည်း စစ်တပ်နဲ့ဆွေးနွေးရမှာပဲ။
ခင်ဗျားတို့တပ်တွေ အကုန်ဆုတ်။ ဒါမှယုံကြည်မှုတွေ လုပ်ဆောင်လို့ရမယ်။ အဲဒီလိုမျိုးလုပ်ကြလေ။
အခုဟာက အစိုးရငြိမ်းချမ်းရေးတွေ ပြောနေတယ်။ တပ်တွေဝင်ထိုးတယ်။
ဘယ်လိုလုပ်ယုံကြည်မှု တည်ဆောက်လို့ရမလဲ။ ဒီငြိမ်းချမ်းရေးအပေါ် ပျက်ပြားအောင်မလုပ်သင့်တော့ဘူး။
ငြိမ်းချမ်းရေးကို တန်ဖိုးထားပြည်သူတွေအပေါ် အတားအဆီး အဟန့်အတားတွေ မလုပ်သင့်တော့ဘူး။
အားလုံးအားလုံး ငြိမ်းချမ်းစေချင်တယ်။
ဟိုးအရင်က အဘတို့ထဲမှာ လိုရာကိုမရောက်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုပြီး လုပ်ခဲ့တယ်။
တကယ်တမ်း ဆွေးနွေးရမှာက အောက်ခြေကပြည်သူတွေ ဒုက္ခရောက်နေရတာ။
လူမျိုးရေးကို မပြောဘဲနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့လို့ ဗိုလ်ချုပ်မြက မင်းကိုငါတပ်အပ်
မယ်ဆိုလို့ KNU/ KNLAဆိုပြီး တွဲကိုင်ခဲ့ရတယ်။
ပြောချင် တာက ယနေ့ငြိမ်းချမ်းရေးဟာ အမြင့်ကြီး မလုပ်စေချင်ဘူး။
အောက်ခြေက ပြည်သူတွေအတွက် အရင်ဆုံးငြိမ်းချမ်းစေချင်တယ်။ အေးချမ်းစေချင်တယ်။ အဲဒါကအရေး
ကြီးနေတယ်။
အဖိုးတို့ ဟို အရင်ကတည်းက ပြောခဲ့တာက အမျိုးသားရေးဆိုတာ ကရင်တစ်ဦးတည်းပြောတာမဟုတ်ဘူး။
ကချင်လည်းပါမယ်။ ဗမာလည်းပါမယ်။ တိုင်းရင်းသားအားလုံးကို ပြောတာ။ ငြိမ်းချမ်းရေးတွေလုပ်ပြီး ပြည်သူတွေ အခုထက်ထိ ဒီအတိုင်းရှိနေတာ ခံနေရတာကို အရင်ငြိမ်းချမ်းစေချင်
တယ်။ ဒါမှမဟုတ်ရင်တော့ အခြေအနေက ပိုဆိုးသွားလိမ့်မယ်လို့ပဲ အကြံပြုချင်ပါတယ်။
စစ်မှန်တဲ့ ပြောင်းလဲမှုကို လိုချင်တယ်။ လုပ်ချင်တယ်ဆိုရင်။ တစ်ကမ္ဘာလုံးကိုလည်း ကြေညာထားတယ်။
တစ်ကမ္ဘာလုံးကလည်းအားပေးကြတယ်။ နိုင်ငံတကာက သံအမတ်ကြီးတွေနောက်ထပ် စီးပွားရေးအရရင်း
နှီးမြှုပ်နှံသူတွေ လာပြောကြတယ်။ သူတို့မြင်ကြတဲ့အမြင်က ကျွန်တော်တို့နိုင်ငံရေးက အရမ်းကိုရှုပ်ထွေး
တယ်လို့မြင်ကြတယ်။
ဟိုတစ်နေ့က သံအမတ်တစ်ဦးနဲ့တွေ့တဲ့အခါ ဘာပြောလဲဆိုတော့ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံးလို့ထင်တယ်
တဲ့။ အစိုးရနဲ့တွေ့တဲ့ အခါလည်းအင်မတန်ရှုပ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တော့လည်း ရှုပ်။
UNFC နဲ့တွေ့တဲ့အခါလည်း အတော်ရှုပ်တယ်။ ဘာအရေးတွေမှန်းကို မသိဘူး။ အင်မတန်ရှုပ်တယ်။
