Source Photo from http://www.hotnewsweekly.com
နားမလည်နိုင်တော့လို့ပါ
November 14, 2013
Thursday
By မင်းစိုးစံ
သတင်းနဲ့ပတ်သက်လို့ သိနားလည်ထားတာမရှိဘူးလို့ ပြောရမလားမသိပါဘူးဗျာ။
နားလည်ရခက်တယ်ဆိုတာထက် ဘယ်လိုနားလည်ရမလဲဆိုတာကိုတောင် မတွေးတတ်အောင် သတင်းလောက
က ကျုပ်ကိုအူကြောင်ကြောင်ဖြစ်သွားစေလို့ပါ။
သတင်းတင်ပြပေးတဲ့ သတင်းဌာနတိုင်းမှာ သူ့စည်းမျဉ်းစည်းကမ်းနဲ့ သူ့ဂုဏ်သိက္ခာဆိုတာ ရှိကြမှာပါ။
အခုလောလောလတ်လတ် သတင်းတိုလေးတပုဒ်ကို ဘတ်မိလိုက်တော့ စောစောပိုင်းကပြောထားတဲ့ သတင်းစာ
ရဲ့လောကကို နားမလည်နိုင်အောင်ဖြစ်သွားရတဲ့အဖြစ်က ဒီလိုပါ။
မကြာသေးခင်က သတင်းတခုမှာ KNU နဲ့ ဗမာစစ်အစိုးရတို့ ငြိမ်းချမ်းရေးလုပ်တဲ့ နေရာမှာ ၉၉.၉ရာခိုင်နှုန်း အောင်
မြင်မှုရှိတယ်ဆိုတဲ့စကားကို သူပြောတာမဟုတ်ဘူးဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှု
ဆောင် ဖဒိုမန်းငြိမ်းမောင်က အတည်ပြုပြောသွားတယ်ဆိုတဲ့သတင်းကို ဘတ်လိုက်ရပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် အနေနဲ့ ၉၉ဒဿမ၉ ရာခိုင်နှုန်း
အောင်မြင်တယ်ဆိုတဲ့စကားကို ဘယ်နေ့ကပြောသွားတာလဲ။ ဘယ်နေရာမှာပြောတာလဲ။ ဘာကြောင့်ပြောတာ
လဲ။ ဘယ်သတင်းဌာနမှာပြောခဲ့တာလဲ။ ဆိုတာကို ရှာလို့ကိုမတွေ့ဘူး။
ဗမာစစ်အစိုးရကို ယုံတယ်ဆိုတာကိုတော့ ကြားကြားနေရပါတယ်။
မြ၀တီမြို့မှာ ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာနဲ့ ပတ်သက်လို့ RFA ရုပ်မြင်သံကြားအစီအ စဉ်မှာ ပဒို မန်းငြိမ်းမောင်ပြောသွားတာက
ကျွန်တော်တို့ ကရင်အမျိုးသားတွေ လျှောက်လှမ်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဒီသမိုင်းဟာ ကျွန်တော်တို့ရွေးခြယ်ခဲ့
တဲ့လမ်း မဟုတ်ဘူး။
အုပ်စိုးသူလူတန်းစားကနေပြီးတော့ တွန်းပို့လိုက်လို့ ဒီခရီးကြမ်းကို ကျွန်တော်တို့ လျှောက်ခဲ့ကြတာ။
အလားတူပဲ ကျွန်တော်တို့ ကရင်အမျိုးသားတွေနဲ့အတူ တခြားဘ၀တူတိုင်းရင်းသားလူမျိုးများဟာလည်း ဒီနေ့ကျွန်
တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ဒီခရီးလမ်းဟာ ကျွန်တော်တို့တိုင်းရင်းသားတွေရွေးခြယ်တဲ့ ရွေးခြယ်ခွင့် ကျွန်တော်
တို့ ရွေးခြယ်ခဲ့တာမဟုတ်ပါဘူး၊ ဒါကို ကျွန်တော်တို့ ကရင်အမျိုးသားများရော ဘ၀တူတိုင်းရင်းသားများရော ကျွန်
တော်တို့ ပထမဦးဆုံး ပြောကြားချင်တယ်။
ဒါကြောင့်မို့လို့ ဒီဟာကို ကျွန်တော်တို့ကရင့်အမျိုးသားတွေရဲ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှာ ငြိမ်းငြိမ်းချမ်း
နဲ့ဖြေရှင်းနိုင်ဘို့အတွက် ဗမာပြည်လွတ်လပ်ရေးရပြီးကတည်းက ဒီနှစ်ပေါင်းခြောက်ဆယ်ကျော်ခရီးမှာ အုပ်စိုးသူအ
ဆက်ဆက်နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ဘို့အတွက် ကျွန်တော်တို့ကြိုးပမ်းခဲ့တယ်။
အဲဒီလိုပြော သွားတာကိုပဲကြားလိုက်ရပါတယ်။
Hot News အပတ်စဉ်က သတင်းမှာ အခုလို ရေးသားဖေါ်ပြထားပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ဗ
ဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က
“ဒီစကားက ကျွန်တော့်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုက်တာပဲဗျ။
ကျွန်တော်က ကာကွယ်ရေးဦးစီးချုပ်နဲ့ မကြာခဏ သွားသွားပြီးတွေ့တာလည်းမရှိဘူး။
