• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, November 20, 2013

အကွဲအပြဲ နဲ့ အတိုက်အခံ


November 20, 2013
Wednesday

အကွဲအပြဲ နဲ့ အတိုက်အခံ

By မင်းစိုးစံ

ခေါင်းစည်းတော့ တပ်ထားလိုက်တယ်။ ဘာရေးလို့ ရေးရမှန်းမသိဘူး။ တကယ်ပြောတာပါ။ အဲဒါမျိုးတွေ ခဏခဏ
ဖြစ်ဖြစ်နေလို့ တခြားသတင်းဌာနတွေကိုသွားလည် ဘတ်ကြည့်။ ပြီးတော့ ကောင်းနိုးရာရာလေးတွေကူးပြီး ပြန်မျှ
ပေး။ အဲဒီလိုလုပ်ဖြစ်တာက များနေတာဆိုတော့ ဘလော့ဂ် မဆောက်ဖြစ်ခင်တုန်းက တွေးထားမြင်ထား ရည်မှန်း
ထားတာနဲ့ အခုလုပ်လိုက်တာနဲ့ တခြားဆီဖြစ်နေလို့ လိပ်ပြာမလုံခဲ့တာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။

ဘလော့ဂ် မရေးခင်တုန်းက ကိုယ်က လိုက်ဘတ်တဲ့လူပေါ့ဗျာ။ ဘာသွားတွေ့မိလဲ ဆိုတော့၊ သတင်းတပုဒ်ထွက်
လာပြီဟေ့ ဆိုတာနဲ့ အိမ်တိုင်းလိုလိုမှာ ထပ်တူသတင်းတွေ ဘတ်ဘတ်နေရတော့ ဘလော့ဂ်ရေးတဲ့ ဆရာတွေကို
အပြစ်မြင်နေမိတယ်။
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ပိုင်အရေးအသားမျိုး မရေးနိုင်လျင်လည်း မရေးနဲ့ကွာ။
မတင်ပြတတ်ရင်လည်း မတင်ပြနဲ့။
ဟိုထဲကသတင်းကို ကူး၊ ပြီးတော့ ကိုယ့်ဘလော့ဂ် ပေါ်ပြန်တင်။
ကိုယ့်အိမ်ကိုလာလည်တဲ့ ဧည့်သည်ကို စော်ကားတာနဲ့ အတူတူပဲ။ လို့ ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာနဲ့ အကုသိုလ်
တွေပွါးခဲ့မိပါတယ်။
ကိုယ်တိုင် ဘလော့ဂ်ရေးတဲ့အခါကျတော့မှ ငါ့မှာကုန်ကြမ်းတွေအများကြီးရှိနေတယ်လို့ ထင်ထားလာခဲ့သမျှ ဘိန်း
စား စီးပွါးရေးလုပ်သလို ဖြစ်နေမှန်းမသိ ဖြစ်နေပါပေါ့လား ဆိုပြီး ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတာ အခုထက်ထိပဲ။

မိတ်ဆွေ ဘိန်းရှူဘူးပါသလား။ ကျုပ် ဘိန်းရှူဘူးတယ်ဆိုလျင် ဘယ်လိုထင်သွားမလဲ။ ဘိန်းသမားတော့မဟုတ်
ဘူး။ ကျုပ်က ထိုင်းဗမာနယ်စပ်မှာနေခဲ့တဲ့လူဆိုတော့ ဘိန်း၊ ချောင်းဆိုးပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေး
ရှူဆေးအမျိုးမျိုး ကဇော်ရည်၊ အရက်၊ဆေးခြောက် အကုန်ချတာ။