ကျွန်တော်တို့မြင်ချင်တာက လက်တွေ့ လူထုကိုအကူအညီပေးနိုင်မယ့်ဟာတွေ ကျွန်တော်တို့ကူညီဖို့ လူ
လည်းရှိတယ်။ ငွေတွေအများကြီးရှိတယ်။
အခုဟာက ပြည်သူလူထုရဲ့ အခြေအနေက အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။
အစည်းအဝေးတွေ ၀ိုင်းထိုင်ပြီးလုပ်ကြတာက နှစ်(၁၀၀)လား။ နှစ် (၂၀၀)လား။
အဲဒါနဲ့ပဲ လူထုဘ၀သေကြလိမ့်မယ်။ ဘယ်လိုလုပ်မလဲလို့ မေးလာတယ်ဗျ။
နိုင်ငံတကာကရော နိုင်ငံခြား သားတွေပါ အဲဒီလို မြင်နေကြတယ်ဗျာ။
ကျွန်တော်နိုင်ငံသားတစ်ယောက် အမြင်နဲ့ပြောတာက နိုင်ငံခြားသားတစ်ယောက်ရဲ့အမြင်က အဲဒီလိုရှိသွား
ပြီ။ ဘာတွေ လုပ်နေကြတာလဲ။
အစိုးရကရော ဒီနေ့ဘာလုပ်မလဲ။
တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ကရော ဘာလုပ်မလဲ။
အချိန်ကုန်ပြီး အစည်းအဝေးတွေအပေါ် အလုပ်ကြီးလိုသဘောထားပြီး ဘယ်အရာမှမအောင်မြင်၊ ဘယ်အ
ရာမှ မထိရောက်တဲ့ အနေအထားမျိုးတွေလုပ်နေမှာလား။
အစိုးရဘက်မှာပဲ ကြည့်ကြည့်၊ တိုင်းရင်းသားတွေပဲ ကြည့်ကြည့် အလုပ်ကြီး၊ အကိုင်ကြီးလို သဘောထား
လို့ သေသွားကြတဲ့လူတွေလည်းတစ်ပုံကြီးဗျ။
ဗိုလ်ချုပ်မြပြော သွားဖူးတယ်။
“ဟ” ဒီလူတွေတစ်ချိန်လုံး အစည်းအဝေးဆိုပြီးခေါ်။ ငါ့ကိုသတ်တာနဲ့ အတူတူပဲ။
အဲဒီတုန်းက ကျွန်တော်က နိုင်ငံခြားရေးကိုင်ခဲ့တာ။ အခုကျမှ ကျွန်တော်ကောင်းကောင်းသိလိုက်ရတာ။
အဖိုးကြီးပြောတာမှန်တယ်။
(၁၀၀) ရာခိုင်နှုန်းအကောင် အထည်မဖော်နိုင်လို့ (၂၀)ရာခိုင်နှုန်းအကောင်အထည်ဖော်နိုင်ရင်လည်း တော်
သေးတယ်လေ။ အခုဟာ က(၂၀)မပြောနဲ့ “၀”တောင် အကောင်အထည်ပေါ်မလာဘူး။
ပထမအကြိမ်အနေနဲ့ အကောင်အထည် မပေါ်လာတာကို ခွင့်လွှတ်လို့ရတယ်။
(၃)ခါပြီး (၄) ခါမြောက်ဆိုတော့ ခွင့်လွှတ်လို့မရတော့ဘူး။ ဘာလုပ်မှာလဲ။
ပြန်ပြီး Recommencement လည်းမလုပ်ဘူး။ Reconfirm လည်းမလုပ်ဘူးဗျ။
ကျွန်တော်တို့ တိုင်းရင်းသားတွေ ကမေးခွန်းတွေထုတ်ရတော့မယ်။
ဒီလူ တွေဆုံးဖြတ်ချက်ချပြီး မလုပ်နိုင်လို့လား။ မလုပ်တတ်လို့လား။ လိမ်နေတာလား။
(၃)အချက်မှာမှ ဘာမှအကောင်အထည် မပေါ်ဘူး။ (၄)ချက်ကျတော့ လိမ်နေတယ်လို့ တိုင်းရင်းသားတွေ
က ထင်မှာပဲဗျ။
အဲဒီလိုလုပ်တာက နောက်ထပ် Generation တွေကိုသတ်ဖြတ်နေတယ်။
နည်းဗျူဟာကျကျ လိမ်နေတယ်လို့ပဲ ကျွန်တော်ကတော့တည့်တည့်ပဲပြောချင်တယ်။
