ဗမာပြည်က ဗမာတွေ ဘာကြောင့် အစော်ကားခံနေရတာလဲ။
ဘယ်သူအသုံးမကျတာလဲ။
အသုံးမကျတဲ့လူတွေ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေမှတော့ အစော်ကားခံရတာ နည်းတောင်နည်းသေးတယ်။
ခေါင်းမရှိတဲ့ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရှိနေသမျှ တိုင်းပြည်ကတော့ စုတ်ခြာမြဲ စုတ်ခြာနေမှာပါ။
ကာတွန်းက ဘာကိုဆိုလိုသလဲဆိုတာ စာရှုသူတွေအားလုံးသိပါတယ်။
တရားဥပဒေ စိုးမိုးမှုရှိတဲ့နိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီစနစ်နဲ့ရွေးကောက်လိုက်တဲ့ ခေါင်းဆောင်တွေကြောင့်
ဘယ်နိုင်ငံက ဘယ်လိုလူမျိုးမှ အရမ်းကာရော အိုးနင်းခွက်နင်းကျူးကျော်ဝင်ရောက်နေထိုင်လို့ မရသလို တရားဝင်
နေထိုင်ခွင့်ရှိသွားပြိဆိုလျင်လည်း ချမှတ်ထားတဲ့ဥပဒေအရ ဘယ်သူက ဘယ်သူ့ကိုမျှ ခွဲခြားဆက်ဆံလို့မရပါဘူး။
အခုတော့ ကိုယ့်နိုင်ငံမှာလည်း လာနေသေးတယ်၊ ကိုယ့်လူမျိုးကိုလည်း လူရာမသွင်းဘူးဆိုတော့၊ အဲဒါ ကျုပ်တို့
ညံ့တာ။ ကျုပ်တို့ညံ့ရခြင်းအကြောင်းရင်းက ဗမာစစ်အစိုးရအဆက်ဆက်က ကျုပ်တို့ကို အကြောက်တရားနဲ့ အုပ်
ချုပ်နေတာကို ခံခဲ့ကြရလို့ပဲ။
The Myanmar Times ဆိုက်ထဲကနေ ဗမာပြည်ထဲက ဗမာတွေ ဘယ်လိုလှိမ့်ပိတ်ပြီး အစော်ကားခံနေရသလဲဆို
တာကို အသက်ကြီးလာပြိမို့လို့ လူမုန်းမခံချင်တော့ဘူးဆိုတဲ့ ဆောင်းပါးရှင် မာဂျေရဲ့ January 10, 2013 ရက်စွဲ နဲ့
ရေးထားတဲ့ဆောင်းပါးလေးတပုဒ်ကို အစကနေအဆုံးထိ ကူးယူတင်ပြလိုက်ပါတယ်။
အောက်က ဓါတ်ပုံက ဗမာတွေအများဆုံးနေထိုင်တဲ့ Indiana State, Fort Wayne အ၀တ်လျှော်စက်ရုံက ဗမာ
တွေအတွက်ကပ်ထားခဲ့ဘူးတဲ့ ကျော်ငြာဟောင်းလေးပါ။
မြန်မာများ၊ ခွေးများ မ၀င်ရ
November 22, 2013
Friday
By မာဂျေ
"အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး"
လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ခင်ဗျာ။
"မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။
ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။
ဘာသတင်းထူးမှ မလိုဘူး။
သတင်းဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူးသွားပေးလိုက်"
ဆိုပြီး ပြောလိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့
"ဒီသတင်းက အစ်ကိုကြီးလက်နဲ့ရေးမှ ရမှာ။
သတင်းဂျာနယ်တွေသွားပေးရင် ထူးမခြားနားဇာတ် ဖြစ်မှာစိုးလို့ အားကိုးတကြီးလာခဲ့တာ။
ပြီးတော့ဒီကိစ္စက အရေးကြီးတယ်။
ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စဖြစ်နေလို့"
အဲဒီလို မောင်ဆိတ်သိုးပါးစပ်က မပြောစဖူး ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။
ဒါနဲ့
"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ကိုယ့်လူမျိုးကိုစော်ကားခံရတဲ့ ကိစ္စကြီး။
ငါတို့လူမျိုးကအစော်ကားခံနေ ရတာကြာပါပြီ"
"ဒီလိုဗျ၊ အခု ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။
အဲဒီအထဲမှာ ကိုရီးယားတွေ၊ ယိုးဒယား တွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာတွေ့လို့။
သူတို့က ဒီမှာ အိမ်ကြီးကြီးတစ်လုံးငှားတယ်ဗျာ။
ပြီးရင် သူတို့ဆီကလာတဲ့ တိုးရစ်တွေအတွက် အခန်းတွေဖွဲ့ပြီးငှားစားတယ်။
သူတို့ရုံးက သူတို့လူမျိုးစကားပြန်နဲ့ တစ်နိုင်ငံလုံးလျှောက်လည်တယ်ဗျာ။
သူတို့လူမျိုး ဖွင့်ထားတဲ့ဆိုင်တွေမှာ စားတယ်။