ဒီမိုကရေစီခေတ်မှာ ထောင်ကျဘူးတဲ့လူမှ ခေတ်မီသလို မြင်းဆေးရှူဘူးတဲ့သူမှ ခေတ်မီတယ် ဆိုတဲ့စိတ်နဲ့ကိုယ်
လုပ်ချင်တာတွေကိုလုပ်ဘို့ ဒီမိုကရေစီဆိုတာကို ဆွဲထည့်တဲ့လူတွေထဲမှာ ကျုပ်လည်းပါတယ်။ အကုသိုလ်အလုပ်
အကြောင်းပြောရလျင် လျှာတွေ့နေတာနဲ့ ဘိန်းသမား စီးပွါးရေးတွက်ကိန်းအကြောင်းပြောဘို့ မရောက်နိုင်ဘူးဖြစ်
သွားတော့မလို့ပဲ။

ကျုပ်နေတဲ့နေရာက သောင်ရင်းချောင်းနံဘေးက လော်သေထ ဆိုတဲ့နေရာပါ။ အိမ်ခြေများများ စားစားမရှိပါဘူး။
တဲငယ်လေး ၂တဲပဲရှိပါတယ်။ ဘိန်းကို ငါးလို့ခေါ်ပါတယ်။ ဆေးခြောက်ကိုတော့ ဆရာကြီး။ ဒေသတနေရာနဲ့တနေ
ရာ နံမည်ပေးပုံချင်းမတူပါဘူး။ တချို့နေရာမှာ ဆေးခြောက်ကို မုန့် လို့ခေါ်ပါတယ်။ ဘိန်းမရှူခင် လုပ်ရတဲ့ကြိုတင်
ပြင်ဆင်မှုတွေက အများကြီးပဲဗျ။ ပြောင်းလိုတယ်။ ဆေးလိပ်လိုတယ်၊ မီးဖိုလိုတယ်။ ဘိန်းကို စတီးဇွန်းလေးထဲ
ထည့်ပြီး မီးပြရတယ်။ အရည်ပျော်ပြီဆိုမှ အမျှင်ကလေးတွေဖြစ်အောင် လုပ်ထားတဲ့ ကင်းမုန်နွယ်၊ ဒါမှမဟုတ် သ
ပွတ်အူနွယ်တွေထဲက သင့်တော်ရာတခုခုနဲ့ သမအောင်လျောပစ်ပြီး အလုံးလေးတွေလုံး၊ ပြောင်းထိပ်မှာတပ်၊ မီး
ညှိထားတဲ့ ဆေးလိပ်နဲ့ မီးညှိပြီး အသေအခြာကို မှိန်းတာ။ လူ ၁၀ယောက်ကျော် ၁၅ယောက်လောက်ဟာ ဘာသံ မျှမထွက်ပဲ ငြိမ်နေတာ။ အပြင်ဘက်ကနေကြည့်လိုက်လျင်တော့ တဲတတဲလုံး မီးခိုးတွေအူထွက်ပြီး မှောင်မှိုင်းနေ
တာမို့ မီးလောင်နေသလားလို့တောင် ထင်ရတယ်။

