ကုမ္ပဏီတွေ မြေလိုက်သိမ်းရုံမက
လယ်သမားပါးစပ်ထဲက
ထမင်းလုတ်ပါ လိုက်လုနေဟု
ဦးအောင်သိန်းလင်းဝေဖန်
November 29, 2013
Friday
လယ်သမားများ၏လယ်ယာ မြေများမှတ်ပုံတင်နိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းဌာနများက ဆောင်ရွက်ပေး
နေသည်ဟုဆိုပါ သော်လည်း စီးပွားရေးလုပ်ငန်း ကုမ္ပဏီများက လယ်ယာစိုက်ပျိုး ထုတ်လုပ်သူလယ်သမားများ
လယ်ယာမြေမှတ်ပုံတင်လျှောက်ရန် လုပ်ဆောင်နေသည့်နည်းတူ ပုံစံ(၁) လျှောက်ထားခြင်းများလုပ်ဆောင်နေ
သည်မှာ ဆင်းရဲသားလယ်သမားများ၏ပါးစပ်မှ ထမင်းလုတ် ကိုကုမ္ပဏီများနှင့်သူဌေးများက လိုက်လုနေသည့်အ
သွင်ဖြစ်နေကြောင်းကော်မရှင်အဖွဲ့ခွဲ (၁)မှ ဦးအောင်သိန်းလင်းက ဝေဖန်ပြောကြားသွားခဲ့သည်။
“ကုမ္ပဏီတွေအနေနဲ့လယ် သမားတွေပါးစပ်ထဲက ထမင်း လုတ်ပါလိုက်လုနေသလိုဖြစ်နေတယ်။
ခုအခြေအနေက တော်တော်ဆိုးလာပြီ။
ဒီလိုကုမ္ပဏီတွေကို အားပေးအားမြှောက်လုပ်နေသူတွေကလည်း ရှိနေသေးပြန်တယ်ဗျာ။
ခု လယ်သမားတွေအတွက် အာမခံချက်ရဖို့ဆိုပြီး လယ်ယာမြေမှတ်ပုံတင်တွေလုပ်ပေးဖို့ ကျွန်တော် တို့ကော်မရှင်
ကလည်း ဆောင်ရွက်နေတာ။
ခုလယ်ယာမြေမှတ်ပုံတင်တွေလုပ်ပေးနေချိန်မှာ ကုမ္ပဏီတွေကပါဝင်ပြီး ပုံစံ (၁)၀င်လျှောက်တယ်။
ကုမ္ပဏီတစ်ခုဆို ဧက ၅၀၀ကျော်လောက် ဘာလယ်မှမစိုက်ပဲ သာသာလေးရသွားမှာလေ။
ပုံစံ (၁)တို့ဘာတို့ဆိုတာ တကယ်လယ်စိုက်ပျိုးနေတဲ့ လယ်သမားတွေအတွက် လယ်ယာမြေပိုင်ဆိုင်မှုနဲ့
ပတ်သက်ပြီး အာမခံချက်အပြည့်အ၀ရဖို့လုပ်ပေးတာ။
ကုမ္ပဏီတွေနဲ့ ဘာမှမဆိုင်ဘူး။
ကုမ္ပဏီတွေ ပုံစံ(၁)လျှောက်နေတာ လုံးဝမညီဘူး။
ကုမ္ပဏီတွေနဲ့လုပ်ငန်းရှင်ကြီးတွေက ချမ်းသာပြီးသားလေဗျာ”
ဟု ဦးအောင်သိန်းလင်းကကုမ္ပဏီ အချို့လယ်ယာမြေပုံစံ(၁)လျှောက် ထားနေခြင်းအပေါ်ဝေဖန်ပြောကြား
သွားခဲ့သည်။
လယ်ယာမြေမှတ်ပုံတင်အနေဖြင့် အမှန်တကယ် လယ်မြေစိုက်ပျိုးလုပ်ကိုင်သော လယ်သမားများ၏ ဘဝ
အာမခံချက်အတွက်သာ ရည်ရွယ်လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ကုမ္ပဏီများမှ လယ်သမားများနည်းတူ ပုံစံ
(၁)၀င်ရောက်လျှောက်ထားနေခြင်းအစရှိသည်များမှာ ညီညွတ်မှုမရှိကြောင်းနှင့် ယင်းအခြေအနေများအ
ပေါ် ကော်မရှင်အနေဖြင့်ဆက်လက်စောင့်ကြည့် လျက်ရှိကြောင်း ဦးအောင်သိန်းလင်းက ထပ်လောင်းပြော
ကြားသွားခဲ့သည်။
ခန့်ခန့်(ဒဿနိက)
Copy from http://www.hotnewsweekly.com/node/1016