• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 7, 2013

အချိန်မရှိတော့တဲ့ ကျုပ်


November 08, 2013
Thursday

အချိန်မရှိတော့တဲ့ ကျုပ်

By မင်းစိုးစံ

အစတုန်းကတော့ သွားကျိုးတယ်။ ဆံပင်ဖြူလာတယ်။ အသားအရည်တွေ တွန့်လာတယ်။ အသံတွေ တုံလာ
တယ်။ မျက်စေ့တွေ မှုန်လာတယ်။ နားလေးလာတယ်။ မေ့နေတတ်တယ်။ မိတ်ဟောင်း ဆွေဟောင်းတွေကို ရုတ်
တရက်တွေ့လိုက်လျင် ချက်ခြင်းမမှတ်မိဘူး။ အသက်ကြီးလာတော့ ဒီလိုပေါ့လေဆိုပြီး ပေါ့ပေါ့ဆဆနေလာခဲ့လိုက်
တာ တကယ်တော့ ကျုပ်မှာ နေရမယ့်အချိန်တော်တော်နည်းလာတာကို စာတန်းလေးတွေ့မှ အကြီးအကျယ်တုန်
လှုပ်သွားတယ်။

မိတ်ဆွေတို့မှာရော။ အချိန်တွေအများကြီး ကျန်နေပါသေးသလား။ ကျန်တဲ့အချိန်တွေကို ဘယ်လိုနေရာမျိုးမှာ အ
သုံးချကြမှာလဲ။ အရေးအကြီးဆုံးအရာဆိုတာကိုတော့ လူပုဂ္ဂိုလ်တွေ တဦးနဲ့တဦး သတ်မှတ်ထားတာချင်း ခံယူပုံ
ချင်း တူနိုင်ကြမှာမဟုတ်ပါဘူး။ သို့သော် ကျုပ်တို့အားလုံး သေခြင်းတရားဆိုတာကိုတော့ သေရဲတဲ့လူပဲဖြစ်ဖြစ် မ
သေရဲတဲ့လူပဲဖြစ်ဖြစ် မလွှဲမသွေ ရရှိခံစားကြရမယ်ဆိုတာ အားလုံးအသိပါ။

ဒါဆိုလျင် ကျုပ်တို့ အချိန်ဘယ်လောက်ကြာကြာ နေကြရဦးမလဲဆိုတာ ကိုယ်တိုင်တွက်ကြည့်ကြပါစို့လား။
ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တသက်တာမှာ အရေးအကြီးဆုံးလို့ သတ်မှတ်ခံယူထားတာတွေကို ပြန်ပြင်ချင်တဲ့
စိတ်တွေ ဖြစ်လာမလား။ ပြန်ပြင်မယ်ဆိုလျင် အချိန်မှီသေးရဲ့လား။ အချိန်မရှိတော့ဘူးဆိုလျင် ရှိနေတဲ့ ရနေတဲ့အ
ချိန်တွေကို ဘယ်လိုအသုံးချမလဲ။ စသည်ဖြင့်ပေါ့နော်။

အလှူလုပ်လျင် ကုသိုလ်ရတယ်ဆိုပေမယ့် မလှူကောင်းတဲ့အလှူဆိုတာမျိုး ရှိနေတာကို အခုမှသိရတယ်ဆိုလို့ ရှိ
လျှင် မိတ်ဆွေအနေနဲ့ ကျုပ်ကို ဘယ်လိုမြင်မလဲ။ အဲဒီလိုအလှူမျိုးတွေ ကျုပ်ပေးခဲ့ဘူးတယ်ဆိုလျင် မိတ်ဆွေတို့
ကျုပ်ကို အထင်သေးမှာလား။ ကျုပ်ဟာ လူကောင်းမဟုတ်ပါဘူး။ ကောင်းအောင်ကြိုးစားနေထိုင်နေတဲ့ လူပါဗျာ။