တိုင်းရင်းသားအရေး တိုင်းရင်းသားအရေးဆိုပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)လောက်ကတည်းက အစည်းအ
ဝေးလုပ်လာတာ အခုထက်ထိပဲဗျ။
Code of Conduct တို့ ဘာတက်တို့ ညာတက် တို့ ရှုပ်ထွေးနေတာပဲ။
လာလုပ်မနေနဲ့ ကျွန်တော်နားလည်တာက Peaceပဲ။ အဲဒါကသာ Very simpleဗျ။
ဒီနိုင်ငံမှာငြိမ်းချမ်းရေးလိုတယ်။ ဒီလူထုက ငြိမ်းချမ်းရေးလိုတယ်။
အစိုးရမှာလည်း ငြိမ်းချမ်းရေးလိုသလို ကျွန်တော်တို့ တိုင်ရင်းသားတွေအပေါ်မှာလည်း ငြိမ်း ချမ်းရေးလို
တယ်။
ကရင်တွေဟာ ထွက်ပြေးနေခဲ့ရတယ်။ ကရင်အိမ်တွေ မီးရှို့ခံရတယ်။
အဲဒါတွေဖြစ်ဦးမှာလားဆိုပြီး ငြိမ်းချမ်းရေးလုပ်ခဲ့တဲ့ ဦးဇော်မင်းနေရာမှာရှိတဲ့ လူကြီးတစ်ယောက်ကို ကျွန်
တော်ကတည့်တည့် မေးတယ်။
ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ပေးတဲ့အခါကျရင် ခင်ဗျားတို့ ကရင်လူမျိုးတွေကို သူပုန်ဆိုပြီး ဖမ်းဦးမှာလား၊
မီးရှို့ ဦးမှာလား၊ ကိုယ့်အိမ်ကိုယ်ပိုင်နေနိုင်ခွင့် ရှိမလားဆိုပြီး မေးခဲ့တယ်။
လုပ်ပါ ဖြစ်ရမှာပေါ့ဆိုလို့ ဒီစကားကို ကျွန်တော် တော်တော်ကို သဘောကျခဲ့တယ်။
ဒါပေမယ့်ဗျာ ကျွန်တော်တို့ ကရင် တိုင်းရင်းသားတွေဘက်ကတော့ သိပ် မထူးခြားပါဘူး။
ခုခံကာကွယ်နေရပြီး အမြဲရပ်တည်နေရတယ်။
ကျွန်တော်တို့အပိုင်းတော့ အစိုးရကိုပြောမယ်။
အဲဒီလိုပြောတာ အစိုးရကိုမောင်းထုတ်နေတာမဟုတ်ဘူး။
ပြီးခဲ့တဲ့အပတ်က ဗိုလ်မှူးတိုက်ဂါးပြောတာက ကျွန်တော်တို့အဖွဲ့တွေကနေ နင်ဒီနယ်ကထွက်သွား ငါဝင်
ထိုင်မယ်။
အဲဒီလိုမျိုးနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေက ပြောချင်တာမဟုတ်ဘူးနော်၊ position လိုချင်လို့ နေရာ
လိုချင်လို့ လုပ်နေတာမဟုတ်ဘူး။
အောက်ခြေမှာက ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်အောက်မှာ ကရင်ပြည်သူတွေရော ခရီးသွားပြည်သူတွေပါ
တင်းကျပ်နေတယ်။
အဲဒါက သူပုန်ထအောင် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာလားလို့ မေးရမလိုဖြစ်နေတယ်ဗျ။
ဒီလိုတွေ တည့်တည့် ပြောလို့လည်း ဦးအောင်မင်းတို့၊ ဦးဇော်မင်းတို့၊ ဦးအောင်လွင် တို့က ဒီလူကို မတွေ့
ချင်ပါဘူးလို့ ပြောတာကြားဖူးတယ်။
ကျွန်တော်ကလည်း သူတို့ကိုမတွေ့ချင်ပါဘူး။ တစ်ခုတော့မေးစရာဖြစ်နေပြီ။
သူတို့ ကျွန်တော့်ကိုမတွေ့ချင်တာ အကြံဥာဏ်ပေးမှာ ကြောက်လို့လား။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှာ ကြောက်လို့လား။