နောက်ဆုံးမတော့ ကျွန်တော်တို့နိုင်ငံမှာ သူတို့ ယိုခဲ့တာတွေပဲ ကျန်ခဲ့တော့တယ်"
"အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီမှတ်ပုံတင်ရုံးတို့နဲ့ ဆိုင်တယ်ထင်တာပဲ။
ပြည်တွင်းက တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွားလမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊ ဒီ
စည်းကမ်းလိုက်နာနဲ့။
ပြည်ပကနေ ပြည်တွင်းကို တရားမ၀င်လာလုပ်နေတဲ့သူတွေကိုတော့ ဖမ်းဖို့ ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှမရှိဘူး
ထင်ပါတယ်ကွာ။
ဗိုလ်တထောင်ဘိုးဘိုးကြီးနတ်ကွန်းမှာ ယိုးဒယားတိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီးပွဲတင်ပေးနေတာတောင် ငါတွေ့ဖူးတယ်။
အောင်မယ် တာဝန်ကျဘုရားလူကြီး ပွဲတင်ပေးတာထက်တောင် စနစ်ကျသေး"
"အဲဒီလိုလုပ်နေကြတော့ ဒီကောင်တွေက အိမ်ငှားခပဲပေးရတာလေ။
ကျန်တဲ့ငွေအားလုံး သူတို့အိတ်ထဲရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခတွေ၊ ကျွန်တော်တို့နိုင်ငံက မနာ
ပေဘူးလား။
ပြည်တွင်းက ခရီးသွားလမ်းညွှန်တွေ မနစ်နာပေဘူးလား"
"တော်စမ်းပါမောင်ဆိတ်သိုးရယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေတောင် မသိချင်ယောင်ဆောင်နေတာ။
ငါတို့က အနေသာကြီး"
"ခင်ဗျားလို နိုင်ငံခြားသား ဘာလုပ်လုပ် အကောင်းထင်နေသူတွေကြောင့် တိုင်းပြည်က ဗိုလ်ချုပ်ပြောသလို ဖာနိုင်
ငံဖြစ်တော့မယ်"
"ဟေ့ကောင် တိုးတိုးပြော။
ငါတို့နိုင်ငံက ဖြစ်နေတာကြာပြီ။
ခုမှ တစ်ရေးလာနိုး မနေနဲ့"
"ဟမ်၊ အဲဒါ ခင်ဗျားတို့လို စာရေးဆရာတွေမှာ၊ မီဒီယာတွေမှာ တာဝန်ရှိတယ်လေ"
"ဘာဆိုင်လို့လဲ၊ အခုမီဒီယာတွေက ပိုက်ဆံရမယ့်သတင်း၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်နာမယ့် သတင်းတွေပဲ
ရေးနေကြတာကိုး။
အဲဒီလိုရေးမှလည်း တွက်ခြေကိုက်တာလေ"
"သွားပါပြီဗျာ၊ နိုင်ငံတော့ စုံးစုံးမြုပ်ပါပြီ"
"ငါ့လာမပြောနဲ့၊ တာဝန်ရှိသူတွေကို သွားပြော။
အင်အားကြီးပါတယ်ဆိုတဲ့ မီဒီယာတွေကို သွားပြော။
ငါက သူတို့ဆီမှာ ကော်လံစားနဲ့စာရေးနေရတဲ့ အဆင့်ပဲရှိတာ"
"ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။
အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ"
"ဒါတော့ ဆိုးတယ်ဟေ့။
သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ ၀င်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ်ချိတ်ခဲ့လို့
အတော်ဆူသွားခဲ့ဖူးတယ်။
ကမ်းနားလမ်းက စထရင်းဟိုတယ်မှာလည်း အရှေ့တိုင်းသားများတည်းခွင့်မပြု ဆိုတဲ့စာကပ်ခဲ့ဖူးတယ်။
အခုက ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံလေကွာ။
ဒီလိုလုပ်လို့ ဘယ်ရမလဲ"
"လုပ်နေကြလို့ ပြောတာပေါ့ဗျ။
တစ်နေ့က ရွှေဂုံတိုင်မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးကဘားကို သူငယ်ချင်းတစ်ယောက်နဲ့ ရောက်သွားတာ။
နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန်စကားပြောတတ်မှ ၀င်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။
ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေက မြန်မာမ ငယ်ငယ်ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထား
တယ်တဲ့။
ပြီးတော့ ဆိုင်အားလုံး ည ၁၁နာရီ ပိတ်ရပေမယ့် မနက် ၂နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ ပိုင်ရှင်က နိုင်ငံခြားသား တဲ့။"
