• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 7, 2013

ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ဘို့ ဗမာစစ်တပ် ဆုံးဖြတ်ထား

Source photo from http://www.voanews.com/burmese.com

တပ်မတော်ကလည်း 

ငြိမ်းချမ်းရေးကိုမဖြစ်မနေတည်ဆောက်ရန် 

ဆုံးဖြတ်ထားတယ်

By မင်းဆက်အောင်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၁၆)ဖွဲ့နှင့် အစိုးရအဖွဲ့များ ပထမဆုံးတွေ့ဆုံခြင်းသည် တိုင်းပြည်၏
မိုင်းဝင်နေ့ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြော
သည်။

နိုဝင်ဘာ ၄ရက်၊ ၅ရက် နှစ်ရက်တိုင်တိုင်ပြုလုပ်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ
နှင့်လက်နက်ကိုင်အင်အားစုအဖွဲ့အစည်းများ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးကြသည့်
မြစ်ကြီးနား မနောကွင်း မဂျွယ်ခန်းမ တွင်၎င်းကပြောကြားခဲ့သည်။

ကေအိုင်အေဌာနချုပ်လိုင်ဇာ မြို့တွင်ကျင်းပခဲ့သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကွန်ဖရင့်မှရရှိခဲ့
သည့် ဘုံသဘောတူညီချက်ပါ အချက်၁၁ချက်အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်အ
ဖွဲ့အစည်းများ ပါဝင်သည့်ညှိနှိုင်းရေးကော်မတီနှင့် ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီတို့ တွေ့ဆုံပွဲကို (၂)ရက်ကြာ
ကျင်းပခြင်းဖြစ်သည်။

“ဒီနေ့တိုင်းပြည်ရဲ့ သမိုင်းဝင်နေ့ဖြစ်တယ်။
ပထမဆုံးအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၆)ဖွဲ့နဲ့ အစိုးရအဖွဲ့ တွေ့ဆုံခြင်းဖြစ်တယ်။
ဒါက အခက်အခဲများစွာစိန်ခေါ်မှုတွေကြားက ကြိုးစားရရှိခဲ့တဲ့ အခြေအနေကောင်းတစ်ရပ်ပါ။
နိုင်ငံရေးတွေ့ဆုံမှုအတွက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးကနေ ပထမဆုံးစတင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါ တယ်”
ဟုတက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်များကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က
“တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ရန်အတွက် ဆုံးဖြတ်ချက်ချပြီးဖြစ်ခြင်း
ကြောင့် နိုင်ငံတော်ကို ကိုယ်စားပြုသည့်တပ်မတော်အပေါ်သံသယရှိရန် မလိုအပ်ကြောင်း”
ရှင်းပြသွားခဲ့သည်။

KNU ဥက္ကဋ္ဌစောမူတူးစေးဖော က
“KNU အနေဖြင့်ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ်တဲ့သဘောထား မရှိပါဘူး။
နိုင်ငံရေးပဋိက္ခပြဿနာကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် စစ်ရေးနဲ့လည်းဖြေရှင်းလို့မရပါဘူး”
ဟု ပြောသည်။

လိုင်ဇာညီလာခံတွင် ဘုံသဘောတူညီချက်၌ လက်ထိုးရေးထိုးခြင်းမရှိသေးသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီ(RCSS) မှ ဗိုလ်မှူးကြီး စိုင်းလှက
“တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးဟာ လိုအပ်သလိုနိုင်ငံရေးမူဘောင်များလည်း ရှိ
ရန်လိုအပ်ပါတယ်”
ဟု အပစ်အခတ်ရပ်စဲရးနှင့်ပတ်သက်၍ ပြောသည်။

UNFC မှနိုင်ဟံသာက
“ဖြေရှင်းနည်းမမှန်လျှင် ငြိမ်းချမ်းရေးရဘို့ မလွယ်ပါဘူး။
အာမခံချက်ရှိတဲ့ပုံစံနဲ့ တည်ဆောက်ရန်လိုပါတယ်။
အားလုံးတန်းတူရေးကို အကောင်အထည်မဖော်ဘဲ ညီညွတ်မှုကို မတည်ဆောက်နိုင်ပါဘူး။ တိုးတက်အေးချမ်းချင်ရင် တန်းတူညီမျှဖြစ်ဘို့ လိုတယ်။
မတူညီတဲ့ လူမျိုးဘာသာတွေကို တန်းတူရှိအောင်ဖန်တီးလိုက်ရင် ငြိမ်းချမ်းရေးတည်ဆောက်မှုက မကြာပါဘူး”
ဟု သုံးသပ်သည်။

ချင်းအမျိုးသားတပ်ဦး ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက
“သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ တရားသူကြီးချုပ်နဲ့ နိုင်ငံ
တကာက အနားယူထားကြသည့် ပညာရှင်ကိုယ်စားလှယ်များရှေ့တွင် သက်သေနှင့်ကတိက၀တ် ပြုပေးပြီးမှ အ
ပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှာပါ”
ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၆)ဖွဲ့မှ ကိုယ်စား လှယ်များ၊ ပြည်
ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်
သက်ဆိုင်ရာတာဝန်ရှိသူများ၊ လေ့လာသူများအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂျေဘီနမ်းဘီးယား
နှင့် တရုတ်နိုင်ငံမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာ(၂)ရက်နေ့က လိုင်ဇာ မြို့တွင်ဖွဲ့စည်းခဲ့သော အစိုးရနှင့်ညှိနှိုင်းမည့် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုအဖွဲ့
Nation Wide Cease-Fire Coordination Team (NCCT)၏ မူဝါဒအရ တိုင်းရင်းသားအားလုံး၏ ဘုံသဘောတူ
ညီချက်ကို အစိုးရကလက်မခံပါက တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များအားလုံးက
လက်မှတ်မထိုးရန် သဘောတူထားသည်ဟု သိရသည်။

မင်းဆက်အောင်

Copy from http://www.hotnewsweekly.com/node/884