Thanksgiving dinner
Source photo from http://www.google.com/images
ဘလော့ဂ် မိတ်ဆွေများအတွက် Thanksgiving
November 28, 2013
Thursday
By မင်းစိုးစံ
ဒီနေ့က အမေရိကန်က လူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ်ဆုံစားကြတဲ့ ပွဲတော်ပေါ့။
ရုံးတွေ ကျောင်းတွေ ဈေးဆိုင်တွေ ပိတ်ပြီး မိတ်ဆွေသူငယ်ချင်း မိသားစု လုပ်ဖေါ်ကိုင်ဘက် စသည်ဖြင့် စုပြီး
ပျော်ပျော်ပါးပါး စားသောက်ကြတယ်လို့ပဲ မြင်ပါတယ်။
အစားအသောက်ဆိုတာ လူတွေရဲ့ ကိုယ်ခန္ဓာ(ရုပ်ပိုင်း)အတွက် အာဟာရပဲမဟုတ်ပါလား။ မွေးကင်းစအရွယ်က
တည်းက အခုချိန်အထိ ကျုပ်တို့အတွက် အစားအသောက်ဆိုတာ မစားမသောက်ပဲနေလို့ မဖြစ်ပါဘူး။ အဲဒီလို
ပါပဲ ကိုယ်ခန္ဓာ တစ်ခုတည်း ကျန်းမာရေးပြီးပြည့်စုံနေရုံတင်မကပဲ စိတ်(နာမ်ပိုင်း)အာဟာရ ဆိုတာကလည်း မ
ဖြစ်မနေလိုအပ်ကြပါတယ်။
စိတ်ပျို ကိုယ်နု။ စိတ်ထောင်း ကိုယ်ကြေ။ ဆိုတဲ့ဗမာစကားပုံတွေက အလကားပြောတာမှမဟုတ်တာဗျာ။
လူကြီးသူမ တွေကိုသွားကန်တော့လျင် ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ။ စိတ်သွားတိုင်း ကိုယ်ပါ
ကြပါစေ။ ဆိုတဲ့ ဆုကိုပေးတာကိုက စိတ်အာဟာရ ဆိုတာလည်း အရေးကြီးတာပဲမဟုတ်ပါလား။
ကျုပ်လည်း ကျုပ်ရဲ့ဘလော့ဂ်မိတ်ဆွေတွေကို ဒီလိုနေ့မျိုးမှာ အမှတ်တရ တစ်ခုခုလောက် ကျွေးမွေးဘို့စိတ်ကူးမိ
တာမို့ ဘာများကျွေးရကောင်းမလဲ ဆိုတာ စဉ်းစားနေလာလိုက်တာ၊ အခုထက်ထိ ဘယ်လိုအစားအစာကို ဘယ်
လိုကျွေးရပါ့မလဲဆိုတာ အဖြေမထွက်သေးပါဘူး။
ကျုပ်တူမလေးတွေကတော့ ညနေခင်းကျလျင် ဦးလေးကို လာခေါ်မယ်။ အသားကင်တွေ၊ ဟင်းရွက်တွေ၊ ပြီးတော့
သောက်စရာလေးတွေ စီစဉ်ထားတယ်လို့ပြောထားလို့ အခုစာရေးနေတဲ့အချိန်အထိ ဘာမျှမစားသေးပဲ နေနေတာ
ညနေကျလျင်တော့ အမုန်းကို စားမှာ။
Thanksgiving dinner
Source photo from http://www.google.com/images
ဘာတွေကင်လို့ ဘယ်လိုသောက်စရာမျိုးတွေလဲဆိုတာ အတိအကျမသိသေးပေမယ့် ကြက်ဆင်သားတော့ ပါမယ်
မထင်ဘူး။ ကျုပ်က ကြက်ဆင်သားမစားဘူးဆိုတာ သူတို့သိထားပြီးသား။
ကျုပ်ရဲ့မိတ်ဆွေတွေ ကျုပ်ရဲ့ဆရာတွေ ကျေးဇူးရှင်တွေနဲ့ကျေးဇူးတင်ထိုက်သူတွေအားလုံးအတွက် ကျုပ်ကျွေးမယ့် အစားအစာကတော့ အားလုံးအတွက် အဆင်မပြေနိုင်လျင်တောင် အချို့အတွက်အဆင်ပြေနိုင်ကောင်းရဲ့လို့ ယူဆ
ပြီး စီစဉ်လိုက်တာကတော့ ရုပ်သံဖိုင်လေးတစ်ခုပဲ ဖြစ်ပါတယ်။
စားစရာမဟုတ်ပေမယ့် စိတ်ဓါတ်ခွန်အားတော့ ဖြစ်စေနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
လွန်ခဲ့တဲ့တဲ့နှစ်ပေါင်း ၂၅၀၀ကျော်ကျော်က ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တဦးရဲ့ လေ့လာတွေ့ရှိချက်တွေဟာ ဒီကနေ့အထိ
မဖေါက်မပြန် မှန်ကန်နေတာကို လူအတော်များများက ယုံကြည်လက်ခံနေဆဲဖြစ်ပါတယ်။
အဲဒီ ပုဂ္ဂိုလ်ထူးရဲ့ စကားတွေထဲက အချို့ကို ဘာသာပြန်ပေးထားတဲ့ ရုပ်သံလေးပါ။
ကျုပ်ထင်ထားသလိုမဖြစ်ပဲ မိတ်ဆွေအတွက် လက်ခံနိုင်စရာမရှိတဲ့အပြင် အင်မတန်ခါးသီးတဲ့ အကြောင်းအရာ
သာဖြစ်သွားခဲ့မယ်ဆိုလျင် ကျုပ်ရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်အပေါ် ခွင့်လွှတ်ပေးဘို့ တောင်းပန်ပါတယ်။
ကျုပ်တူမလေး လာခေါ်တော့မှာဆိုတော့ နည်းနည်းလောက်(လူမြင်ကောင်းအောင်) ကြောင်လျှာသီးတို့ အပေါ်ဖုံး
အကျီတွေကို အပုပ်ကောင်ဖြစ်တဲ့ ကိုယ်ပေါ်တင်ရမှာမို့ ခွင့်ပြုပါနော်။
သွားလိုက်ပါဦးမယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)