"ဒီသတင်းက ငါ့အတွက် အရေးကြီးသဟေ့"
"ဒီတော့ ခင်ဗျားက မြန်မာများ၊ ခွေးများ မ၀င်ရ ဇာတ်တစ်ပတ်လည်ခြင်းဆိုပြီး ရေးတော့မယ်ပေါ့"
"မရေးပါဘူး၊ ဂျပန်စကားလေး ထမင်းစား ရေသောက်သင်ပြီး အဲဒီဘားက မြန်မာမလေးတွေ ဘယ်လောက်ချော
လဲ သွားကြည့်မလို့။
စားပွဲထိုးကို သုံးသိန်း ပေးခန့်တယ်ဆိုကတည်းက..အဟေ ဟေ.. ဟေ"
"အောင်မယ်လေးဗျာ၊ ကျွန်တော့်မှာတော့ ခင်ဗျားကို အားကိုးတကြီး ပြောလိုက်ရတာ"
"ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့သူတွေတောင် မသိတာလား။
မသိချင်ယောင် ဆောင်နေတာလား။
ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေလုပ်နေကြမှန်းမသိဘဲ ရမ်းရေးလို့ မရပေဘူး။
ငါက အမတ်လည်းမဟုတ်။
တရားဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်းမဟုတ်။
သတင်း ဂျာနယ်ထုတ်ခွင့်ရသူလည်းမဟုတ်နဲ့ ဘာကောင်မှမဟုတ်ဘူးလေကွာ။
အဲဒီအစား ရောတိရောရာ ငါလည်းပါ ဆိုသလို ဂျပန်စကားလေးသင်ပြီး သွားစားတာ၊ ဘားမယ်လေးတွေနဲ့ ပရော
ပရည်လုပ်တာကမှ အနေအစားချောင်မလားလို့ပါ"
လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေထွက်ပြီး
"ခင်ဗျားကြီးတို့လိုလူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာ"
ဆိုပြီး စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။
နို့ မာဂျေပြောတာ ဘာမှားလို့လဲဗျာ။
ကိုယ်က ဘာမှလုပ်လို့ရတဲ့ကောင်မှ မဟုတ်တာ။
မီဒီယာကနေ ရေးပြနေတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကအဖက်လုပ်ပြီး ဘာများအရေးတယူလုပ်လို့လဲ။
အသက်ကြီးမှ သူများအမုန်းတော့ မခံနိုင်ပေါင်ဗျာ။
မာဂျေ
Thursday, 10 January 2013
Copy from http://myanmar.mmtimes.com/index.php/features/3096-2013-01-10-07-29-24.html
ဒီဓါတ်ပုံကတော့ ကွမ်းစားတဲ့ယဉ်ကျေးမှုကို မြတ်နိုးပေမယ့် ပါးစပ်ကိုမထိန်းသိမ်းတတ်တဲ့ ဗမာအချို့အတွက် ထုတ်ထားတဲ့ သတိပေးအမှတ်အသားတစ်ခုပါ။ အဲဒီလိုပေါက်တတ်ကရ အကျင့်ဆိုးကြောင့် Indiana State, Fort Wayne အ၀တ်လျှော်စက်ရုံက There are no Burmese people allowed လို့ ဆိုလိုက်တော့ ဗမာတွေက ဆန္ဒ
တွေပြ အကျိုးသင့်အကြောင်းသင့်ပြောပြလိုက်တော့ ဆိုင်ရှင်ကိုယ်တိုင် တောင်းပန်ရတော့တာပဲ။
တရားဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ ငြိမ်ဝပ်ပိပြားမှုကို တရားဥပဒေနဲ့ထိန်းချုပ်ထားတယ်။
ဗမာပြည်က ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကျတော့ ဆံပင်ညှပ်ခ မကုန်အောင် ခေါင်းမပါတဲ့လူတွေက အုပ်ချုပ်နေ
တာဆိုတော့ ငွေမပေးနိုင်တဲ့လူ ခံပေတော့။ ခေါင်းသာမရှိတာ ငွေကျတော့ ကြိုက်တတ်သား။
အောက်က ရုပ်သံဖိုင်ကတော့ ဆိုင်ရှင်ကနေ တရားဝင်တောင်းပန်လိုက်တဲ့ ရုပ်သံဖြစ်ပါတယ်။
ခေါင်းမရှိတဲ့လူတွေ ခေါင်းဆောင်နေတဲ့ ပြည်ထောင်စု ဗမာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်း
ရင်းသားလုပ်သားပြည်သူအပေါင်း နိုင်ငံခြားသားများ စော်ကားခံရခြင်းမှ အမြန်ဆုံးကင်းဝေးလွတ်မြောက်ကြပါစေ
လို့ ဆုတောင်းလျင်ကောင်းမလား။ ခေါင်းမရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့လူတွေ လုပ်ပိုင်ခွင့်အားလုံးဆုံရှုံးပါစေလို့ ဆန္ဒ
ပြုလိုက်ရမလား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)