• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, November 20, 2013

ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း


ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့်

တွေ့ဆုံခြင်း

Sunday, November 17, 2013

တပ်မတော်အစိုးရလက်ထက် ၂၀၀၂ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံခဲ့ရပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ၂၇နှစ် အုပ်
ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များကို ထုတ်နုတ် ဖော်ပြ
လိုက်ရပါသည်။

 Sunday, November 17, 2013

Voice : ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။

Voice : လွတ်မယ်ဆိုတာ ကြိုသိပါသလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။
ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။

Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေးပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။
အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။

Voice : နိုင်ငံရေးလုပ်ဘို့ ရှိပါသလား။ ပါတီတစ်ခုထောင်ဘို့ ရှိပါသလား။ လွှတ်တော်ထဲကိုဝင်ဘို့ ရှိပါသလား။
UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။
ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲကိုဝင်မှ နိုင်ငံရေး မဟုတ်ပါဘူး။
အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။

Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။
UANW : အမျိုးသားနိုင်ငံရေးပါ။
တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင် လုပ်တာမျိုးတွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေး
နဲ့ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့ဘက်က ပြည်သူအပေါ်မှာ ကူညီပေးနိုင်တဲ့ နိုင်ငံရေးကို ပြောတာပါ။

Voice : တစ်သီးပုဂ္ဂလအနေနဲ့ နိုင်ငံရေးလုပ်လို့ရတယ်လို့ ဆိုလိုတာလား။
UANW : မဟုတ်ပါဘူး။
အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့လူတွေ အများကြီးရှိပါတယ်။
အဲဒါကြောင့်မို့လို့ ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး အကျိုးကျေးဇူး ရလာရင်တော့ လုပ်မှာပါ။
ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်ဖွယ်ရှိတော့ ဝင်ပါစရာ မလိုသေးပါဘူး။

Voice : နိုင်ငံတော် ပုန်ကန်မှုလုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။
အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။
အဲဒီကြောင်းတွေ ပြန်မပြောချင်တော့ဘူး။

Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။
UANW : ဘာမှ မမြင်ပါဘူး၊ နာကြည်းတဲ့ ခံစားချက်လည်း ဘာမှမရှိဘူး။
ဒါပေမဲ့ မမြင်ဘူးဆိုတာ အစိုးရကြောင့် ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။
အစိုးရကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ ဆိုတော့ အစိုးရကို ဘယ်လိုမှ မမြင်ပါဘူး။
နောက်ပြီး အစိုးရသာ မကောင်းခဲ့ရင် ကျွန်တော့် အဘိုးတောင် အပြင်မှာ နေရမှာ မဟုတ်ဘူး။
အစိုးရ သဘောထား ကောင်းခဲ့တာကြောင့် အဘိုးဟာ သာမန်လူတစ်ယောက်လိုပဲ အပြင်မှာ နောက်ဆုံး ထွက်
သက်အထိ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။

Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့အချိန်မှာ ပိုင်ဆိုင်မှုတွေဘယ်လောက် ချိပ်ပိတ်ခံခဲ့ရပါသလဲ။
UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။
ကိုယ်ကိုယ်တိုင် မှန်မှ သူများကို မှန်မှန်ပြောလို့ ရမှာပါ။
နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့နိုင်ငံတွေက ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့ အချိန်မှာ
စာရင်းအင်းနဲ့ နိုင်ငံတော်နဲ့ ပါတီကို ပြန်အပ်ခဲ့ရတာလေ။
နာရီ ဘယ်နှလုံး၊ ကော်ဇော ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။
ကျွန်တော် ပြောနေတာကိုမယုံရင် အခုသက်ရှိထင်ရှားရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ
ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။
တပ်မှူး၊ တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေလေ။
သူတို့တွေတာဝန်ကျရာမှာ ကျွန်တော်တို့ကမိသားစု အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။
အိမ်တစ်လုံးပေးပါ ဆိုပြီး တောင်းခဲ့တာ မရှိဘူး။
သူတို့ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။
သူတို့တွေထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့၊ ဗိုလ်ချုပ်ကြီး ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။
ကားတို့၊ နိုင်ငံခြားပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့ ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊ သူ
တို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

Voice : ပြည်သူတွေကြားမှာ မိသားစုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါသလဲ။
UANW : ပြည်သူတွေကိုတော့ ပြောစရာမလိုပါဘူး။
ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်တဲ့သူတွေရှိတယ်။
သူတို့က မိသားစုကို မလိုမုန်းထား ရှိခဲ့ကြတာလေ။
ရေးကြီးခွင်ကျယ် ပြောနေစရာမလိုဘူး။
ဘယ်နိုင်ငံမှာမဆို ဒီလိုအဆင့်အတန်းနဲ့ နေခဲ့ရတဲ့မိသားစုကို ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေလည်း ရှိ
မှာပဲ။

From left to right: Zwae Ne Win, Kyaw Ne Win and Aye Ne Win, grandsons of the late dictator Ne Win, at their Rangoon home. The latter two were released from prison on Friday.
(Photo: Khin Maung Win / Shwe Inn Thar)
Source Photo from http://www.information.myanmaronlinecentre.com

Voice : ရေးကြီးခွင်ကျယ် ပြောစရာမလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။
UANW : အရေးတယူလုပ်ပြီး ရှင်းစရာ မလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ။
သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။
ဒါကြောင့် ဒီကိစ္စကို အလေးမထားပါဘူး။

Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။
UANW : အခု အစိုးရလက်ထက်မှာ အပေါင်းလက္ခဏာတွေကိုတွေ့ရလို့ ဝမ်းသာပါတယ်။
သို့သော် စနစ်ပြောင်း ခေတ်ပြောင်းလို့ တိုးတက်လာတာလား။
လူ ပြောင်းသွားတာကြောင့် တိုးတက်လာတာလား ဆိုတာ စဉ်းစားကြည့်ဘို့ လိုမယ်။
 နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မှာ ဒီစနစ်ကိုကြိုက်လို့ ဝမ်းသာအားရ ပူးပေါင်းလာတဲ့သူ မရှိပါဘူး။
အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။
ဒါပေမဲ့ စစ်အစိုးရမို့လို့ မကောင်းဘူး၊ တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို လက်
မခံဘူး။

Voice : ဘာလို့ လက်မခံတာလဲ။
UANW : အခု တာဝန်ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့ရင် တိုင်းပြည်ပိုပြီး
တော့ တိုးတက်မယ်လို့ ယူဆလို့ပါ။
ဝန်ကြီးချုပ်ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။
အခြေခံဥပဒေရဲ့ထိန်းချုပ်ခြင်းကို မခံရဘူးလေ။
သူ အခုအချိန်ထက် ကောင်းအောင် လုပ်လို့ရတယ်။
အခုက ဘာပဲလုပ်ချင်လုပ်ချင် အခြေခံဥပဒေက ထိန်းချုပ်ထားတာဆိုတော့ ဘာမှလုပ်လို့မရဘူး။
ခေတ်စနစ်ထက်စာရင် တိုင်းပြည်အုပ်ချုပ်တဲ့သူ ပြောင်းသွားလို့ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွား
တာပါ။

Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။
UANW : အဲလိုပြောလို့ မရပါဘူး။
လူနဲ့ စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။
တိုင်းပြည် စပြီးထူထောင်ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ သမ္မတ ကောင်းကောင်း လိုအပ်တာပါ။

 Copy from http://www.MyanmarExpress.net