သို့သော် ကျွန်တော်တို့ကရင်တွေမှာ နှစ်ပေါင်း ၆၀လုံးလုံး တိုက်ပွဲဆင်နွှဲလာတယ်။
ယနေ့ငြိမ်းချမ်းရေးအဆင့်နဲ့ ကျွန်တော်တို့သွားနေတယ်။
နောက်ထပ်တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့ ကြိုးစားနေရတယ်။
ကျွန်တော်တို့ ဒီလိုကြိုးစားနေတဲ့အခါမှာ ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်တို့ကို ၃ကြိမ်တွေ့တယ်။
ပြီးတော့ ကျွန်တော်တို့ကိုသူကပြောတာ က ခင်ဗျားတို့ KNU နဲ့ ငြိမ်းချမ်းရေးက ၉၉.၉ ရာခိုင်နှုန်းအောင်မြင်ပါတယ်
ဆိုတာ ပြောတယ်လို့ ကျွန်တော်က ပြန်ပြောပြတော့ ဒီစကားက မန်းငြိမ်းမောင်က ပြောတယ်ဆိုတာဖြစ်ရောဗျာ။ ဒါက ကျွန်တော့်ကို တမင်သက်သက် ပြည်သူတွေ အထင်မှား၊ အမြင်မှားဖြစ်အောင် လုပ်တာပဲ”
ဟု ၎င်းက ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားရေးကိစ္စမို့ ၎င်းအနေဖြင့် မှားယွင်းစွာပြောဆိုခဲ့ခြင်း မရှိပါကြောင်း၊ လိုအပ်ပါ
က ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စိုးဝင်းနိုင်
Copy from http://www.hotnewsweekly.com/node/943
အဲဒီတော့ဗျာ။ ကရင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ အတော်များများလုပ်ထားတဲ့ အဲဒီ Hot News ထဲ
မှာပဲ ရေးသားသူ တဦးတည်းကပဲ အဖေယူစေချင်တဲ့ ငြိမ်းချမ်းရေးကို နှစ်ခါပြန် မယူချင်သူ (KNU ဗိုလ်ချုပ်မြ ရဲ့
သား KNU-KNLA-PC ဗျူဟာမှူး စောနေစိုးမြနှင့် တွေ့ဆုံခြင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလိုမေးမြန်းထားတာကို တွေ့
ရပါတယ်။
Source Photo from http://www.hotnewsweekly.com
ဖဒိုမန်းငြိမ်းမောင်ကပြောတယ်။
ဒီနေ့ငြိမ်းချမ်းရေးဟာ ၉၀.၈ ရာခိုင်နှုန်းအောင်မြင်ပြီဆိုတော့ ဒီအပေါ်ရော ဗျူဟာမှူးတို့အနေနဲ့ ဘယ်လိုသဘော ရ
သလဲ။
အဲဒါလား။
အဲဒါက ကျွန်တော်တို့ ဘက်ကလေ။
ကျွန်တော်တို့ဘက်က ၉၀.၈ တောင်မကဘူး။
၉၉ တောင်ရှိတယ်။
ဒါပေမဲ့ ၁ ရာခိုင်နှုန်းက နိုင်ငံတော်အစိုးရသဘောထားအပေါ်မူတည်တယ်။
သူတို့ဘက်ကမှ သဘောထားမရှိရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြဦးမှာပဲ။
စိုးဝင်းနိုင်
အပြည့်အစုံ လေ့လာလိုချင်တယ်ဆိုလျင်ဖြင့် http://www.hotnewsweekly.com/node/802
ကလောင်ရှင်ကိုယ်တိုင် KNU ကရင်ခေါင်းဆောင် ဗဒို မန်းငြိမ်းမောင်ပြောသွားတာနဲ့ ပတ်သက်ပြီး KNU- KNLA- PC ကဗျူဟာမှူး နေစိုးမြရဲ့ သဘောထားကို မေးခဲ့တယ်လို့နားလည်မိပါတယ်။
ကျုပ်သာ သူ့နေရာမှာဆိုလျင် ဗဒိုပဲ အဲဒီနေ့ အဲဒီအချိန်မှာတုန်းက သတင်းသမားတွေကို ဒီလိုပြောသွားတာ ကြား
လိုက်ရတာပါ။ ဆိုပြီး ကိုယ်ကြားတဲ့အတိုင်း ကိုးဆယ့်ကိုး ဒဿမကိုးကိုး တော့မဟုတ်ဘူး။ ကိုးဆယ် ဒဿမ ရှစ် လို့ပြောတာပါ။ လို့ပြန်ပြောပြရင်းနဲ့ သိချင်တာတွေ ဆက်မေးမိမှာပဲ။
အခုလို ဖြစ်သွားတာနဲ့ပတ်သက်လို့ အပြစ်မြင်တဲ့ အနေနဲ့ ပြောဆိုရေးသားနေတာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျုပ်က သတင်းထောက်တယောက်မဟုတ်ဘူးလေ။ သတင်းဘတ်တဲ့လူ ဆိုတော့ သ တင်း ရေးသားတင်ပြနည်းတွေ နားမလည်ဘူးဗျ။
ကိုယ်မြင်တာလေး ရေးပြမိတာဆိုတော့၊ မှားလျင်လည်း ခွင့်လွှတ်ပေးပါဗျာ။
အားလုံးကို ကျေးဇူးတင် လေးစားပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)