အဲဒီမှာ ဘိန်းသမားတွက်ပြီ။ ကိုင်းဖျားကိုင်းနား လုပ်မယ်။ သစ်ခွဲစက် ဆောက်မယ်။ သစ်ခွဲတဲ့လွှဝိုင်းကို ၀ယ်မယ်။
ပြီးတော့ ၀ိုင်းဆရာနဲ့ ရှေ့ဆွဲ ရှာမယ်။ ကိုင်းဖျားကိုင်းနား လို့အခွန်ဆောင်ပြီး အပင်လှဲမယ်။ အပင်မလှဲလျင် ကိုင်း
ဖျားကိုင်းနား ဘယ်မှာသွားရမှာလဲ။ ဟုတ်ပြီ။ ရလာတဲ့ ပျဉ်တွေကို ဘီရိုလုပ်တဲ့လူတွေနဲ့ ရောင်းမယ်။ တောထဲမှာ သစ်ပိုင်းတွေ ရှာတဲ့လူနဲ့ သစ်ဖြတ်တဲ့လူတွေအတွက် ငွေကြိုထုတ်ပေးလိုက်မယ်။ ပြီးတော့ ကိုယ်တိုင်ဘီရိုရောင်း
နိုင်ဘို့အတွက် လက်သမားဆရာရှာမယ်။ ဘီရိုလုပ်တဲ့လက်သမား အစမှာတော့ သုံးဆိုင်းလောက်ပေါ့။ နောက်မှ
ဆယ်ဆိုင်း၊ ဆယ့်ငါးဆိုင်း တိုးလိုက်မယ်။ ၁ရက်ကို ၂ထပ်ဘီရို ဆယ်လုံးထွက်မယ်။ စားရိတ်ငြိမ်း ကိုယ့်အတွက်
ဘီရို၁လုံးကို (သစ်ဘိုး၊ ဆေးဘိုး၊ သံဘိုး၊ ကော်ပတ်ဘိုး၊ ပတ္တာဘိုး၊ လက်သမားခ၊ သယ်ယူပို့ဆောင်ခနှုတ်ပြီး) ငါး
ရာကျန်မယ်။ ဆယ်လုံးဆို တနေ့ငါးထောင် တပတ်မှာ သုံးသောင်းငါးထောင်။ တစ်လဆို သုံးသောင်းငါးထောင်ကို
လေးနဲ့မြှောက်လိုက်လျင် တစ်သိန်းလေးသောင်းဆိုတော့။ နောက်ထပ် သစ်ခွဲစက်တွေထပ်ထောင်မယ်။
ဘိန်းပြယ်သွားတဲ့အချိန်မှာတော့ နေ့စားသွားလုပ်ဘို့ အိပ်ယာက မထနိုင်တော့ဘူး။

အဲဒီလိုပါပဲ တကယ့်တကယ် ကိုယ်တိုင်ဘလော့ပေါ်မှာ စာရေးမယ်လုပ်တော့ ကိုယ့်မှာရှိတဲ့ ကုန်ကြမ်းတွေဆိုတာ
ရေးသင့်တဲ့အကြောင်းအရာတွေနဲ့ မဆီလျှော်တာတွေက များနေတာဆိုတော့ ဘိန်းစားတွက် တွက်မိနေမှန်း ကိုယ့်
ကိုယ်ကိုသိရတော့တယ်။ ဆိုလိုချင်တာကတော့ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ပေါ့ပျက်ပျက်နိုင်လွန်းအားကြီးနေ
တာကိုပါ။

လူတစ်ယောက်က ပြောတယ်၊ စာမရေးတတ်ဘူးဆိုတာ မဟုတ်ဘူးတဲ့။ စာတတ်တဲ့လူတိုင်း စာရေးတတ်ကြပါ
တယ်။ ဆိုပြီးစာရေးပုံကို ရေးပြပါရော။ မစင်စွန့်ချင်တဲ့ အချိန်လေးအကြောင်းရေးပြသွားတာ။ နောက်ဆုံး ယင်လုံ
အိမ်သာဆောက်နည်းတွေကိုသာမက ကျန်းမာရေးကိစ္စတွေအပြင် ၀မ်းနဲ့ပတ်သက်တဲ့ ရောဂါပိုးတွေအကြောင်းကို
ပါ ရေးထားလိုက်တာ တော်တော်ကောင်းတာပဲဗျ။

သူ့မှာက ရေးနိုင်စွမ်းရှိသလို ရေးဘို့ကုန်ကြမ်းကို ဘယ်လိုနေရာမျိုးမှာ ထည့်သုံးရမယ်ဆိုတာ သိနေတာကိုးဗျ။ ကျုပ်လည်း စာရေးဆရာဖြစ်ချင်တာပေါ့။ စာရေးဆရာဖြစ်ချင်လျင်တဲ့ တထိုင်တည်းမှာ အကြောင်းအရာတခုကို
ထောင့်စေ့အောင်ရေးနိုင်ဘို့ဆိုတာ မဖြစ်နိုင်သလို ၀ါကျတွေထပ်ပြီး စာလုံးတွေဖေါင်းပွတတ်တာမို့ စာရေးချင်တဲ့
စိတ်ရှိနေချိန်မှာ စိတ်ရှိသလောက်ရေးထား။ နောက်တကြိမ် ရေးချင်စိတ်ပေါက်လာလျင် ပြန်ရေးလိုက်။ ကြာလာ
တဲ့အခါမှာ အင်မတန်ဘတ်လို့ကောင်းတဲ့ စာအုပ်တအုပ်ဖြစ်သွားမယ်တဲ့။