မပေးလှူကောင်းသော အလှူ ၁၀-ပါး။

ပေးလှူသော် ကုသိုလ်မရ။ အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံပွဲတွေမှာ များစွာမှတွေ့ရ
ပါတယ်။
ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံပွဲမှာ ငါလည်းကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်း
တဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသောအလှူကို ပေး
လှူတတ်ကြပါတယ်။
အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒ
ကာ ဒကာမ များ ထိုထိုသောအလှူကို မပေးလှူမိဘို့ တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။
အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။
မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့သော်လည်း သူငယ်ချင်း မိတ်ဆွေများကို ဖိတ်ပြီး
သေရည်သေရက် ဘီယာစသည့်ဖြင့်ပေါ့လေ ပြုလုပ်ကောင်း၊ လှူဒါန်းကောင်း၊ အပြစ်ကင်းသည်ဟု ထင်မှတ်ပြီး ဒါ
နပြုကျွေးမွေးတဲ့ အလှူဒါနကိုပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါး
ရောက်စေတတ်တဲ့ဒါနပါ။
ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဘို့ တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေသူငယ်ချင်း ညီ
အစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူ
ဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။
အဲဒီလို အခကြေးငွေ အကုန်ကျခံပြီး လုပ်လိုက်တဲ့အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါး
ရောက်စေတတ်တဲ့ ဒါနဖြစ်လို့ ထိုထိုသောအလှူဒါနမျိုးကို မပေးလှူမိဘို့ တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။
ယခုခေတ်မှာ အနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေးအလှူ ဆိုတာက မိမိမိတ်ဆွေအပေါင်းသင်းနဲ့ ဘုန်း
တော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေ ဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ။
ပြက္ခဒိန်များ။ ပန်းချီရုပ်များကို ပေးလှူတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။
ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါန
ဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဘို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက်အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှ
မဟုတ် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဘို့အတွက် သေစေနိုင်သောလက်နက်များကို အခမဲ့လုပ်ပေးခြင်း
ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန - အဆိပ်အလှူဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သောအဆိပ်
ဆေးများကိုပေးလှူတဲ့ဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူဆိုတာက တစ်ဦးတစ်ယောက်ကို ချုပ်နှောင်ဘို့ ဒုက္ခ
ဖြစ်စေဘို့ ဆင်းရဲစေဘို့အတွက် လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။

 ၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့
အလှူဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲအလှူဆိုတာက ရောင်းတဲ့(အလေး)က တစ်မျိုး။ ဝယ်တဲ့
(အလေး)က တစ်မျိုး။ (ချိန်ခွင်နဲ့ ဈေးရောင်းသူ)
ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)က တစ်မျိုး။ ဝယ်တဲ့(ပြည်တောင်း)က တစ်မျိုး။ (ဆန်ရောင်းသူများ) ဖြစ်စေဘို့
အတွက် အလေးချိန်ခွင် ပြည်တောင်းများကို ထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကို
ဆိုလိုခြင်းဖြစ်ပါတယ်။

ကဲမိတ်ဆွေ။ မိတ်ဆွေအနေနဲ့ ဒီလိုအလှူမျိုးတွေ ပေးခဲ့ဘူးပါသလား။ မပေးခဲ့ဘူးဘူး ဆိုလျင်တော့ မပေးမိအောင်
သတိထားပါ။ ပေးလှူပေးခဲ့ဘူးပါတယ် ဆိုလျင်လည်း နောက်နောင်မပေးမလှူမိအောင် သတိထားနိုင်ပါစေ ဆိုတဲ့
စေတနာနဲ့ http://www.worldofwisdom.asia/2012/05/blog-post_02.html အဲဒီဆိုက်ကနေ ကူးယူထားတာ
ကို ထပ်ဆင့်တင်ပြလိုက်တာပါ။

အခု စာရေးနေတဲ့ကျုပ်ကတော့ လူကောင်းမဟုတ်တဲ့အတွက် ကောင်းအောင်ကြိုးစားနေဘို့ဘယ်လောက်ပဲ အား
ထုတ်ပေမယ့် အခုထက်ထိ လူကောင်းလို့ဘယ်သူမျှ မပြောကြသေးသလို ကျုပ်ကိုယ်ကျုပ်လည်း လူကောင်းမ ဟုတ်မှန်းသိနေတော့ ဒီစာတန်းလေးကို မြင်တာနဲ့ တုန်လှုပ်ခြောက်ခြားသွားရတာဖြစ်ပါတယ်။

သူတော်ကောင်းတွေအနေနဲ့ကတော့ တည်ငြိမ်နေမယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ အဲဒီတော့ ကျုပ်လိုပဲ
လူကောင်းဖြစ်အောင် ကြိုးစားနေဆဲ မိတ်ဆွေတို့အနေနဲ့ မတုန်မလှုပ် ပြကတေ့တည်ငြိမ်အေးဆေးတဲ့ ဘ၀မျိုး ရ
ရှိနိုင်ကောင်းရဲ့ ဆိုတဲ့ဆန္ဒနဲ့ အောက်က စာတန်းလေးကို ကူးယူတင်ပြပေးလိုက်ရပါတယ်။


ဒီ စာပုဒ်လေးကိုတော့ အခြားတနေရာကနေ ကူးယူဖေါ်ပြလိုက်တာပါ။
လိပ်စာမမှတ်မိတဲ့အတွက် ပိုင်ရှင်အနေနဲ့ ခွင့်လွှတ်ဘို့ တောင်းပန်ပါတယ်။

ကျန်းမာ ချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)