ခင်ဗျားတို့လူကြီးတွေကပဲ ကောင်းတဲ့အကြံဥာဏ်ပေးတာကို မယူတတ်လို့မေးရင် အထောင်းခံရမှာ
ကြောက်လို့လား။
သူတို့တွေမှ ဂုဏ်တက်တယ်ဆိုလည်း နေပါစေ။ ကျွန်တော်တက်ချင်တဲ့ဂုဏ်က ပြည်သူတွေ ယနေ့ငြိမ်း
ချမ်းတဲ့ဘ၀ပဲ။
အဆင်ပြေတဲ့ဘ၀ ပြည်သူတွေ စိတ်ချမ်းသာမှ ဂုဏ်တက်မယ်လို့ ခံယူထားတယ်ဗျ။
အဲဒီတော့ ကျွန်တော်တို့က ခင်ဗျားတို့လည်း ငြိမ်းချမ်းကျွန်တော်တို့ လည်းငြိမ်းချမ်း၊ ငြိမ်းချမ်းအောင်လို့ငြိမ်း
ချမ်းရေးလာပေးတာ။
ခင်ဗျားတို့ ငြိမ်းချမ်းချင်ရင်ကတော့ ငြိမ်းချမ်းရေးကို တကယ့်စိတ်နဲ့ စေတနာထားပါ။
အရင်က စနစ်ဆိုး၊ အကျင့်ဆိုးတွေနဲ့ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးအောက်မှာ မလှည့်ဖြားပါနဲ့။ မလိမ်ညာပါနဲ့။
နောက်ထပ် Generation တွေရဲ့ရာဇ၀တ်ကောင် အဖြစ်ခံမှာလားလို့ပဲ တည့်တည့်မေးချင်တယ်။
လူထုက အမှန်တရားဆိုတာ ဘာမှန်းမသိခဲ့ကြဘူး။
စစ်အုပ်ချုပ်၊ စစ်ဝါဒီ၊ စစ် ရာဇ၀တ်ကောင်တွေရဲ့အုပ်ချုပ်တဲ့ အောက်မှာက လူထုရဲ့အတွေးအခေါ်တွေ ထိုင်း
မှိုင်းနေကြတယ်။
ဒုက္ခသည်စခန်းတွေမှာလည်း ကျွန်တော်တို့ကရင်လူမျိုးတွေ အရင်တုန်းကလယ်ယာ ဘာညာ လုပ်တတ်
ကြတယ်။
အခုဟာက လူထုက ဘာလုပ်ရမှန်းကို မသိကြတော့ဘူး။ အဲဒီ လိုဖြစ်နေတယ်။
လူထုတွေကလည်း အမှန်တရားမပြောရဲကြဘူး။ အမှန်တရားပြော ရဲတဲ့လူတွေကိုလည်း အကုန်လုံးရိုက်
သတ်တယ်။
ဗမာအစိုးရဘက်ချည်းမှ ဖြစ်တာမဟုတ်ဘူး။ ကျွန်တော်တို့ကရင်ထဲမှာ လည်းရှိတယ်။
ကျွန်တော်တို့ကရင်ထဲမှာလည်း အမှန်တရားပြောရဲတဲ့ လူတွေဟာ UN က ကာကွယ်ထားတာတောင်မှ မ
ပြောရဲကြတော့ဘူး။
ကျွန်တော်တို့ ကရင်မှာလည်း ရာဇ၀တ်ခေါင်းဆောင်တွေ တစ်ပုံကြီးရှိတယ်။
ကရင်အချင်းချင်း သတ်တာ၊ ဖြတ်တာတွေရှိကြတယ်။ အမှန် တရားကိုပြောပါ။
ကရင်ခေါင်းဆောင်တွေ အနေနဲ့ပြောပါ။ ဗိုလ်ချုပ်တစ်ယောက် အနေနဲ့ မှားတာရှိရင်လည်း ပြောပါ။ ကျွန်တော်လက်ခံပါတယ်။ မပြင်နိုင်ရင် ထွက်ပေးမယ်။Transparency ရှိရမယ်။
အခုငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ ငြိမ်း ချမ်းရေးမရှိလို့ပေါ့။
အစိုးရကလည်း ဒီ ငြိမ်းချမ်းရေး ဘာညာ ဆွေးနွေးကြတယ်။
ဒီကသွားတဲ့ ခေါင်းဆောင်တွေကလည်း ဒီပုတ်ထဲကဒီပဲ ပဲ။ သွားပြီးဆွေးနွေးကြတယ်။
