• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 21, 2013

တပ်ချင်ရာတပ်လို့ရတဲ့ ခေါင်းစဉ်

ကာတွန်းစောငို – ဗုံးတို့၏ မာယာ
 အောက်တိုဘာ ၁၈၊ ၂၀၁၃


တပ်ချင်ရာတပ်လို့ရတဲ့ ခေါင်းစဉ်

ရန်လင်းအောင်၊
အောက်တိုဘာ ၂၁၊ ၂၀၁၃

ဖွဲ့စည်းပုံ ပြင်ဖို့ပြောသံ တစ်လုံး
ပေါက်ပြန်ပြီး ဗုံးတစ်လုံး

ငြိမ်းချမ်းရေး ရေးဖို့ ဆိုသံတစ်လုံး
ခွဲပြန်ပြီး ဗုံး တစ်လုံး ပြီးတစ်လုံး
ဒါနဲ့ . . . ဒါနဲ့ . . . ဟာ ဒါပါပဲ

မူလအသံလည်း ထွက်မရ
မူကွဲအသံလည်း ထွက်မလာ
ကြားကြားသမျှ ညှော်လို့ ညှီလို့
မိုးလင်းတိုင်း သတင်းနာကျလို့
ဘယ်မှမရောက်တဲ့ခရီးကို ကျောချင်းကပ်လို့
လမ်းနာမည်တော့ မေးမနေပါနဲ့ ဆိုတော့
တိုက်တိုက်ဆိုင်ဆိုင် မီးဝင်မီးထွက်ကြီးဗျာနော့

သန်လျက်တော်သူခိုးခေတ်က ပိုးမသေသေးဘူးဟ ! ! !
ဘယ့်နှယ် ဒီမို က ဘယ်နားသွားပြီး
ကရေစီ တော့မလဲ ကိုယ့်လူတို့ရယ် . . . . ။ ။

ရန်လင်းအောင်၊
အောက်တိုဘာ ၂၁၊ ၂၀၁၃

 Copy from
http://moemaka.com/archives/38829