• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, October 26, 2013

ရှင်ကာကူကျွန်းအနီး ဂျပန်က ကြည်း၊ရေ၊လေ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်မည်


ရှင်ကာကူကျွန်းအနီး ဂျပန်က ကြည်း၊ရေ၊လေ၊ 

ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်မည်

ဂျပန်နိုင်ငံသည်တရုတ်နိုင်ငံ နှင့်ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရှင်ကာကူကျွန်းအနီး စစ်သည် ၃၄,၀၀၀ ခန့်ပါဝင်
သည့် ကြည်း၊ ရေ၊လေ၊ ပူးပေါင်းစစ်ရေးလေ့ကျင့် မှုတစ်ရပ်ကို နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်ထိပြုလုပ်သွားမည်ဟု
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ (အောက်တိုဘာ ၂၄) တွင် ထုတ်ပြန်ကြေညာသည်။

စစ်ရေးလေ့ကျင့်မှု၏ရည်ရွယ်ချက်မှာ ဂျပန်ပိုင်ကျွန်းများကို ကာကွယ်စောင့်ရှောက်နိုင်ရန် “actions in defending is Lands”ဖြစ်သည်ဟုဆိုသည်။ ရှင်ကာကူ ကျွန်းကိုတရုတ်နိုင်ငံပိုင်အဖြစ် တရုတ်ကအစဉ်တစိုက်ပြောဆို လျက်ရှိ
သော်လည်း၊ ဂျပန်နိုင်ငံက သူတို့၏မြေပုံထဲတွင်ထည့်သွင်းရေးဆွဲထားသဖြင့် တရုတ်နိုင်ငံနှင့်ပိုင်ဆိုင်မှုအငြင်းပွားမှု
ပြင်းထန်လျက်ရှိပြီး၊ နှစ်နိုင်ငံရေတပ် သင်္ဘောများအကြားမကြာခဏ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လျက်ရှိသည်။

ဂျပန်နိုင်ငံသည် ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁၁ ရက်နေ့က အဆိုပါကျွန်းများကိုဂျပန်ပုဂ္ဂလိကစီးပွားရေးသမားတစ်ဦး
ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို ယခင်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဂျပန်ခရီးစဉ်အတွင်း ညှိနှိုင်း
ဆွေးနွေးရန်ကမ်းလှမ်းခဲ့သော်လည်း ဂျပန်ကလက်မခံခဲ့။

ယခု ကြည်း၊ရေ၊လေပူးတွဲ စစ်ရေးလေ့ကျင့်မှုသည်ဂျပန်က တရုတ်ကိုအင်အားပြခြိမ်းခြောက်ခြင်းတစ်ရပ်ဖြစ်
ကြောင်းစစ်ရေး အကဲခတ်များကပြောကြားပြီး အရှေ့မြောက်အာရှဒေသတွင် တရုတ်နှင့်ဂျပန်အကြားတင်းမာမှု
မြင့်မားလာနိုင်သည်ဟုထောက်ပြ ကြသည်။

ယခုပူးပေါင်းစစ်ရေးလေ့ ကျင့်မှုတွင် ဂျပန်နိုင်ငံ၏တိုက် လေယာဉ်၊ တိုက်ခိုက်ရေးရဟပ် ယာဉ်များ၊ ဖျက်သင်္ဘော
များမှ လေကြောင်းပစ်ကူ၊ ရေကြောင်း ပစ်ကူနှင့်တောင်ပေါ်ပစ်အမြောက်ကြီးများက ကျည်စစ်ကျည်မှန်များဖြင့်
လက်တွေ့ပစ်ခတ်စဉ်များပါဝင် လေ့ကျင့်မည်ဟုသိရသည်။

ယမန်နှစ်ကလည်း ဂျပန် သည်အမေရိကန်နှင့်စစ်သည် ၄၇,၀၀၀ပါအာရှဒေသအတွင်း အကြီးမားဆုံးပူးတွဲစစ်ရေး
လေ့ကျင့်မှုတစ်ရပ်ကိုဒေါ်လာဘီလီယံ ချီအကုန်အကျခံလေ့ကျင့်ခဲ့သည်။

ကျော်စိန်
Ref: Press TV

Copy from http://www.hotnewsweekly.com/node/765