အောင်မြင်မှုက ဘာတစ်ခုမှ မရှိကြဘူး။ မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းတွေ လိုတယ်ဗျ။ ဒါခေါင်းဆောင်ကောင်း တွေမရှိတဲ့ပြဿနာပဲ။
ဦးသိန်းစိန် ဦးသိန်းစိန်ဆိုပြီး သူတစ်ယောက်တည်းနဲ့လည်း မရဘူး။
အယောက်(၁၀၀)လောက်ကို လိုတာ။ ၀န်ကြီးဌာနမှာလည်းလိုတယ်။ လွှတ်တော်မှာလည်းလိုတယ်။
အခုဟာက လွှတ်တော်မှာ ရွှေခေါင်းပေါင်း၊ ငွေခေါင်းပေါင်း၊ ရွှေပုဆိုး၊ ငွေပုဆိုးတွေနဲ့ အချိန်တိုင်း အစည်း
အဝေးထိုင်နေကြတာ။ အစည်းအဝေး လုပ်တာတော့ ကောင်းပါတယ်။
သို့သော် ဘာမှဆုံးဖြတ်ချက်မချနိုင်လို့ ရှေ့ မှာလူတွေ မနည်းသေခဲ့ပြီးပြီ။
အစည်းအဝေးက Action မရှိဘူးလေဗျာ။ အဲဒါ ကြောင်Actionပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေပွဲတွေ လုပ်ကြပါ။
မလုပ်ခဲ့ရင် ငြိမ်းချမ်းရေးလုပ်တာကြာတယ်။ ငြိမ်းချမ်းရေးပျက်တာမြန်တယ်ဗျ။
စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားရင်ကတော့ ကျန်တာတွေမပြောဘဲနဲ့ ကရင်ပြည်နယ်မှာပဲကြည့် အခုထက်
ထိ ကရင်တိုင်းရင်းသားတွေကို ကရင်သူပုန်တွေလို့ ထင်နေသေးတယ်။
တခြားတိုင်း ရင်းသားတွေလည်း ဒီအတိုင်းပဲဗျ။ အဲဒါ တွေ အမြန်ဆုံးဖျောက်ဖျက်ပေးပါ။
ကျွန်တော်တို့ကရင်တွေက သစ္စာရှိတယ်။
နိုင်ငံရေးကို ဒေါ်စုတို့ လုပ်တယ်၊ ကျောင်းသားအဖွဲ့တွေလုပ်နေတယ်။ အားလုံးအထဲမှာ လုပ်နေကြတယ်
အဲဒါက ဗမာတစ်ပြည်လုံးရဲ့အတိုင်းအတာ နိုင်ငံရေးပဲ။
အဲဒီထဲက ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဖြစ်သင့်ဖြစ်ထိုက်တာဘာလဲ။ အမျိုးသားရေး အောက်ခြေပြည်သူလူထုတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေ စစ်ရဲ့ဖိစီးမှုကြောင့် စစ်ရဲ့ ကံ
ကြမ္မာဆိုးတွေ၊စစ်ဝါဒီဆိုးတွေ၊ စစ်ရာဇ၀တ်ကောင်တွေရဲ့အပြုအမူတွေကြောင့် တိုင်းရင်းသားတွေရဲ့ Union
ကြီးဟာ ပျက်စီးသလောက် ဖြစ်နေပြီ။
စစ်တပ်တစ်ခုတည်း ဖြစ်ရမယ်လို့ ပြီးခဲ့တဲ့နှစ်က ထအော်နေတယ်။ ကောင်းတာပေါ့ စစ်တပ်တစ်ခုတည်း
ဖြစ်ရမှာပေါ့။
သို့သော် အဲဒီတစ်ခုတည်းက တိုင်းရင်းသားပြည်ထောင်စုတပ်မတော် ဖြစ်ရမယ်လေ။
ဗမာ့တပ်မတော် မဟုတ်ဘူး။
တိုင်းရင်းသားတွေအားလုံး ဟာ Union ပဲ။ Union လို့ခေါ် ပြီဆိုရင် အားလုံးဟာ equality ရှိရမယ်။
ကျွန်တော်တစ်ခုပြောမယ် ဒို့တာဝန်အရေး (၃)ပါးမှာ Unionကြီးကို မဖျက်ဆီးရဘူး ဘာ ညာ ပြောတယ်။