ကျုပ်လည်း ရေးကြည့်တာပေါ့။ အခုရေးနေတဲ့အကြောင်းအရာက တမျိုး၊ နောက်ပေါ်လာလို့ရေးချလိုက်တဲ့ အဖြစ်
အပျက်က တခြား။ နောက်ထပ်ရေးတဲ့ အကြောင်းလေးကျတော့ တနည်း။ အဲဒီမှာတင် ကိုယ်ရေးတဲ့ အကြောင်းအ
ရာတွေဟာ တခုနဲ့တခုမတူတာတွေ တွေ့ရတယ်။ မတူတာတွေကို စုထားတာဟာ အလှတမျိုးလို့ပြောကြပေမယ့် တကယ်တမ်းကျတော့ ပထမရေးလိုက်တာက ဘုရားတရားအကြောင်း  နောက်ရေးမိတာက ပေါ်တာပြေးရတဲ့အ
ကြောင်း၊ နောက်ထပ်ရေးနေတာက ကျည်ဆံတွေကြားထဲကနေ အသက်လုပြေးရတဲ့အကြောင်း၊ ဆိုတော့ဗျာ တခု
နဲ့တခု ဆက်စပ်ပြီးရေးနိုင်ဘို့ဆိုတာ လွယ်တာမှမဟုတ်တာ။

ဆိုလိုချင်တာကတော့ ကိုယ်တယောက်တည်းကနေ စဉ်းစားလိုက်တဲ့ အကြောင်းအရာတွေ တခုနဲ့တခု မတူတဲ့အ
တွက် အတိုက်အခံတွေဖြစ်ရတယ်။ တရားအကြောင်းရေးတာ ကောင်းတယ်။ ပေါ်တာပြေးတဲ့အကြောင်းရေးတာ
ပိုပြီး စိတ်ဝင်စားဘို့ကောင်းတာကွ။ ဟေ့ ဒီကနေ့ ငြိမ်းချမ်းရေးအကြောင်းပြောနေကြတဲ့အချိန်မှာ ကျည်ဆံတွေ
နဲ့ပြိုင်ပြီးပြေးနေရတဲ့ တိုင်းရင်းသားကလေးငယ်လေးရဲ့အကြောင်းက ပိုပြီးအထောက်အကူဖြစ်တာ။
စသည်ဖြင့်ပေါ့လေ အဲဒီလိုနဲ့ ရေးထားတဲ့ အရာတွေကွဲပြဲကုန်ပြီး ဘာမျှမရေးဖြစ်လိုက်ဘူး။

ကိုယ့်အိမ်ကို တမင်သက်သက်လာလည်သူပဲဖြစ်ဖြစ်၊ မျက်စေ့လည်ပြီး မတော်တဆ ရောက်လာသူပဲဖြစ်ဖြစ်၊ ဒီလူ
ဘာမဟုတ်ကဟုတ်ကတွေ ရေးထားသလဲဆိုပြီး အပျင်းပြေသဘောနဲ့ လာကြည့်ဘို့ရောက်လာသူပဲ ဖြစ်ဖြစ်၊ သူတို့
အတွက် တခုခုတော့ အသစ်တင်မှကောင်းမယ်လေ လို့တွေးမိတာမို့ ကထိန်အမှတ်တရ ရုပ်သံဖိုင်လေးတခုကို
တင်ဆက်ပေးလိုက်ပါတယ်။ ရောက်တုန်းရောက်ခိုက် ကြည့်ရှုအားပေးလိုက်ကြပါဦးလား။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)