• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, November 23, 2013

ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်


ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

25 October 2013

By ရိုးရာလေး

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ကျော်ဆိုတော့ ဗမာကျပ်ငွေ ၁သိန်းဝန်းကျင်တန်ဖိုးရှိမယ့် ပစ္စည်းလေး
ဖြစ်ပါတယ်။
Biolite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက်လျှင် ရေကျိုချက်လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရ
မှာ ဖြစ်ပါတယ်။
သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။
အိုင်ဖုန်း ဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ရပါတယ်။
ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄မိနစ်ဝန်းကျင်ပဲကြာပါတယ်။


ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။
ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။
လောင်နိုင်တဲ့ ဘယ်လိုလောင်စာအမျိုးအစားကိုမဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ်ပါတယ်။


အဲဒီမီးကနေ အပူထွက်မယ်။
အဲဒီမီးအပူကို သာမိုအလက်ထရစ် ဂျန်နရေတာ က ဆွဲယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးပါမယ်။
အဲဒီလျှပ်စစ်ဓာတ်အား က USB ပေါက်ကနေ Apple တို့ Gadget တိုင်းကို အားသွင်းလို့ရမှာ ဖြစ်ပါတယ်။
Android အတွက်လည်း ရှိတယ်လို့ ဆိုပါတယ်။
ဖုန်းတင်မကပဲနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကိုလည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://biolitestove.com

အောင်ခမ်း ( ရိုးရာလေး )
Copy from http://www.yoyarlay.com/science-tech/electronic/38420-biolite-stove

 


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒက္ခသည်တဦး)