Union ကြီးကို တိုင်းရင်း သားတွေက ဖျက်ဆီးနေတာမဟုတ်ဘူး စစ်တပ်ကဖျက်ဆီးနေတာ။
နှစ်ပေါင်း (၆၀)လောက်ရှိပြီဗျ။
ဒီကနေ့ မြန်မာပြည်ကို ဖျက်ဆီးနေတာက ဘယ်သူလဲဆိုတာ အားလုံးသိတယ်။
စစ်ဝါဒီရဲ့ဆိုးကျိုးကြောင့်ဖြစ်တာ။ ကျွန်တော်တို့နိုင်ငံဟာ တစ်ချိန်က ချမ်းသာတဲ့နိုင်ငံ၊ တိုးတက်တဲ့နိုင်ငံ၊အာ
ရှမှာ ဘယ်သူမှလိုက်လို့မမီတဲ့ နိုင်ငံ။
အခုဟာက တိရစ္ဆာန်ဘ၀ ရောက်ရတယ်။ တိရစ္ဆာန်တွေလို ကျွန်တော်တို့ တိုင်းရင်းသားတွေကို ငါမကြိုက်
ရင် ငါသတ်မယ်၊ ငါရိုက်မယ်။ သူတို့လည်း လူ မဟုတ်ဘူးလား။
အခုလည်း ကျွန်တော် တို့အပေါ် နည်းမျိုးစုံနဲ့ဟန့်တားတာတွေ လုပ်တယ်။ ကျွန်တော်တို့ပြောထားပြီးပြီပဲ။ ငြိမ်းချမ်းရေးဆိုတာ နှစ်ခါမရဘူး။ တစ်ခါပဲ ရမယ်။
ကျွန်တော်တို့ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေတဲ့ကာလမှာ ခင်ဗျားတို့ လည်း ဒီပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေ
ပေါ့ဗျာ။
ဦးဇော်မင်းတို့၊ ဦးအောင်လွင်တို့ကို ကြိုပြီးပြောချင်တယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုပြီးလုပ်တယ်။
သူတို့က ကျွန်တော် တို့ပြည်နယ်မှာ ပြည်သူတွေ ကရင်လူမျိုးတွေကို တားဆီးတယ်၊ ပိတ်ပင်တယ်၊ ခင်ဗျား
တို့အဖွဲ့အစည်းတွေက ကားတွေကို အခွန်အတိအကျဆောင်တာတောင် အလွယ်တကူ မရဖြစ်နေတယ်။
အဲဒါက ဘာလည်းဗျ။
ဒီလိုပြောနေတာက နေရာတိုင်းမှာ မမျှတလို့၊ မတရားလို့ပြောနေတာ။
နောက်ဆိုဗျာ အစိုးရအကြီးအကဲ တွေကိုသိအောင် ဒီငြိမ်းချမ်းရေးကို မပျက်ဆီးစေချင်ဘူးဆိုရင် သူ့ဘက်
ကိုယ့်ဘက် မျှတအောင်လုပ်ပေးဖို့ပြောချင်တယ်။
ငြိမ်းချမ်းရေး ရှိ/မရှိတော့ မသိဘူး။ အခု ကျွန်တော်တို့နယ်မြေထဲကို (BGF) တပ်ဖွဲ့တွေ လက်နက်ကြီးတွေနဲ့
ဝင်လာတယ်။
ပြည်သူတွေက အထိတ်တလန့်ဖြစ်ပြီး စိုးရိမ်နေကြရတဲ့အခြေအနေ ရောက်နေတယ်။
BGF ဆိုတာလည်း တကယ်တော့ အစိုးရတပ်ပဲဗျ။ ဒါ ကျွန်တော်တို့ပြည်သူတွေကို ရန်စတာပဲ။
ငြိမ်းချမ်းနယ်မြေမှာ အခုလို စစ်တပ်က ၀င်လာပြီဆိုကတည်းက ပြည်သူတွေ အထိတ်တလန့်ဖြစ်နေပြီ။
နယ်မြေမအေး ချမ်းတော့ဘူးလေ။
ကျွန်တော်တို့ပြည်သူတွေကို နှိပ်စက်ရင် ကျွန်တော်ကတော့ သူတို့ကိုအကာအကွယ်ပေးရတော့မယ် လို့ပဲ
ကျွန်တော်ကတော့ တည့်တည့်ပြောချင်တယ်။
စိုးဝင်းနိုင်
Copy from http://www.hotnewsweekly.com/node/691